မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ်တိုက်ဖျက်
ရေးဆောင်ရွက်နေသော ကိုယ့်အားကိုယ်ကိုးအဖွဲ့ (self-help group) များ၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူများ ပါဝင်ဆောင်ရွက်မှု
များပြားလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကိန်းဂဏန်းများ အရသိရသည်။
ယင်းကဲ့သို့ကိုယ့်အားကိုယ်ကိုး အဖွဲ့(self-help group) များ၌အိတ်ခ်ျ အိုင်ဗွီပိုးကူးစက်ခံရသူများပါဝင် ဆောင်ရွက်မှု
ပုံမှန်မြင့်တက်လာပြီး ၂၀၀၈ ခုနှစ်အတွင်း၌ ၆၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။
လက်ရှိပါဝင်ဆောင်ရွက်သူများ၏ ၄၉ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။
ပြည်နယ်နှင့် တိုင်း အလိုက် ကိုယ့်အားကိုယ်ကိုးအဖွဲ့ များ၌ပါဝင်သူများအနက် မန္တလေး တိုင်းမှအများဆုံးဖြစ်ပြီး
၅၁၄၇ဦး ဖြစ်ကာ တစ်နိုင်ငံလုံး၏ ၃၈ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။
တစ်နိုင်ငံလုံး ကိုယ့်အားကိုယ်ကိုး အဖွဲ့များ၌ ပါဝင်ဆောင်ရွက်သူမှာ
၁၃၂၄၇ ဦးရှိပြီး ရန်ကုန်တိုင်း၌ ၂၈၄၆ ဦးရှိကာ တစ်နိုင်ငံလုံး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ကာကွယ်တိုက်ဖျက်ရေး ဆောင်ရွက်နေသော
ကိုယ့်အားကိုယ်ကိုးအဖွဲ့ (self-help group) များနှင့် လက်တွဲဆောင်ရွက်နေသော ပြည်တွင်း၊ ပြည်ပ လူမှုကူညီရေး
အဖွဲ့အစည်း ၁၄ ခုရှိကြောင်းသိရသည်။ Myanmar Positive Group အဖွဲ့သည် မြန်မာနိုင်ငံရှိ ကိုယ့်အားကိုယ်ကိုးအဖွဲ့ (self-help
group) များကြား ပူးပေါင်းဆောင်ရွက်ခြင်း
နှင့်ချိတ်ဆက်ခြင်းတို့ကို တိုးမြှင့်ဆောင်
ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအိတ်ခ်ျ အိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူကို
၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ပထမဆုံး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားသူမှာမူးယစ်ဆေးသွေးကြော
ထဲထိုးသွင်းသူဖြစ်ကာ ၁၉၉၁ ခုနှစ်တွင်တွေ့ရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ကလေး၊ လူကြီးအပါအ၀င်
အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရသူနှင့် အေအိုင်ဒီအက်စ် ဖြစ်ပွားသူစုစုပေါင်း ၂၄၀၀၀၀
ကျော် ခန့်ရှိသည်။
First 11 -
(self-help group) များ၌ အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရသူများ ပါဝင်ဆောင်ရွက်မှု
များပြားလာ




