တချို့များ သားအိမ်ထုတ်ပြစ်ပြီး စစ်ဆေးမှသာရောဂါကိုအတိအကျသိနိုင်တယ်။ MRI နဲ့ Transvaginal ultrasound မွေးလမ်းကနေရိုက်တဲ့ ‘အာလ်ထွာဆောင်း’ နဲ့လဲသိနိုင်လာပြီ။ လက်နဲ့စမ်းသပ်ရင် သားအိမ်က ပုံမှန်ထက်ကြီးနေမယ်။ နာမယ်။ Sonohysterography လဲဆက်လုပ်ရတယ်။ ဆားရည်ထိုးထည့်ပြီးမှ ‘အာလ်ထွာဆောင်း’ ရိုက်တာဖြစ်တယ်။ Uterine Fibroids သားအိမ်အကျိတ် နဲ့ မှားနိုင်တယ်။
လုံးဝပျောက်ကင်းသည်အထိ ကုသမှု ခံယူထားသည့် အမေရိကန် ကလေးငယ် တစ်ဦးတွင် HIV ပိုး ပြန်လည်တွေ့ရှိ
“ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်ရပ်ကို ကြိုးစားအဖြေရှာ လေ့လာနေပါတယ်။ လိုအပ်မယ်ဆိုရင် HIV ရောဂါပိုး ကုသမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်သွားမှာပါ” ဟုလည်း ပြောကြားသွားသည်။ ဆရာဝန်များက HIV ပိုး ရှိနေသည့် ကလေးငယ်တစ်ဦးကို မွေးဖွားပြီး နာရီပိုင်းအတွင်း ကုသမှု ပေးခြင်းဖြင့် ရောဂါပိုးကို ချုပ်ထိန်းနိုင်မည်ဟု ယူဆထားခဲ့သော်လည်း ယခုဖြစ်ရပ်မှာမူ ကွဲပြားသော အခြေအနေသို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်။
Contraception methods တားဆေး-တားနည်းများ
ကျွန်မ အိမ်ထောင်ကျတာ မကြာသေးပါဘူး။ သားသမီး မယူချင်သေး၍ ယခင်က အကွာကွယ် သုံးပါတယ်။ ယခုတော့ အမျိုးသားက့ ကို အပြင်ထုတ်တော့ သားသမီး မရနိုင်ဘူးဆိုတာ သေချာလား သိချင်လို့ပါ။ ပုံမှန်လာမဲ့ ရာသီရက်တော့ မလာတာ ၁ လ ရှိပါပြီ။ နောက်ဆုံး အမျိုးသားနဲ့ ထိုကဲ့သို့ မနေခင်က ရာသီလာထားပါတယ်။ ကျွန်မက ရာသီလည်းမမှန်တက်ပါ။ ဒါကြောင့် ကိုယ်ဝန်ရ နိုင်လား ဆိုတာမေးချင်တာပါ။
တားဆေး အားကိုးနဲ့ ကမ္ဘာခြားမှာ သေမလောက် ကြောက်ကြသူများ
ကိုယ်ဝန်ဖျက်တဲ့ ပြဿနာက နက်နဲလွန်း ပါတယ်။ ကိုင်တွယ်ရ ခက်တယ်။ ဘယ်ရှုထောင့်က ကြည့်သလဲပေါ် မူတည်ပါတယ်။ ဆေးပညာ ရှုထောင့်က ကြည့်မှာလား။ ဘာသာရေး ရှုထောင့်ကလား၊ လူမှုရေး ရှုထောင့် ကလား။ ဒီကြားထဲမှာ စီးပွားရေး အခြေအနေ ဆိုတာလဲ ပါသေးပါတယ်။ ရှုထောင့် အမျိုးမျိုးက ကြည့်တာ ဖြစ်လို့ အယူအဆ တွေ ကွဲပြားသွား ပါတယ်။ နောက်ဆုံးတော့ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေ အတိုင်းပဲ လုပ်ဆောင် ရပါတယ်။ ဆရာဝန် တွေမှာ ethic ခေါ်တဲ့ ကျင့်ဝတ်ကို လိုက်နာရတဲ့ အပိုင်းတွေ ရှိပါတယ်။ မလိုအပ်ဘဲ ကိုယ်ဝန် မဖျက်ရဘူး။
ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ
ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။
ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း
ရာသီလာရမဲ့ ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက် ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။ ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။
MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၂)
