27
Jun

STDs လိင်ကတဆင့် ကူးစက်ရောဂါတချို့

ဆရာရှင့် နားနဲ့မနာ ဖဝါးနဲ့နာပါဆရာ။ သမီးအမျိုးသားက အခုကျားလိင်အင်္ဂါမှာ အနာဖြစ်ပြီး ပြည်အရည်ကြည်တွေ ထွက်နေပါတယ်ဆရာ။ အဲ့ဒီအရည်တွေက တော်တော်လေး နံပါတယ်ဆရာ။ နောက်ပြီး သူ့အင်္ဂါရဲ့ ဥကလဲ မာမာခဲခဲကြီး ဖြစ်နေပါတယ်ဆရာ။ အဲ့ဒါ စိတ်ပူစရာရှိပါသလားဆရာ။ သိချင်လို့ပါဆရာ။ အရေးကြီးလို့ပါဆရာ။ သူကအခု့ မှာ သင်တန်းတက်နေလို့ သမီးကအခုလိုမေးတာပါဆရာ။ ဖြေပေးပါဦးဆရာရှင့်။

Primary syphilis (ဆစ်ဖလစ်) ပဌမအဆင့်
ကျားလိင်အင်္ဂါမှာ တခုတည်းသော အနာဖြစ်ရင် (ဆစ်ဖလစ်) ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre (ရှန်ကာ) လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် (ဆစ်ဖလစ်) ရှိတယ်လို့ ခေါ်တယ်။ ပါးစပ်၊ စအို၊ အရေပြားတွေမှာလဲ ပေါက်နိုင်တယ်။

ဆေးနည်းများ
• ဆစ်ဖလစ် စောစောပိုင်းအဆင့် = Penicillin G တလုံးထဲ IM ထိုးပါ။ ပနယ်စလင် မတည့်သူကို Doxycycline စားဆေး၊ တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ Tetracycline 500mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်လဲပေးနိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်နေရင် မပေးသင့်ပါ။ Erythromycin 500 mg QID တနေ့ ၄ ကြိမ်၊ ၁၄ ရက်။
• Neurosyphilis အာရုံကြော-ဆစ်ဖလစ်၊ Procaine penicillin 2.4 million units IM တနေ့ ၁ လုံးထိုးပါ။ ဒါ့အပြင် Probenecid 500 mg ကို တနေ့ ၄ ခါသောက်ပါ။ ၁ဝ-၁၄ ရက်ကြာမယ်။ ဒါမှမဟုတ် Crystalline Penicillin G 3-4 million units IV ၄ နာရီခြား၊ ၁ဝ-၁၄ ရက် သွေးကြောထဲထိုးပါ။ ဒါမှမဟုတ် Chloramphenicol 2 Gm နေ့စဉ် ၃ဝ ရက်ကြာသောက်ပါ။ ဒါမှမဟုတ် Doxycycline 200 mg တနေ့ ၂ ကြိမ်၊ ၂၁ ရက်သောက်ပါ။ ဒါမှမဟုတ် Ceftriaxone 1 Gm နေ့စဉ်၊ ၁၄ ရက်။
• ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ(ပင်နစလင်) ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။
• ဆစ်ဖလစ် စောစောပိုင်းအဆင့်အတွက် ၂ဝ၁ဝ သုတေသနတခုမှာ Azithromycin 2-g ပါးစပ်ကနေ တခါတည်း ပေးတာဟာ ထိရောက်တယ်လို့ ဆုံးဖြတ်တယ်။ လူနာမှာ HIV မရှိမှ ထိရောက်မယ်။ ၆ လနေရင် သွေးထဲ ပိုးကင်း၊ မကင်းစစ်တာ ဒီကုသနည်း ၂ ခု မကွာပါ။ Ceftriaxone ၁ဝ-၁၄ ရက်ပေးတာလဲ ဆစ်ဖလစ် အစောပိုင်းဖြစ်တာအတွက် ထိရောက်တာ တွေ့ရတယ်။
• လိင်တူဆက်ဆံသူတွေနဲ့ ကိုယ်ဝန်ဆောင်တွေကိုတော့ Azithromycin မပေးသင့်ပါ။
• ဘေးထွက်-ဆိုးကျိုး Jarisch-Herxheimer reaction ဖြစ်တတ်တယ်။ ဆေးပေးကာစ ၁ နာရီကနေ တရက်အတွင်း ဖြစ်နိုင်တယ်။ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ရင်ခုန်မြန်မယ်။ ချမ်းမယ်၊ အနီပြင်ထွက်မယ်။ ကြွက်သားတွေ နာမယ်။ Aspirin, NSAIDs အနာ-အကိုက်သက်သာဆေးပေးနိုင်တယ်။ (အလာဂျီ) ဖြစ်ရင် Benedryl ပေးနိုင်တယ်။

