အေးမြတ်သူက သူ့ရဲ့ဝတ်စုံတွေကို အွန်လိုင်းမှာ ရောင်းချနေပြီး ရရှိတဲ့ငွေကြေးများကို သုခရိပ်မြုံက HIV ဖြစ်နေတဲ့ ကလေးငယ်များ အတွက် လှူဒါန်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီဇိုင်နာ ကိုလတ် (MIIL) ချုပ်ပေးထားတဲ့ ပွဲ တက်ဝတ်စုံနှစ်စုံကို တစ်စုံကို တစ်သိန်းနဲ့ ရောင်းချပြီး သွားပြီဖြစ်ပြီး နောက်ထပ် မြန်မာဝတ်စုံတွေကိုလည်း ဆက်လက် ရောင်းချသွား ဦးမှာဖြစ်ကြောင်း အေးမြတ်သူက ပြောပါတယ်။
ကိုယ်ဝန်ဆောင်စဉ် အတူနေမည်ဆိုလျှင်
တကယ်လို့ ဒီလိုကူးစက်မှုတွေကို ကာကွယ်ရတော့မယ်ဆိုရင်တော့ (သင့်နဲ့ သင့် အမျိုးသားတို့ရဲ့ဆက်ဆံရေးဟာ ရောဂါ ကင်းစင်တဲ့ တလင်တမယား စနစ်မျိုး မဟုတ်ခဲ့ဘူးဆိုရင်) တော့ လိင်ဆက်ဆံတဲ့ အခါတိုင်း ရာဘာနဲ့ ပြုလုပ်ထားတဲ့ ကွန် ဒုံးကို သုံးသင့်ပါတယ်။ အဲဒါက သင့်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှု မဟုတ်ဘူးဆိုရင် polyurethane နဲ့ ပြုလုပ်တဲ့ အမျိုးသားကွန်ဒုံးနဲ့ အမျိုးသမီး ကွန်ဒုံးတွေကို အသုံးပြုနိုင်ပါတယ်။
Marriage Advice (3) အိမ်ထောင်ရေးနဲ့ ကူးစက်ရောဂါ
တွေ့ကရာ လူကနေမေးလို့ ဖြေတာနဲ့ ဆေးကုပေးတဲ့ ဆရာဝန်ကို ဖြေရတာ မတူပါ။ ဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ သားဖွါးခန်းတွေမှာ ဆေးစစ်တာကိုလည်း အပြည့်အစုံ မလုပ်နိုင်တဲ့ နေရာမှာ ရင်သွေးကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်တဲ့ HIV/AIDS ဖြစ်ဖြစ်၊ အသည်းရောင် (ဘီ) နဲ့ (စီ) ဖြစ်ဖြစ် ရှိနေတာကို ဆရာဝန် ဆရာမတွေကို ထုတ်ပြောဘို့တော့ လိုအပ်ပါတယ်။
HIV ဒုတိယမျိုးဆက်နဲ့ စိန်ခေါ်မှုများ
၂၀၃၀ မှာ မြန်မာနိုင်ငံဟာ AIDS Free Generation ဖြစ်ဖို့ UNAIDS က ရည်မှန်းထားပြီး အဲဒီ ရည်မှန်းချက် ပန်းတိုင် ဆီကို မရောက်ခင် စပ်ကြားမှာ မျိုးဆက်နဲ့ချီတဲ့ စိန်ခေါ်မှုတွေကို မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို ရင်ဆိုင်တုံ့ပြန်မယ် ဆိုတာ HIV ကူးစက်ခံထားရတဲ့ ကလေးငယ်ပေါင်း ၅၀ဝ၀ ကျော်သာမက လူမှုပတ်ဝန်းကျင် တခုလုံး အတွက်၊ နိုင်ငံ အတွက် လွန်စွာအရေးကြီးတဲ့ အရာ ဖြစ်နေပါတယ်။
သိရှိမှတ်သားဖွယ် HIV/AIDS ရောဂါလက္ခဏာများ (အမေးအဖြေ- ၁၀၊ ၁၁၊ ၁၂)
လက်မထပ်ခင် ဖိုမဆက်ဆံတာ၊ လိင်တူ ဆက်ဆံတာ ရှောင်ပါ။ လက်ထပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိရှိနေပေမယ့်လည်း လက်မထပ်ခင်က ပါလာတဲ့ ရောဂါပိုးကြောင့် နျစ်ယောက်စလုံး ဒုက္ခရောက်နိုင်ပါတယ်။ သွေးစစ်ပြီးမှ အိမ်ထောင်ပြုတာ ပိုးကောင်းပါတယ်။ လက်ထပ်ပြီးရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သစ္စာရှိပါ။
HIV during pregnancy ကိုယ်ဝန်နဲ့ HIV
HIV ပိုးရှိနေသူတဲ့ လိင်ဆက်ဆံရာမှာ ဗဂျိုင်းနားလမ်း၊ ပါးစပ်၊ စအိုလမ်းတွေကနေ ဝင်လာနိုင်တယ်။ အပ်၊ ဓါးစတာတွေ မျှသုံးရာကနေလည်း ကူးတယ်။ အလှအပကွင်းတပ်တာ၊ တက်တူး ထိုးတာတွေကနေလည်း ကူးစက်နိုင်တယ်။ ပိုးရှိနေတဲ့ မိခင်လောင်းကနေလည်း သူ့ကလေးကို မွေးနေစဉ်နဲ့ နို့တိုက်နေစဉ် ကာလမှာ ကူးစက်နိုင်ပါတယ်။
