7
Aug

HIV လူနာများ၌ ၀မ်းဗိုက်အဆီ လျော့ကျစေသည့် ဆေးဖြင့် အသည်းအဆီ လျှော့ချနိုင်မည်

HIV ကူးစက်ခံထားရသူ (၃၀) ရာခိုင်နှုန်းမှ (၄၀) ရာခိုင်နှုန်းအကြား တွင် အသည်းအဆီဖုံးလေ့ရှိပြီး ဗိုင်း ရပ်စ်သတ်ဆေး သောက်သုံးနေသူ (၂၀) ရာခိုင်နှုန်းမှ (၃၀) ရာခိုင် နှုန်းတွင်ဝမ်းဗိုက်အဆီများပါ ဖုံးလွှမ်းလာလေ့ရှိသည်။ ၀မ်းဗိုက်အဆီများသူများအတွင် Tesamorelin အမည် ရှိဆေးကို ပေးသွင်းလိုက်ပါက အဆီ များလျော့ကျစေနိုင်သည်။

26
Jul

နယ်စည်းမခြား ဆရာဝန်များအဖွဲ့ ကို ပြည်နယ်အစိုးရ ပြန်လည် ဖိတ်ခေါ်

အခုလို MSF ကိုပြန်လည်ဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက လူတွေဖြစ်တဲ့အတွက် နှစ်ဘက်လုံးမှာ အမှားအယွင်း ရှိမှာပဲဖြစ်ကြောင်း၊ ကူညီရေးအဖွဲ့အားလုံး အထူးသဖြင့် MSF ကို မိမိတို့နဲ့ အတူ ပြန်လည်လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှာ ကူညီရေးဝန်ထမ်းတွေ လုံခြုံရေး အတွက် အာမခံပါကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

25
Jul

Piles (Hemorrhoids) Treatment လိပ်ခေါင်းကုနည်းများ

လိပ်ခေါင်းကို ဆရာဝန်လို့ အခေါ်မခံရတဲ့ ဆေးကုနည်း၊ အာယုဗေဒနည်း၊ ဟိုမီယိုနည်းတွေရှိလို့ ဆရာဝန်တွေသုံးတာ သက်သက်ကိုသာ ရေးပါမယ်။ တခြားနည်းတွေနဲ့ ကုပြီးမှ ဆရာဝန်ဆီရောက်လာသူတွေ မနည်းလှဘူး။ ဆရာဝန်တွေ ကုတယ် ဆိုတာလဲ ဖြစ်နေတာကို သက်သာစေမယ်။ ပိုမဆိုးအောင် အကြံပေးမယ်။ ဖြစ်စေတတ်တဲ့ အခြေခံတွေ မပြင်ရင် ထပ်ဖြစ်နိုင်တာလဲ သတိပြုရမယ်။

23
Jul

HIV ကုသရေးအတွက် အားတက်စရာ သတင်း တစ်ခု

လူနာ ၆ ယောက်ကို ART ဆေးပေးထားတယ်။ နောက်တခါ Romidepsin ခေါ်တဲ့ ကင်ဆာတေးပေးတယ်။ ၅ ယောက်မှာ ပိုးအရေအတွက်က တိုင်းလို့ရတဲ့ အထိတက်လာတယ်။ အဲလိုလုပ်တော့ ပိုးတွေကို T-cells တွေနဲ့ တွေစေနိုင်လာတယ်။ T-cells တွေကနေ တွေ့သိပြီး ဖျက်ဆီးပေးစေနိုင်ဘို့ အတွက် vacc-4x ခေါ်တဲ့ ကာကွယ်ဆေးထိုးပေးတယ်။

1
Jul

AIDS နှင့် အသည်းရောင် ရောဂါကို ရှာဖွေ ကုသ ပေးနိုင်သည့် ကိရိယာများ အီဂျစ် စစ်တပ် တီထွင်

အသည်းရောင်ရောဂါ စီနှင့် AIDS ရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းရောဂါများကို ကုသပေးနိုင်ရန် တီထွင် ထားသော Complete Cure Device အမည်ရှိ ကိရိယာများကို စမ်းသပ်မှုပြုလုပ်ရန် အချိန် ခြောက်လကျော် လိုအပ်နေသေးကြောင်း ဇွန် ၂၉ ရက်တွင် အီဂျစ် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့က ပြောကြားခဲ့သည်။

24
Jun

လိပ်ခေါင်းရောဂါ အမေး၊ အဖြေများ

လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်က ဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး၊ ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။

23
Jun

တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် လာသော ဆေးယဉ်မှုပြဿနာ

“WHO ရဲ့ အခု အစီရင် ခံစာဟာ တစ်ကမ္ဘာလုံးကို အချက်ပေး သံချောင်း ခေါက်လိုက်တယ် ဆိုရင်လည်း မမှားပါဘူး။ အစိုးရတွေ အနေနဲ့ လည်း ဆေးဝါး လုပ်ငန်းကြီး တွေက ဆေးဝါးတွေကို ငွေအတွက် အဓိကထား စမ်းသပ် ထုတ်လုပ်ရတဲ့ အခြေအနေမျိုး မရောက်အောင် ကူညီကြဖို့ လိုပါတယ်။ ဒါမှ ဆေးဝါးသစ်တွေ ထွက်လာမယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ ဘက်က ဆင်းရဲ နွမ်းပါး သူများပါ မကျန် အသုံးပြုနိုင်လာ မယ်” ဟု ဒေါက်တာ ကိုဟန်က သုံးသပ် ပြောကြားသည်။