Gonorrhea ဂနိုးရီးယား
• သာမန်ဂနိုရောဂါ = Ceftriaxone 125 mg IM stat ထိုးဆေးတလုံးထိုးပါ။ ဒါမှမဟုတ် Cefixime 400 mg ဆေးတတောင့်သောက်ပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တတောင့် သောက်ပါ။ ဒါမှမဟုတ် Ofloxacin 400 mg တလုံးသောက်ပါ။ ဒါမှမဟုတ် Levofloxacin 250 mg သောက်ပါ။ ပနယ်စလင်မတည့်သူဆိုရင် Spetinomycin 1 Gm IM ထိုးဆေးတလုံးထိုးပါ။ ဒါမှမဟုတ် Cefpodoxime 400 mg သောက်ပါ၊ ဒါမှမဟုတ် Levofloxacin 250 mg နေ့စဉ်သောက်ပါ။
• ရှုတ်ထွေးသော ဂနိုရောဂါ = Penicillin G 10 million units IV သွေးကြောထဲ ၅ ရက် ထိုးပါ။ ဒါမှမဟုတ် Ceftriaxone 1 Gm IV သွေးကြောထဲ ၅ ရက် ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ် Levofloxacin 500 mg တနေ့ ၁ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ် Endocarditis (Ceftriaxone) 1 Gm BD IV တနေ့ ၂ ကြိမ်၊ ၃ ပါတ်ထိုးပါ။
• ဂနိုကြောင့် အာခေါင်ရောင်ခြင်း = Ceftriaxone 125 Gm IM ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ ဒါမှမဟုတ် တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။
• အရိုး-အဆစ်-အရေပြား ဂနိုပိုးဝင်ခြင်း = Ceftriaxone 1 Gm IM/IV တနေ့ ၁ ကြိမ်ထိုးပါ။ ဒါမှမဟုတ် Cefotaxime or Ceftizoxime 1 Gm IV တနေ့ ၃ ကြိမ်ထိုးပါ။ ဒါမှမဟုတ် Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက်သောက်ပါ။ ဒါမှမဟုတ် Orofloxacin 400 mg တနေ့ ၁ ကြိမ်၊ ၁၄ ရက်သောက်ပါ။ Chlamydia အတွက်ပါဆေးကုသပါ။

သတိပေးချက်များ
• ဆစ်ဖလစ် ပဌမအဆင့်ရှိသူနဲ့ ပြီးခဲ့တဲ့ ရက် ၉ဝ အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။
• ဆစ်ဖလစ် ဒုတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။
• ဆစ်ဖလစ် တတိယအဆင့် ရှိသူနဲ့ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း လိင်ဆက်ဆံဘက်တိုင်း ဆစ်ဖလစ် ရှိ-မရှိ စစ်ပါ။ လိုအပ်ရင် ဆေးတပြိုင်တည်း ကုသမှုခံယူပါ။
• HIV + Syphilis တွဲနေရင် နောက်ဆေးတွေလိုသေးတယ်။

ဒေါက်တာတင့်ဆွေ

ဒေါက်တာတင့်ဆွေ - STDs လိင်ကတဆင့် ကူးစက်ရောဂါတချို့

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top