အမေရိကန်နိုင်ငံ၊ သိပ္ပံပညာရှင်များမှ HIV နှင့် အလားတူ ရောဂါပိုး တစ်မျိုး ဖြစ်သည့် Simian Immunodeficiency Virus (SIV) ရောဂါပိုးကို ကာကွယ်ပေးနိုင်သော ကာကွယ်ဆေး တစ်မျိုးကို မျောက်များတွင် စမ်းသပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း Nature ဆေးသိပ္ပံဂျာနယ်တွင် ထည့်သွင်းဖော်ပြထားသည်။
SIV ရောဂါပိုးသည် HIV နှင့် အလားတူ ရောဂါပိုး တစ်မျိုးဖြစ်ပြီး အဆိုပါ ရောဂါပိုး မ၀င်ရောက်နိုင်ရန် ကာကွယ်ဆေးကို ထုတ်ဖော် စမ်းသပ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးထိုးခဲ့သည့် မျောက်များ အနက် ၅၀% မှာ ရောဂါ ကူးစက်မခံရကြောင်း Oregon Health and Science University မှ သုတေသီ Louis Picker မှ ပြောကြားခဲ့သည်။ လူများတွင် ထိုးနိုင်ရန် လုံခြုံစိတ်ချမှု ရှိအောင် ဆက်လက် စမ်းသပ်သွားမည် ဖြစ်ပြီး လာမည့် ၂ နှစ်အတွင်း ကာကွယ်ဆေးကို လူများတွင် စမ်းသပ် ထိုးနှံကာ သုတေသန လုပ်ငန်းများ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
http://www.businessinsider.com/monkey-siv-vaccine-2013-9




