27
Jul

Sunee ပလာဇာရှိ Corner ဘားတွင် Take Care မှ ရန်ပုံငွေ ရှာဖွေပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်



ပတ္တရားမြို့အတွင်းရှိ
လိင်တူဆက်ဆံသူများ ကျက်စားရာ နေရာပေါင်း (၄ဝ) ကျော်သို့ လိင်ဆက်ဆံမှု လုံခြုံစိတ်ချစေသည့်
အကာအကွယ် ပစ္စည်းများကို ဖြန့်ဝေပေးသည့် Take Care အဖွဲ့စီမံကိန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်
အတွက် Sunee ပလာဇာရှိ Corner ဘားတွင် ရန်ပုံငွေ ရှာဖွေပွဲကို ကျင်းပခဲ့ရာ ဧည့်ပရိသတ်ပေါင်း
ခုနစ်ဆယ်ကျော်ထိ တက်ရောက်ခဲ့သည်။ အဆိုပါ အကာအကွယ်ပစ္စည်း ထုတ်တိုင်းတွင် ကွန်ဒုံနှစ်ခု၊
Tube အိတ်တစ်အိတ်နှင့် ညွှန်ကြားချက်များ ပါဝင်သည်။ ရန်ပုံငွေပွဲအတွက် ဝင်ကြေးမှာ ဘတ်ငွေ
(၂ဝဝ) ပေးဆောင်ရပြီး တက်ရောက်သူများအား ယမကာတစ်ခွက်နှင့် ဘူဖေးကို Little Mango စားသောက်ဆိုင်မှ
မှာယူ ကျွေးမွေးခဲ့သည်။

Lucky draw လက်မှတ်များ ဝယ်ယူသူတိုင်း စားသောက်ဆိုင်၊ ဘား၊
ဧည့်ရိပ်သာနှင့် jet Lag treatment အတွက် Culey သို့ သွားရောက်ခွင့် ဘောက်ချာများ ပါဝင်သော
ဆုမဲပေါင်း (၆ဝ) ကံစမ်းခွင့်ကို ရရှိမည်ဖြစ်သည်။ ဖျော်ဖြေရေး အစီအစဉ်အဖြစ် Thai
garage band က တင်ဆက် ဖျော်ဖြေခဲ့သည်။ မီဒီယာလောကမှ Pattaya Gay TV နှင့် Thai
Puan တို့မှ တက်ရောက် ခဲ့ကြသည်။ ဤရန်ပုံငွေ ကောက်ခံပွဲကို TAKE CARE ၏ ဥက္ကဋ္ဌ Len
Unter berger မှ ကြီးမှူး ကျင်းပခဲ့သည်။ ဆက်လက်၍ အထူးဧည့်သည်တော် အဖြစ် ဖိတ်ကြားထားသော
Oscar's ဆိုင်ပိုင်ရှင် David ၏ လေလံပွဲ အစီအစဉ် ကျင်းပခဲ့သည်။

ပတ္တရားမြို့၊
Pratumak လမ်းရှိ Liam's Gallery မှ လှူဒါန်းထားသော ကျောက်ပုံနှိပ်စက် အပါအဝင် ရှေးဟောင်း
အနုပညာ လက်ရာများစွာကို အမြင့်ဆုံးဈေး ပေးစွမ်းနိုင်သော လေလံဆွဲသူများထံ ရောင်းချ
ပေးနိုင်ခဲ့ရာ ကျောက်ပုံနှိပ်စက်မှာ ဘတ်ငွေ (၆ဝဝဝ) ဈေး ရရှိခဲ့သည်။ Take Care စီမံကိန်းအတွက်
ကောက်ခံရရှိငွေ၊ Lucky draw အစီအစဉ်နှင့် လေလံ ရောင်းချငွေများမှ ဘတ်ငွေ (၄၅ဝဝဝ) ထိ
ရရှိခဲ့သည်။

