29
Apr

Swine Flu ဝက်တုပ်ကွေးအတွက် သတိပေးချက်



Swine Flu လို့ခေါ်တဲ့
ဝက်တွေမှာတွေ့ရတတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ လူတွေကို ကူးစက်ပြန့်ပွားလာတာ
တွေ့ရပြီး လူတွေကို သေစေနိုင်လောက်ပါတယ်။ ဒီဗိုင်းရပ်ကို မက္ကကိုနိုင်ငံမှာ
စတင်တွေ့ရှိရတာ ဖြစ်ပြီး
၂၈-၄-၀၉ နေ့ထိ မက္ကကိုနိုင်ငံမှာ ၁၄၉ယောက် သေဆုံးခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ် ၅ခုမှာ
ရောဂါပြန့်ပွားနေပြီး
၊ရောဂါဖြစ်ပွားသူ
၄၀ဦးခန့်ရှိတယ်လို့ သိရပါတယ်။် စပိန်နဲ့ အင်္ဂလန်တို့မှာလဲ သေဆုံးမှုတွေရှိနေပြီး
နယူဇီးလန်မှလဲ ရောဂါကူးစက်ခံနေရဖွယ် ရှိတယ်လို့ အစောပိုင်းသတင်းတွေမှာ ဖေါ်ပြပါရှိပါတယ်။

 

ခုဆိုရင် Swine
တုပ်ကွေးအရေးပေါ် သတိပေးချက်တွေကို WHO နဲ့ အမေရိကန်တို့က ယနေ့ထုတ်ပြန် လိုက်ပါတယ်။
ရောဂါပြန့်နှံ့မှု အဆင့် ၆ဆင့်ရှိရာမှာ အဆင့် ၃ကနေ အဆင့် ၄အဆင့်ထိ WHO ယနေ့ဘဲ
တိုးမြှင့်လိုက်ပြန်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံး ပြန့်နှံ့ဖို့ အဆင့် ၂ဆင့်သာ လိုတော့တယ်လို့
WHO တာဝန်ခံများက ပြောဆိုပါတယ်။

 

(က) Swine Flu လို့ခေါ်တဲ့ ဝက်တုတ်ကွေးရဲ့
ရောဂါလက္ခဏာတွေကတော့

တုတ်ကွေးရောဂါတိုင်း
ဖြစ်တတ်သည့် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ကိုက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊
ချမ်းခြင်း၊ ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်း၊ အစားပျက်ခြင်းနဲ့ အားယုတ်ခြင်း တို့ကို
ဖြစ်စေတယ်လို့ဆိုပါတယ်။

(ခ)
ကာကွယ်ရန်နည်းများ

(၁)
အခြားဖြစ်နေကျ တုပ်ကွေး ကာကွယ်နည်းများအတိုင်း ကာကွယ်ရပါမယ်။

(၂)
လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပေးပါ။

(၃)
အပြင်မှ ပြန်လာရောက်ပါက အရက်ပြန်သုံးပါ။

(၄)
မိမိ၏ ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့အား ထိခြင်း၊ ကိုင်ခြင်းကို
တတ်နိုင်သမျှရှောင်ပါ။

(၅)
ချောင်းဆိုး၊ နှာချေလျင် တစ်ရှူး၊ လက်ကိုင်ပဝါသုံးပါ၊ သုံးပြီးသားကို စနစ်တကျ
စွန့်ပစ်ပါ။

(၆)
လူများသည့်နေရာများ သွားလာခြင်းကိုရှောင်ပါ။ နှာခေါင်းစီး သုံးပါ။

(၇)
ကိုယ်ပူ ဖျားနာပါက ချက်ချင်း ဆရာဝန်နှင့် ပြသဆွေးနွေးပါ။

(၈)
ရောဂါဖြစ်နေသည့် နိုင်ငံမျာကို ခရီးသွားခြင်း ရှောင်ပါ။

 

(ဂ)
ကုသရန်

ယခုဖြစ်နေသော
ဝက်တုပ်ကွေးသည် ကာကွယ်ဆေးမရှိသေးဘူးလို့ သိရပါတယ်။ ယင်းတုပ်ကွေးသည်
amantadine and rimantadine စတဲ့
ဆေးများကို ခံနိုင်ရည်ရှိပြီး Tamiflu (oseltamivir) or Relenza (zanamivir)
တိုအား စောစီးစွာပေးပါက ရောဂါကို မြန်မြန် သက်သာစေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top