6
Sep

Sex (ဆက်က်စ်) ဟာ အမျိုးသမီးတွေကို အရွယ်မငယ်ပေမဲ့လဲ ကြက်သရေ ရှိနေစေတယ်

ဟောလိဝုဒ် မင်းသမီးကြီး (ဂျိန်း-ဖေါင်ဒါ) က သူအခုလို နုပျိုနေဆဲ ဖြစ်ရတာဟာ Healthy libido ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လိင်စိတ်ကြောင့်ပါလို့ မကြာသေးခင်က ထုတ်ပြောခဲ့တယ်။ အခု သိပ္ပံပညာရှင်တွေက ဒီအချက်ကို မှန်ပါပေတယ်လို့ သက်သေခံလိုက်ပါပြီ။

“Active sex life (ဆက်က်စ်) ဆက်လက် ရှင်သန်နေတာဟာ အရွယ်ရသူတွေအတွက် သော့ချက်ကျပါတယ်” တဲ့။

University of California San Diego ကာလီဖိုးနီးယား၊ ဆန်ဒီယာဂို တက္ကသိုလ်က သုတေသန လုပ်သူတွေကနေ “အရွယ်အိုစာပေမဲ့ လိင်ဆက်ဆံမှု ဆက်ပြုနေပါရင် Better quality of life ဘဝကလဲ အရည်အသွေး ပိုကောင်းပြီး၊ Healthier and happier ကျန်းမာ-ပျော်ရွှင်ကြရပါမယ်” တဲ့။

အသက် ၆ဝ ကနေ ၈၉ အတွင်းရှိကြတဲ့ အမျိုးသမီးတွေကို လေ့လာမှုပြုခဲ့တာ ဖြစ်ပါတယ်။ အသက်ရလေလေ Sexual activity လိင်ဆက်ဆံမှု နည်းလာလေလေ ဆိုတာလဲ တွေ့ရတယ်။

ဒါပေမဲ့ ပါမောက္ခ Wesley Thompson ကနေပြောတာက “ဒီလိုနည်းပါလာခြင်းဟာ သူတို့ရဲ့ ဘဝအရည်အသွေးအပေါ်ကို သက်ရောက်စေတယ်။ Sexual satisfaction လိင်ဆန္ဒပြည့်ဝမှုဟာ အသက်နဲ့ သိပ်ကြီးမပတ်သက်ဘူး ဆိုတဲ့  အရင်တွေ့ရှိချက်နဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။”

“သူတို့ရဲ့ Sexual activity and functioning လိင်ကိစ္စနဲ့ ဆက်စပ် လုပ်ဆောင်တာတွေရဲ့ အနည်း-အများဟာ အသက်ရလေ နည်းလေ ဆိုတာ မှန်ပေမဲ့ ဘဝရဲ့အရည်အသွေးကို ပြည့်ဝတယ်-မပြည့်ဝဘူးဆိုတာကို သတ်မှတ်ရာမှာတော့ ပြောင်းမသွားကြဘူး။ ဒီအလုပ်ကို အပြုသဘောလို့သာ ဆက်ပြီး သတ်မှတ်ကြတာပါဘဲ။”

ဒီလေ့လာချက်ကနေ ပြောပြတဲ့အချက်ကတော့ အရွယ်ကြီးလာပေမဲ့ Ability to enjoy sex လိင်ကိစ္စအပေါ်မှာ သာယာနိုင်စွမ်း ဆက်ရှိကြတယ် ဆိုတာပါဘဲ။

ဒီအချက်ဟာ အရွယ်ရလာပေမဲ့ ရုပ်ပိုင်းရော၊ စိတ်ပိုင်းမှာ မြင့်မားမှုကို ဆက်ထိန်းထားနိုင်ကြတယ်ဆိုတဲ့ အချက်နဲ့ အတူတူ ဖြစ်တယ်။ “ဒါ့အပြင် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ လိင်ဆန္ဒပြည့်ဝမှုရတယ်လို့ ခံစားမှုဟာ ဘဝရဲ့အရည်အသွေးကို အကဲဖြတ်မှုနဲ့ ဆက်စပ်နေပါတယ်။”

“ကျွန်တော်တို့အနေနဲ့ အကြောင်းနဲ့အကျိုး ဆက်စပ်မှုကိုတော့ မပြောပြနိုင်ပေမဲ့ လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုကို မြင်မြင့်မာမား ထိန်းထားနိုင်ခြင်းဟာ အသက်ရလာပေမဲ့ Psychological aspects စိတ်ပိုင်းဆိုင်ရာမှာ အပေါင်းလက္ခဏာ ဆောင်ဘို့ရာ အားတရပ် ဖြစ်ပါမယ်။”

အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ Jane Fonda (ဂျိန်း-ဖေါင်ဒါ) ကနေပြောလိုက်တာကတော့ “ကျမ လူအများ သိအောင် ပြောမပြသေးတာ ရှိတယ်။ ကျမ ၃ နှစ်လောက်က Testosterone (တက်စတိုစတီရုမ်း) ကို တွေ့လာတယ်။ လိင်စိတ် နည်းလာတာကို ဒီဟာကနေ အရင်လိုဘဲ ဆက်ဖြစ်စေတယ်ရှင့်။”

၁၈ နှစ်ပြည့်မှ ဖတ်ပါ - Sex (ဆက်က်စ်) ဟာ အမျိုးသမီးတွေကို အရွယ်မငယ်ပေမဲ့လဲ ကြက်သရေ ရှိနေစေတယ်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top