ဒီတစ်ခေါက်ရေးခြင်တဲ့ SEX IN THE SINGAPORE (5) မှာက
စင်ကာပူရဲ့ အဓိကကြတဲ့ လိင် ပြဿနာတစ်ခုကို ဆွေးနွေးသွားပါရစေ။ အဲ့ဒါကတော့
ကျောင်းသားများနဲ့ အရွယ်မတိုင်မီ လိင် ဆက် ဆံမှုပါပဲ...
စင်ကာပူက မြေအောက်ရထားထဲမှာ ကားမှတ်တိုင်တွေမှာပါမရှောင်
ကျောင်းသွားစုံတွဲများဟာ ကစ် ဆင်ရိုက်ခြင်း ဟိုနှိုက်ဒီနှိုက်လုပ်ခြင်းများကို ပြုလုပ်ကြပါတယ်။
အလွန်ဆုံးရှိလှမှ တစ်ဆယ့်လေးနှစ် တစ်ဆယ့်ငါးနှစ်ဝန်းကျင်ကလေးတွေပေါ့။
အလယ်တန်း လောက် ပဲရှိဦးမယ်။စင်ကာပူရဲ့ ကျောင်းများမှာ အလယ်တန်းကစပြီး လိင်ပညာပေးကိုစသင်ပါတယ်။
အမှန် တကယ်လည်း သင်သင့်တယ်လို့ထင်ပါတယ်။ အဲ့ဒီအတွက် လူငယ်များဟာ ပိုပြီးပွင့်လင်း
လာကြ ပါတယ်။
အမှန်တကယ်တော့ ဒီလိုပြူ့လုပ်ရင် ဥပဒေအရ
အရေးယူခြင်းခံရနှိုင်ပါတယ်။"ကျွန်မရဲ့သူငယ်ချင်းက ရည်းစားရှိပြီး
အတူတူပါအိပ်ပြီးသွားပြီ"လို့ အသက်၁၆နှစ်အရွယ်ရှိ ကျောင်းသူတစ်ဦးကပြောတယ်။ ပိုပြီးဆိုးရွားလာတဲ့အချက်က
စင်ကာပူ polytechnic ကျောင်းက တစ်ဆယ့်ရှစ်နှစ်ခန့်ကျောင်းသူ တစ်ဦးကလည်း
သူမရဲ့ဘလော့တွင် သူမကိုယ်သူမအခကြေးငွေပေးက လိုသလိုအသုံးခြနှိုင်ကြောင်း ရေး သားထားသည်။
သူမရဲ့ ဘလော့မှာတော့ သူမရဲ့အမေအတွက် ဆေးကုသစရိတ်လို၍ဟု ရေးထား သည်။ကျောင်းသူတစ်ဦးအနေနဲ့
ဒီလိုမလုပ်သင့်တာ အမှန်ပဲ။ ဒါပေမဲ့ သူမဟာ ကျောင်းသူတစ်ဦး ဖြစ် ကြောင်းပါ
ရေးသားခဲ့တယ်။ ငွေကြေးအကျပ်အတည်းက တကယ်ပဲ ကျောင်းသူလေးတွေကို ပြည့်
တန်စာအဖြစ်ကူးပြောင်းစေနှိုင်ပါသလား။ တချို့နိုင်ငံခြားက
ကျောင်းလာ တက်တဲ့ကျောင်းသူလေး တွေမှာ လည်းပြသနာကိုယ်စီရှိတာပဲ။ အချို့ဟာ
ဒီမှာအခြေကြနေပြီးသား လူတွေကို ချိုင်သလို အချို့ က ကျောင်းသားလူငယ်များနဲ့ ပတ်သက်
ကြပါတယ်။ အချို့ကတော့ ကလပ်တွေ၊ ဘားတွေမှာပဲ အချိန်တွေကုန်နေတတ်ပါတယ်။ အချို့က ဗိုက်ထွက်လာမှ
ပြည်တော်ပြန်ပြီး ဖျက်ခြပါတယ်။
"ကျွန်မတို့ ကျောင်းသူတွေဆို အိမ်ငှါးမတင်ခြင်ဘူး
ကျွန်မတို့မရှိခင် ရည်းစားတွေကိုခေါ်အိပ်လို့"ဟု စင်ကာပူမှာ အခြေကြနေတဲ့
မြန်မာအိမ်ထောင်ရှင်မတစ်ဦးက ပြောပါတယ်။ နောက်တစ်ချက်က အလယ်တန်းကျောင်းသား၊ကျောင်းသူနှစ်ဦးဟာ
ကျောင်းဝတ်စုံတွေနဲ့ပဲ ကျောင်းမှာ လက်ထပ်လိုက် ကြတယ်။သူတို့ရဲ့ သူငယ်ချင်းတွေကစောင့်ကြည့်နေကြတယ်။
ပြီးတော့သူတို့ လက်စွတ်ခြင်းလည်း လိုက်ပြီးနောက် ကောင်မလေးကကောင်လေးရဲ့
ရင်ဘတ်ကိုနမ်းလိုက်တယ်လို့ အွန်လိုင်းသတင်းစာ တစ်စောင်မှာဖတ်ရတယ်။ ဒီသတင်းဟာအွန်လိုင်းမှာ
ပျံ့နှန့်သွားတယ်။
"ကျောင်းဝတ်စုံနဲ့ဒီလိုမပြုလုပ်သင့်ဘူးလို့ "သတင်းကိုဖတ်မိတဲ့
ဆရာမတစ်ဦးကပြောတယ်။ ကျွန်မ တို့က ကျွန်မတို့ရဲ့သားသမီးတွေကို သေချာဆုံးမပြီးသားမို့
သူတို့ ကျွန်မနောက်ကွယ်မှာ ဒီလိုမလုပ် ဘူးလို့ကျွန်မယုံတယ်လို့ ကျောင်းသားမိဘတစ်ဦးကလည်းပြော
တယ်။
tarkarshi.sarko
ဇူလိုင် ၁၈ . ၂၀၁၀
Myanmar LGBT
Society-SEX IN THE SINGAPORE (5)