HIV
ရောဂါပိုးနှင့် လိင်ဆက်ဆံခြင်းကြောင့် ရရှိနိုင်သော အခြားရောဂါပိုးများ ပျံ့နှံ့မှုကို
တားဆီးနိုင်ရန် အရေးပေါ် လှုပ်ရှားဆောင်ရွက်ရန် အတွက် Heart 2000 Foundation ၏
Dr.Philippe Seur က ဝေဖန် အကြံပြုခြင်းကြောင့် TAKE CARE စီမံကိန်းကို လွန်ခဲ့သော
(၅) နှစ်ခန့်မှ လှုပ်ရှား ဆောင်ရွက် ခဲ့သည်။ စီးပွားရေး လုပ်ငန်းရှင်ဟောင်း၊ ထိုင်းနိုင်ငံသား
အနည်းငယ်နှင့် ပြည်ပနိုင်ငံသား များဖြင့် TAKE CARE ဟုခေါ်သော အဖွဲ့ငယ် တစ်ခုကို ဖွဲ့စည်းခဲ့ပြီး
ရာသီဥတု အခြေအနေပေါ် မူတည်၍ နှစ်ပတ်မှ သုံးပတ်ထိ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ
အကာအကွယ် ပစ္စည်းမပါဘဲ customer များနှင့် လိင်ဆက်ဆံမှု မရှိစေရန်ဖြစ်သည်။

စတင်ဖြန့်ဖြူးစဉ်
ကာလအတွင်း ဘားများ၊ အနှိပ်ခန်းများနှင့် ဧည့်ရိပ်သာများ အပါအဝင် လိင်တူဆက်ဆံသူများ
ကျက်စားရာ နေရာများစွာသို့ အကာအကွယ် ပစ္စည်းအိတ်ပေါင်း တစ်ထောင်ခန့် အထိ ဖြန့်ဖြူးနိုင်ခဲ့သည်။
ယခု ဤဆောင်းပါးကို ရေးနေသည့် အချိန်အထိ ကွန်ဒုံပေါင်း (၁၂ဝဝဝဝ)ကျော်ကို ဖြန့်ဖြူး နိုင်ခဲ့သည်။
အကာအကွယ် ပစ္စည်းများ ထုပ်ပိုးမှုကို အဖွဲ့ဝင်များ၏ အိမ်တွင် ဆောင်ရွက်ပြီး လစဉ်ပထမနှင့်
တတိယပတ် တနင်္လာနေ့ ညနေ (၆) နာရီတွင် Haward's Guest House တွင် အဖွဲ့ဝင်များ တွေ့ဆုံကြသည်။
TAKE CARE စီမံကိန်းကို လေ့လာ သိရှိလိုပါက www. takecarepattaya.com တွင် လေ့လာနိုင်ပြီး
takecarepattaya@hotmail.com သို့ အီးမေးလ်ဖြင့် ဆက်သွယ်နိုင်သည်။

TAKE
CARE စီမံကိန်း အနေဖြင့် Pattaya Pride နှင့် Jamtien's the Bondi အပါအဝင် အဖွဲ့အစည်းပေါင်း
များစွာမှ ကူညီထောက်ပုံမှုများ ရရှိပြီး Guest House များတွင် လစဉ် ပဟေဠိ ပြိုင်ပွဲများ
ကျင်းပပြီး အဖွဲ့၏ အကျိုးစီးပွားအတွက် လုပ်ဆောင်လျက် ရှိသော်လည်း အဖွဲ့၏ လှုပ်ရှားမှု
အစီအစဉ်များကို ဆက်လက် လုပ်ဆောင် သွားနိုင်ရန် ရန်ပုံငွေများ ထပ်မံလိုအပ်လျက် ရှိသည်။

PINKIE

Vol2 No.94

လျှပ်တစ်ပြက်
-
Sunee ပလာဇာရှိ Corner ဘားတွင် Take Care မှ ရန်ပုံငွေ
ရှာဖွေပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top