6
Jun

ကုသမှု (အမေးအဖြေ)

အိတ်အိုင်ဗွီ ရောဂါပိုးကို သေအောင်သတ်နိုင်တဲ့ ဆေးမတွေ့သေးလို့ အပျောက်ကုသနိုင်တဲ့ ဆေးမရှိသေးဘူးလို့ ပြောတာပါ။ ဒါပေမယ့် ခုခံအားကျသွားလို့ ပေါ်လာတဲ့ ရောဂါဝေဒနာ အမျိုးမျိုးကို ပျောက်ကင်းသက်သာအောင် ကုသပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ဥပမာ – တီဘီရောဂါ၊ ဝမ်းလျှောရောဂါ၊ ဦးနှောက်ရောင် ရောဂါ၊ မက်ခရု စတဲ့ ရောဂါတွေကို ကုသနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ အဲဒီဆေးတွေအပြင် အိတ်ခ်ျအိုင်ဗွီပိုးတွေ ခန္ဓာကိုယ်အတွင်းမှာ မပျံ့ပွားအောင် ထိန်းထားနိုင်တဲ့ ဆေးတွေလည်း ရှိပါတယ်။

19
May

HIV ပိုး ဆန့်ကျင်နိုင်သော ပရိုတင်းများကို သြစတေးလျ သန္တာကျောက်တန်းများတွင် တွေ့ရှိခဲ့

သြစတေးလျနိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းလွန်ဒေသမှာ တွေ့ရှိရတဲ့ cnidarins မှာ အဲဒီလို အာနိသင်ရှိကြောင်းကို သြစတေးလျနိုင်ငံ၊ အမျိုး သားကင်ဆာနဲ့ ဗိုင်းရပ်ပိုးဆိုင်ရာ အင်စတီကျုက သူ့မှာပါဝင်တဲ့ ထောင်နဲ့ချီတဲ့ သဘာဝ ပစ္စည်းတွေကို စစ်ဆေး သုံးသပ်ပြီးမှ ယခုလို ကြေညာနိုင်ခြင်း ဖြစ်ပါတယ်။ ဒီပရိုတင်းက HIV ပိုး ကူးစက်ခြင်းနဲ့ ခုခံအားစနစ်ကို ထိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ် နိုင်မှုတွေကြောင့် ကာကွယ်ဆေးများမှာလည်း အသုံးပြုနိုင်ချေ ရှိမရှိကို ဆက်လက် လေ့လာနေကြပါတယ်။

1
Mar

မြန်မာနိုင်ငံက လုပ်ငန်းများ ရပ်ဆိုင်းခံရမှု MSF အံ့အားသင့်

မြန်မာနိုင်ငံ အတွင်းက ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ်တွေနဲ့ ရန်ကုန်မြို့တို့မှာရှိတဲ့ သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့ အတွက် HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု မပေးနိုင်တော့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တီဘီရောဂါ ဝေဒနာသည်တွေလည်း သူတို့ အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါး ကုသမှုတွေ ခံယူလို့ မရတော့ဘူးလို့ ဆိုပါတယ်။

6
Jan

HIV ကို ပျောက်ကင်းသွားအောင် ကုသပေးနိုင်ဖို့ မျှော်လင့်ချက်တွေပေးမယ့် နောက် ထပ် သုတေသန ရလဒ်သစ် တစ်ခု

သုတေသီ တွေက Radioimmunotherapy (RIT) လို့ခေါ်တဲ့ နည်းပညာ ကိုသုံးပြီး ဆေးသောက်ပြီး လူနာများရဲ့ သွေး ထဲမှာ ရှိနေတဲ့ HIV ပိုး ကူးစက် ခံထားရတဲ့ ဆဲလ်တွေကို ဖျက်ဆီးလိုက် ခြင်းဖြင့် HIV ကူးစက် ရောဂါကို ပျောက် ကင်းအောင် ကုသနိုင်ဖို့ မျှော်လင့်ချက် လမ်းစရှိတဲ့ မဟာဗျူဟာ တစ်ခု ဖြည့်ဆည်းပေး လိုက်ပြန်ပါပြီ။ ဒီသုတေသန ရလာဒ်တွေကို မြောက်အမေရိက ဓာတ်ရောင်ခြည် အသင်းကြီး (Radio logi cal Society of North America – RSNA) ရဲ့ နှစ်ပတ်လည် ညီလာခံမှာ တင်ပြ ခဲ့တာ ဖြစ်ပါတယ်။

3
Jan

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၇)

နားနဲ့မနာ ဖ၀ါးနဲ့ နာပါခင်ဗျာ။ ကျွန်တော်ရဲ့ လိင်တံထိပ်ဖူး Glan လို့ခေါ်မယ် ထင်ပါတယ်။ အဲဒီနေရာမှာ အသားဖြူတဲ့ လူကို ခြင်ကိုက်ရင် ဖြစ်တတ်တဲ့ အနီစက်လို အစက် ၃၊ ၄၊ ၅ စက်လောက် ဖြစ်နေပါတယ်။ အနီစက်လေးတွေက အရမ်းလည်း မဖောင်းပါဘူး။ မှဲ့လိုပါပဲ ဆရာ။ အဲတာက ယားလည်း မယားပါဘူး။ ပြည်လည်း မရှိပါဘူး။ နာလည်း မနာပါဘူး။

Follow me on:

Back to Top