24
Dec

စီပိုးရောဂါဝေဒနာရှင် ၃၀ ကို တန်ဖိုးမြင့် ဆေးဝါးများ ကူညီထောက်ပံ့ရန် စီစဉ်

မြန်မာနိုင်ငံတွင် အခြားသော ရောဂါများအတွက် နိုင်ငံ တကာအဖွဲ့အစည်းများမှ လှူဒါန်း မှုများရှိနေသော်လည်း အသည်း ရောင်စီပိုး ရောဂါ အတွက် သုံးစွဲရသော ဆေးဝါးများမှာမူ နိုင်ငံတကာ လှူဒါန်းမှုများ မရှိသေးသည့် အတွက် မိမိတို့အဖွဲ့မှ တတ်နိုင် သည့်ဝန်ဖြင့် စတင်ခြင်းဖြစ်ကြောင်း HIV နှင့် အတူနေထိုင် သူများကွန်ရက် ဥက္ကဋ္ဌ ဦးမျိုးသန့်အောင်က ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

23
Dec

AIDS ဆိုတာဘာလဲ (၈)

ယောက်ျား ပီသလိုက်တာလို့ ယူဆရတဲ့ မင်းသားကြီးက အဲဒီတုန်းက “ဂေးရောဂါ” လို့ လူတိုင်းက ယူဆထားတဲ့ AIDS ရောဂါ ဖြစ်နေပြီး ဆိုတော့ ပိုပြီး အံ့သြကြတာပေါ့။ နောက်ပြီး အဲဒီအချိန်မှာက AIDS ဟာ နာမည်ပျက်၊ အသရေပျက် ရောဂါ ဖြစ်နေတော့ အုတ်အော်သောင်းတင်း ဖြစ်စရာ အကြောင်းတစ်ခု ပိုပြန်တာပေါ့။ သူတက်နေတဲ့ ပဲရစ်မြို့ရှိ “အမေရိကန် ဆေးရုံ” က အာဏာပိုင်တွေက RocK Hudson ကို သူတို့ ဆေးရုံမှာ မထားချင်တော့ဘူး။ သူနာပြုတွေကလည်း ရှောင်နေချင်ကြတယ်။

14
Dec

မြန်​မာ​နိုင်​ငံ​ရဲ့ ART ဆေး ​တိုက်​ကျွေး ကု​သ​မှု ​စံ​နှုန်း​သတ်​မှတ်​ချက် ​ပြင်​ဆင်​ရေး​ဆွဲ

ပြီး​ခဲ့​တဲ့ ​ဇွန်​လ​အ​တွင်း​က ​ထွက်​ရှိ​ခဲ့​တဲ့ ​က​မ္ဘာ့ ကျန်း​မာ​ရေး​ အ​ဖွဲ့ရဲ့ စံ​နှုန်း​သတ်​မှတ်​ချက်​ အ​သစ်​အ​ရ ​ကိုယ်​ခံ​အား​စ​နစ် ​စီ​ဒီ​ဖိုး (CD4 ၅၀၀ ​ရှိ​သူ​တွေ​ကို ​အေ​အာရ်​တီ​ဆေး​ပေး​ဖို့ သတ်​မှတ်​ထား​ပါ​တယ်။ ​အ​ခု​လက်​ရှိ ​မြန်​မာ​နိုင်​ငံ​မှာ ​စီ​ဒီ​ဖိုး ၃၅၀ ​အောက် ​ရှိ​သူ​တွေ​ကို​သာ ​ဆေး​ပေး​နိုင်​နေ​ပြီး ​အ​ပြည့်​အ၀ ​ပေး​နိုင်​ခြင်း ​မ​ရှိ​သေး​ပါ​ဘူး​။

7
Dec

HIV ကူးစက်နှုန်း ၃ ပုံ ၁ ပုံထိ လျော့ကျလာပြီ

ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။

29
Nov

ဂျပန်နိုင်ငံတွင် HIV ရောဂါပိုး ရှိသူ၏ သွေးကို လူနာ နှစ်ဦးထံသို့ သွင်းပေးခဲ့မိ

ဂျပန်နိုင်ငံတွင် ယခင်က HIV ပိုးပါသော သွေးသွင်းမှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီးနောက် ဂျပန် ကြက်ခြေနီ အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှ စတင်၍ သွေးစစ် ဆေးသည့် စနစ်များကို ပြန်လည် စိစစ်ခဲ့သည့် အချိန်မှ စ၍ ယခုကဲ့သို့ HIV ပိုးပါသော သွေးများကို လူနာများ ထံသို့ သွင်းပေးမှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။

19
Nov

လူမှုထောက်ပံ့ရေး စီမံချက်

AIDS ရောဂါဆိုးကြီးသည် လူ့အဖွဲ့အစည်းတွင် မိသားစု များစွာကို ရက်စက်စွာ ခွဲထုတ် ဝါးမျိုလျက် ရှိသည်။ လွန်ခဲ့သော (၂၇) နှစ်ကျော် ကာလကတည်းက သန္ဓေတည် လာသော HIV ရောဂါပိုးသည် မိမိတို့ ဝင်ရောက် ခိုကပ်နေသော သူများ၏ အသက်ဇီဝိန်ကို ဆွဲနှုတ်ယူငင်သွားသောအခါ ၎င်းတို့၏ ကလေးငယ် များသည် လောက အလယ်တွင် သိမ်ငယ်စွာ ကျန်ရစ်ခဲ့ကြ ပါသည်။

12
Nov

AIDS ဆိုတာဘာလဲ (၂)

အရင်တုန်းကလို ပုန်းလျှိုး မဟုတ်ကြတော့ဘူး၊ ထုံးစံအတိုင်း ဘယ်ကိစ္စမျိုးမှာမဆို သတိနဲ့ မထိန်းရင် တစ်ဘက်စွန်း ဆိုတာ ရောက်တက်စမြဲပဲ။ အဲဒီ အချိန်လောက်မှာ “ဂေး” တွေဟာ တော်တော်ပဲ ပရမ်းပတာ ထကြွခဲ့ကြတယ်။ အမေရိကန်မှာ ဆိုရင် ဆန်ဖရန်စစ္စကိုနဲ့ နယူးယောက်မြို့ဟာ ဒီ “ဂေး” ဦးရေများပြီး သူတို့ ကျက်စားရာ ထင်ရှားတဲ့ မြို့တော်ကြီး ၂ မြို့ ဖြစ်တယ်။

8
Nov

သားအိမ်ခေါင်းကင်ဆာ တားဆီး ကာကွယ်နိုင်သည့် HPV ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာ ၈၅ ရာခိုင်နှုန်း ဖြစ်ပွားလျက် ရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သုံးကြိမ်ထိုးရမည့် HPV ကာကွယ်ဆေး၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်းကြောင့် အလွန် အရေးပါသော တွေ့ရှိမှု တစ်ခုဖြစ်နိုင်ကြောင်း မေရီလန်း တက္ကသိုလ်၊ ကင်ဆာနှင့် မျိုးဗီဇဌာနမှ သုတေသီ ဖြစ်သူ Mahboobeh Safaeian မှ ပြောကြားထားသည်။

30
Oct

အသဲရောင် (စီ) ဘယ်လိုကုသလဲ

လိင်ကတဆင့်ကူးတဲ့ HIV ပါရှိနေသူဆိုရင် Acute infection စောစောပိုင်းကတည်းက ကုရင်ကောင်းတယ်။ Mild liver disease အသဲရောဂါ နည်းနည်းလေးသာ ရှိနေသူတွေ ဆေးမလိုသေးပါ။ Moderate liver damage အသဲရောဂါ အသင့်အတင့် ဆိုးလာသူတွေက Cirrhosis အသဲခြောက်တာ ဆက်ဖြစ်စရာများလို့ ဆေးကုသရမယ်။

25
Oct

AIDS ကုထုံး ပေါ်ဖို့ အခက်ကြုံ

ကမ္ဘာပေါ်က AIDS ရောဂါ ဝေဒနာရှင် သန်းပေါင်းများစွာ အတွက် ကုစားနိုင်မယ့် ကုထုံးတရပ် ဖော်ထုတ်နိုင်ဖို့ဟာ သိပ္ပံ ပညာရှင်တွေ စိုးရိမ်တာထက် ပိုပြီး ခက်ခဲ နိုင်တယ်လို့ သုတေသန တွေ့ရှိချက် အသစ်တွေက ဖော်ပြ နေပါတယ်။

23
Oct

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ဘယ်လို ကုသမလဲ

STDs လိင်လမ်းကကူးစက်တာမျိုးဆိုရင် ပဋိဇီဝ ပိုးသေဆေး တမျိုးမက လိုမယ်။ ဆေးကို လက္ခဏာ သက်သာသေမဲ့ ဆေးပါတ်လည်အောင် သောက်ရမယ်။ လက်မှတ်မလိုဘဲ ဝယ်လို့ရတဲ့ ဆေးတွေက ပိုးကိုတော့ သေစေမှာ မဟုတ်ဘူး။ ဥပမာ Uristat, Phenazopyridine, Pyridium, Urogesic နာတာကို သက်သာစေတယ်။

16
Oct

မိတ္ထီလာတွင် HIV/AIDS ရောဂါ ကုသမှုခံယူသူ တစ်လ ပျမ်းမျှ ၅၀ ဦးခန့်တိုး ဟုဆို

မိတ္ထီလာမြို့နယ်တွင် HIV/AIDS ရောဂါကူးစက်ခံရ၍ ဆေးကုသမှုခံယူသူ လူဦးရေသည် ၂၀၁၁ ခုနှစ်အတွင်းက ၉၀ ဦးခန့်သာရှိခဲ့ရာမှ လက်ရှိ ၂၀၁၃ ခုနှစ်တွင် အဆိုပါမြို့နယ်တွင် ဆေးကုသမှု ခံယူသူ လူဦးရေ ၁၉၄၀ ခန့်ထိ ရှိလာကြောင်း မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ရုံး ထံမှ စုံစမ်းသိရှိရသည်။

Follow me on:

Back to Top