HIV ပိုး မရှိဆိုသဖြင့် နှစ်သိမ့်ဆွေးနွေးမှု ပြုလုပ်ရန်မလိုဟု မယူဆသင့်ပါ။ ကာယကံရှင်သည် HIV (-) ပိုးမရှိဟူသော အဖြေအတွက် စိတ်သက်ရာ ရနေချိန်တွင် နှစ်သိမ့်ဆွေးနွေးသူသည် အရေးကြီးသောအချက်များကို အလေးပေး ပြောကြားရမည်။ ကြားကာလတွင် အန္တရာယ် ကျရောက်နိုင်သော အပြုအမူရှိပါက HIV ပိုး ကူးစက် နိုင်ချေ ရှိနေကြောင်းကို ကာယကံရှင်အား ရှင်းလင်းပြောပြကာ နောက်ထပ်သွေး မစစ်မှီကြား အန္တရာယ်ရှိသော အပြုအမူများကို ရှောင်ရှားရန်နှင့် စိတ်ချရသော လိင်ဆက်ဆံမှုကိုသာ ပြုလုပ်ရန် ပြောကြားပြီး နောက် တစ်ကြိမ် သွေးစစ်ရမည့် ရက်ကို ရက်ချိန်းပေးလိုက်ရပါသည်။
Emergency pills အရေးပေါ်ကို ပဲလှော်လို မစားပါနဲ့
အရေးပေါ်တားဆေးကို အရေးပေါ်အတွက်သာ သုံးသင့်ပါတယ်။ ရာသီပြောင်းသွားမယ်။ ဟော်မုန်းတွေ ပြောင်းလဲမယ်။ ဘာတွေဖြစ်နိုင်သလဲ သုတေသန မပြည့်စုံပါ။ ဘာလို့လဲဆိုတော့ မြန်မာပြည်လို နိုင်ငံတွေမှာသာ အရေးပေါ် တားဆေးကို ခဏခဏသောက်နေကြတယ်။ သုတေသန လုပ်လို့လဲ မရဘူး။ ဆရာ့ဆီကို မေးကြတာ အရေအတွက် အတော်ကြီး များတယ်။
ရောဂါပိုး ကူးစက်ခြင်း (အမေးအဖြေ) (၂)
မိခင်နို့ရည်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး အနည်းအကျဉ်း ရှိပါတယ်။ ဒါကြောင့် ရောဂါပိုးရှိတဲ့ မိခင်ရဲ့ နို့စို့ရတဲ့ ကလေးခုနစ်ယောက်မှာ တစ်ယောက်ဟာ ရောဂါပိုး ကူးစက်ခံရဖို့ ရှိပါတယ်။ အထူးသဖြင့် မိခင်မှာ ရောဂါပိုး ကူးစက်ဖြစ်ပွားခါစ အချိန်ရယ်၊ အေအိုင်ဒီအက်စ်ရောဂါ လက္ခဏာတွေ စပေါ်တဲ့ အချိန်ရယ်၊ ဒီနှစ်ချိန်မှာ ကလေးကို ကူးစက်မှုနှုန်း ပိုမြန်ပါတယ်။
မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်
ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင် ခဲ့ကြပါတယ်။ ဒါ့အပြင် “ပန်းစကား” အဖွဲ့ဟာ သင်္ကြန် ကာလအတွင်း လူမျိုးရေး ဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့ အတွက် လက်ကမ်း စာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။
HIV ရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်တွေကို အစိုးရဆေးရုံက မီးဖွားစရိတ်တောင်း ပါက တိုင်ကြားနိုင်
အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်များ ခွဲစိတ်ပြီးမွေးဖွားရာတွင် မီးဖွား စရိတ်အား နှစ်ဆယူလိုက်ခြင်းအားဖြင့် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်သည့်နှုန်းကို မြင့်မားလာအောင် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ တစ်ဝန်းမှ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော အမျိုးသမီး ၃ဝဝဝ ခန့် အဖွဲ့ဝင်ထားသော Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
HIV ပိုးပျောက်ကင်းအောင် ကုသနိုင်တော့မည့် ကလေးငယ်များ
သူမမွေးပြီးပြီးချင်းမှာ AZT, 3TC နဲ့  nervirapine “နက်ဗရာပိုင်း ” ဆေးတွေကို ဆရာဝန်တွေက တိုက်ကြွေးခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဆေးတွေဟာ လူကြီးတွေကိုသာ တိုက်ကြွေးတာ ဖြစ်ပေမယ့် HIV ရောဂါပိုး ကင်းစင်သွားတဲ့ ဒီကလေးငယ်ဟာ ဒီလို ဆေးတွေကို ဆက်သောက်ရဦးမှာ ဖြစ်ပါတယ်။ မွေးကတည်းက HIV ရောဂါပိုးပါလာတဲ့ ကလေးငယ် နောက်ထပ် (၅၀) ဦးကိုလည်း သူတို့ မွေးဖွားပြီးပြီးချင်း (၄၈) နာရီအတွင်း အခု ကလေးငယ်လိုပဲ ဆေးဝါးတွေ စမ်းသပ်တိုက်ကျွေးပြီး ကုသဖို့ စီစဉ်နေတယ်လို့ ဒီဆရာဝန်အဖွဲ့က ပြောကြားခဲ့ပါတယ်။

Follow me on: