လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို အခု Sexually Transmitted Diseases (STDs) နဲ့ Sexually Transmitted Infections (STIs) လို့ခေါ်ပါတယ်။ အရင်ကတော့ Venereal Diseases (VD) လို့ ခေါ်ခဲ့လို့ မြန်မာပြည်မှာ ကာလသားရောဂါလို့ ခေါ်ခဲ့ပြီး၊ ရောဂါ တိုက်ဖျက်ရေး ဌာနတောင် ဒီနာမယ်နဲ့ လုပ်ခဲ့သေးတာ။ ကာလသားဆိုတာ လူပျိုပေါက်ထက်ကြီးပြီး၊ အိမ်ထောင်မကျသေးတဲ့ ယောက်ျားလေး လူရွယ်တွေကိုခေါ်တယ်။
ကာလသားတွေသာ မဟုတ်ပါ၊ မွေးစကလေးတွေကိုကူးတယ်။ ကာလသမီး၊ အမျိုးသမီး၊ မင်းသမီးတွေမှာပါဖြစ်တယ်။
လိင်ကတဆင့်ကူးစက်ရောဂါဖြစ်ဖူးကြတဲ့ နာမည်ကြီးတွေ
1. Paris Hilton ပဲရစ် ဟယ်လတန် = လိင်လမ်းရေယုံ
2. Jasseca Alba ဂျက်ဆီကာ အယ်လ်ဘာ = လိင်လမ်းရေယုံ
3. Britney Spears ဘရစ်တနေ စပီးယား = လိင်လမ်းရေယုံ
4. Jessica Biel ဂျက်ဆီကာ ဘီးလ် = လိင်လမ်းရေယုံ
5. Kristanna Loken ခရစ်တန်နာ လိုလင် = လိင်လမ်းရေယုံ
6. Victoria Becken ဗစ်တိုရီယာ ဘက်ခမ် = လိင်လမ်းရေယုံ
7. Julia Sweeney ဂျူလီယာ ဆွမ်နေး = HPV လိမ်းလမ်းကြွက်နို့
Venereal လို့ ခေါ်တာကလဲ Venus ဗီးနပ်စ် ကနေလာတာပါ။ ကျောင်းသားတွေက သောကြာဂြိုဟ်လို့ သင်ကြရမယ်။ စာဖတ်သူများကတော့ ဗီးနပ်စ်ကို အချစ်နဲ့ အလှကိုကိုယ်စားပြုတဲ့ ရောမနတ်သမီးလို့ သိကြမယ်။
ရောမသာမကပါ၊ ဂရိနတ်သမီး အဖရိုဒိုက်နဲ့ပါ ဆက်စပ်မှုရှိသေးတယ်။ လှလွန်းတယ်လို့ နာမည်ကြီးတဲ့ လက်နှစ်ဖက်ပြတ် ကျောက်ဆစ် ရုပ်ထု Aphrodite of Milos ကို Venus de Milo လို့ ပိုသိကြတယ် မဟုတ်လား။ လှတာမက်တော့ ညစာခက်ဆိုသလို ရောဂါက အတော်ကိုကြောက်ဖို့ ကောင်းတယ်။
ဆေးတွေမပေါ်ခင်ကဆို ကုရာနတ္ထိရောဂါတွေလို့ ထင်မှတ်ခဲ့ရသေးတယ်။ စပိန်ပြည်တွင်းစစ် (၁၈၂ဝ-၂၃) ခေတ်ကတောင် ဒီရောဂါမျိုးဟာ ရန်သူ့ကျည်ဆံလို ကြောက်ဘို့ကောင်းတယ်လို့ ပိုစတာတွေကပ်ခဲ့ကြသေးတယ်။
လိင်ဆက်ဆံရာ အသုံးပြုတဲ့နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ပါ တခြားနေရာတွေမှာပါ ရောဂါ ရတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုဆိုးတယ်။ တကိုယ်လုံးကို ပြန့်တဲ့အဆင့်လို့ ခေါ်တာတွေက အသည်းရောင် (ဘီ) ပိုး၊ လိင်လမ်းရေယုံနဲ့ HIV တွေ ဖြစ်တယ်။
လိင်ကတဆင့်ကူးစက်ရောဂါတွေဆိုတာ -
(၁) Chlamydia trachomatis ပိုးတွေကြောင့်က အဖြစ်အများဆုံးလို့ ပြောနိုင်တယ်။ (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD ကို ရေးထားပါတယ်။
(၂) Gonorrhea ဂနိုရီးယားက ဒုတိယအများဆုံးဖြစ်တယ်။ ရေးထားပါတယ်။
(၃) Syphilis ဆစ်ဖလစ်ကိုလည်း ရေးထားပါတယ်။
(၄) Genital herpes လိင်လမ်းရေယုံကိုလည်း ရေးထားပါတယ်။ ရေယုံဆိုတာ ကိုယ်ခန္ဓာမှာ ဖြစ်တာတမျိုး၊ ပါးစပ်တဝှိုက် ဖြစ်တာတမျိုး။ လိင်လမ်းမှာလဲ ဖြစ်သေးတယ်။ (HSV-2) ဗိုင်းရပ်စ်ကနေဖြစ်တာ။ အရည်ကြည်ဖုတွေဖြစ်တယ်၊ နာတယ်၊ ယားတယ်။ မွေးလာမယ့်ကလေးကိုကူးနိုင်တယ်။
(၅) ဗဂျိုင်းနားရောင်ခြင်းကိုဖြစ်စေတဲ့ (၃) မျိုးထဲမှာ(ဂါ့ဒ်နီရဲလား ဗဂျိုင်နိုက်တစ်)နဲ့ (ကင်ဒီဒိုင်ယေးဆစ်) တွေက လိင်နဲ့ မဆိုင်ပဲ ဖြစ်ပေမဲ့ (ထွိုင်ကိုမိုးနပ်စ်) ကတော့ လိင်ကနေကူးစက်တယ်။
(၆) Chancroid ရှန်ကာ ဆိုတာဖြစ်ရင် လိင်အင်္ဂါမှာအနာ၊ အကျိတ်ပေါ်လာမယ်။ ပေါင်ခြံကအကျိတ်တွေရောင်လာတယ်။
(၇) LymphogranulomaVenereum (LGV) ဆိုတာက တက်စေ့တွေ ရောင်တာပါ။ လိင်အင်္ဂါမှာမနာတဲ့အနာဖြစ်လို့ ဆစ်ဖလစ်နဲ့ မှားတတ်တယ်။
(၈) Genital Warts လိင်အင်္ဂါကြွက်နို့ကိုလည်း ရေးထားပါတယ်။ Human Papillomavirus (HPV) လိင်လမ်းကြောင်း ကြွက်နို့ကနေတချိန်မှာသားအိမ်ဝကင်ဆာ ဖြစ်စေနိုင်တယ်။
(၉) အသည်းရောင် (ဘီ) ကိုတော့ အများကြီးရေးထားပါတယ်။
(၁ဝ) HIV/AIDS ကိုလည်း အများကြီးရေးထားပါတယ်။
ဒီလိုကူးစက်ရောဂါတွေကနေလဲ ဖြစ်နိုင်တယ်။
Pubic Lice သန်း။ Parasites ပါရာဆိုက် ခေါ်တယ်။ ဆီးစပ်မွှေးမှာလဲ ဆံပင်တွေမှာလို သန်းတွေ ရှိနိုင်တယ်။ ပုံစံမတူတတ်ဘူး။ ဒါကြောင့် Crabs ခေါ်တယ်။ ယားမယ်။ ဥတွေအုချတယ်။ ပွါးမယ်။ ကူးမယ်။
Scabies ဝဲ (ယားနာ)။ Mite ခေါ်တယ်။ ဒါပေမဲ့ STD ဟုတ်ချင်မှဟုတ်မယ်။ ယားမယ်။ နီရဲလာမယ်။ ကူးမယ်။
Ring worm ပွေး။ တခြားနေရာကပွေးလဲ ဆီးစပ်နေရာတဝှိုက်မှာ ဖြစ်နေရင် တယောက်ကနေတယောက် ကူးမယ်။
Pelvic Inflammatory Disease (PID) တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း။ လိင်ကတဆင့်ကူးတာဟုတ်ချင်မှဟုတ်မယ်။ အသေအခြာဆေးမကုရင် အမျိုးမီးမှာကလေးမရတာဖြစ်နိုင်တယ်။ ဗိုက်အောက်ပိုင်းနာနေမယ်။
ကိုယ်ပူမယ်။ ဆက်ဆံရင် နာမယ်။ ဆီးအောင့်မယ်။ ကြားရက် သွေးဆင်းမယ်။ လိင်ကတဆင့်ကူးစက်ရောဂါလဲဖြစ်နိုင်တယ်။ ဆက်ဖြစ်၊ ထပ်ဖြစ်ရာကနေ အတွင်းအင်္ဂါတွေ (သားအိမ်ဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ်နဲ့ အတီးအတားကနေရာတွေ) ရောင်တာ ဖြစ်တယ်။ Chlamydia နဲ့ Gonorrhea ကနေလည်းဖြစ်စေတယ်။ ဆီးစပ်နေရာနာမယ်။ တခုခုဆင်းမယ်။ (PID) အမျိုးသမီး တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်းကို ရေးထားပါတယ်။
STDs ဘယ်လိုကာကွယ်မလဲ။ လိင်မဆက်ဆံဘဲနေပါလို့ပြောတာ အမှန်ဆုံးဘဲ။ လက်တွေ့မကျလို့ အကြံကောင်း ပေးတာကိုလိုက်နာပါ။ အဖေါ်ကို ပွင့်ပွင့်လင်းလင်းမေးပါ။ ဆေးစစ်ကြပါ။ (ကွန်ဒွမ်) အမြဲသုံးပါ။
လက္စဏာရှိရင် မြန်မြန် ထိထိရောက်ရောက် ဆေးကုပါ။ (ကွန်ဒွမ်) ကနေအကုန်လုံးကိုမကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) ကနေ Gonorrhea, Chlamydia, HIV နဲ့ Trichomoniasis တွေကိုတော့ ကောင်းကောင်း ကာကွယ်နိုင်တယ်။ Herpes, Syphilis နဲ့ Genital warts တွေကိုတော့ ကောင်းကောင်း မကာကွယ်နိုင်ပါ။ (ကွန်ဒွမ်) မဖုံးတာကိုတော့ မကာကွယ်နိုင်ပါ။ Crabs နဲ့ Scabies တွေကို လုံးဝမကာကွယ်နိုင်ပါ။
ကိုယ်ဝန်ဆောင်ရင် အထူးသတိထားပါ။ စောမွေးတာ-ပျက်တာလဲ ဖြစ်နိုင်တယ်။ အထဲကကလေးကိုထိခိုက်နိုင်တယ်။ အသေမွေးနိုင်တယ်။ အလေးချိန်မပြည့်ကလေးမွေးနိုင်တယ်။ ကလေးမှာမွေးရာပါချို့ယွင်းချက်တွေ ရှိနိုင်တယ်။
အများစုရောဂါတွေက တခါဖြစ်ပြီး၊ ရောဂါပြီးသွားသလို မဖြစ်စေနိုင်ပါ။ ဂနိုးရီးယား၊ ဆစ်ဖလစ်၊ ကလာမိုင်ဒီးယားနဲ့ ထွိုင်ကိုမိုးနပ်စ်တွေကို ဆေးကုရင် ရှိနေတာတွေကောင်းသွားမယ်။ ဒါပေမဲ့ နောက်ထပ်ဖြစ်ရင် နောက်တခါ ဆေးထပ်ကုရလိမ့်မယ်။ ကိုယ်ကဆေးကုပေမဲ့ အဖေါ်ကဆေးမကုရင် ပြန်ကူးလာမယ်။
- Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.htm
- Vaginal itching မိန်းမကိုယ်ယားခြင်း http://doctortintswe.blogspot.com/2014/11/vulvovaginitis.html
- Vulvovaginitis အမျိုးသမီးအင်္ဂါရောင်ခြင်း http://doctortintswe.blogspot.com/2014/11/vaginal-itching.html
- Chlamydia (ကလာမိုင်ဒီးယား) အဖြစ်များဆုံး STD http://doctortintswe.blogspot.com/2014/12/chlamydia-std.html
- STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများအခြေခံ http://doctortintswe.blogspot.com/2014/11/stds-basic.html
ဒေါက်တာတင့်ဆွေ - STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများ အခြေခံ (၂)