ကလေးရအောင် ကုသနည်းများ (၁)
တကယ်လို့ ယောက်ျားရဲ့သုက်ပိုးတွေက အရေအတွက်လဲနည်း၊ လှုတ်ရှားမှုလဲ နှေးတာမျိုးက များနေရင် အကူအညီ လိုတယ်။ ဒီလိုနည်းကို Intracytoplasmic sperm injection (ICSI) လို့ ခေါ်တယ်။ သန်စွမ်းတဲ့ တခုတည်းသော သုက်ပိုးကို မျိုးဥဆီအရောက် ထိုးထည့်ပေးတယ်။ ရလာတဲ့ သန္ဓေကို တခါ IVF procedure နည်းနဲ့ သားအိမ်ထဲ ပြောင်းထည့်ပေးမယ်။
အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသောကလေးများ အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်ရာတွင် အစစအရာရာ နိမ့်ကျနေ
အာဟာရဖွံ့ဖြိုးမှု အတွက် ရေရှည်အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်နှင့် မိခင်မှ ကလေးသို့ ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်ရောဂါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေသူ အဖွဲ့အစည်းအချို့က အကြံပြုပြောကြားသည်။
HIV ပိုးရှိသူ အသက် ရှစ်နှစ်အရွယ် ကလေးငယ်ကို ရွာမှနှင်ထုတ်ရန် တရုတ်ကျေးရွာသားများ ကြိုးပမ်း
HIV/AIDS ရောဂါ သည်များကို ကျောင်းများ၊ ဆေးရုံများ၊ လုပ်ငန်းခွင်များနှင့် တရုတ်နိုင်ငံတစ် ဝန်းလုံးရှိ အခြားကဏ္ဍများတွင် ခွဲခြားဆက်ဆံလေ့ရှိကြောင်းနှင့် ယင်း HIV ပိုးကို ကုသရေးနှင့် တိုက်ဖျက်ရေးကို တားဆီးနေသည့် အရာဟု ကျွမ်းကျင်သူများက ဆိုသည်။
သုခရိပ်မြုံဂေဟာက ကလေးငယ်တွေအတွက် ပျော်ပွဲရွှင်ပွဲ
အိတ်ခ်ျအိုင်ဗီရောဂါပိုး ကူးစက်ခံနေရတဲ့ မိဘမဲ့ကလေးငယ် ၁၁၄ ယောက်ကို စောင့်ရှောက်နေတဲ့ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာက စိတ်ဓာတ်မြှင့်တင်ရေး အတွက် အလှူရှင်တွေ၊ ဂီတအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး နိုဝင်ဘာ ၂၆ ရက်နေ့က ကန်တော်ကြီးမှာ ပျော်ပွဲရွှင်ပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
HIV: How it spreads ဘယ်လိုကူးစက်လဲ
HIV ပိုးဟာ လူ့ကိုကနေအပြင်ရောက်ရင် ကြာကြာမရှိပါ။ မိနစ်တွေနဲ့ နာရီတွေအထိသာ ရှင်နိုင်တယ်။ မိနစ် အနည်းငယ်လို့ ပြောရင် မလွဲပါ။ ရက်အထိမရှင်ပါ။ သူတု့ရဲ့ ရောဂါရနိုင်စွမ်းကလဲ ကိုယ်ထဲထွာက်နေရတာ ကြာလေလေ နည်းလာလေလေဖြစ်တယ်။ ကိုယ်ပုချိန် ၉၈.၆ ကိုသာနှစ်သက်လို့ ဒိထက်အေးရာမှာ ကြာကြာ မရှင်တာဖြစ်တယ်။
အရက်နှင့် သုက်ပိုး
လေ့လာမှုများတွင် တိရစ္ဆာန်များကို အရက်ပေးရာ သုက်ပိုးအရည်အသွေး လျော့နည်းကြောင်းတွေ့ရှိခဲ့ရသည်။ ယခုလေ့လာမှုအတွက် အသက် ၁၈ နှစ်နှင့် ၂၈ နှစ်ကြားအမျိုးသား ၁၂၂၁ ဦးကို လေ့လာခဲ့သည်။ ၎င်းင်းကိုဆီမှ သွေးနှင့် သုက်ပိုးနမူနာများကို ယူပြီး လေ့လာခဲ့သည်။ အရက်သောက်သူ များသည် သွေးတွင်းရှိ Sexhormo-ne binding globulin (SHBG) သည် ကျဆင်းနေကြောင်းတွေ့ရှိခဲ့ရ သည်။

Follow me on: