3
Jan

အမေးအဖြေ (၁၀၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

တားဆေး ၂၈ လုံးပါတာကို နေ့စဉ် တရက် ၁ လုံး၊ ဆက်တိုက် ရက်မပျက်ဘဲ သောက်ရင် နောက်ဆုံး အတန်းသောက်နေ ချိန်မှာ ရာသီလာမယ်။ ဆေးကပ်ကုန်လို့ မလာရင် တခုခုဆန်း စစ်ရမယ်။ ဆေး မသောက်ဘဲ မေ့ဘူးသလား။ ဆေးကပ် ရက်စွဲကောင်းပါ သလား။ ဆေးကပ် မသောက်ခင်က ရာသီမှန်ခဲ့ သလား။ ပုံမှန်ဆိုရင် တကပ်ပြီး နောက်တကပ် ဆက်တိုက်သောက်ရ ပါတယ်။

1
Jan

အမေး အဖြေ (၁၀၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

သမီးအသက်က ၂၅ နှစ်ပါ။ရန်ကုန်မှာနေပါတယ်။ သမီး ၁၁ လပိုင်းက သအိမ်ခြစ်ထား ပါတယ်။ ဆေးရုံမှာတော့ မဟုတ်ပါဘူး။ ခြစ်ပြီးနောက် သွေးတွေ လာပါတယ်။ ၂ ကြိမ်ပါ။ ကုန်သလောက် နီးပါး ဆင်းပါတယ်။ တစ်ကြိမ်လာရင်လဲ ၄ ရက် ၅ ရက်လောက် လာပါတယ်။ ခုဒီလမှာလဲ ၂ ကြိမ်လာနေပါတယ်။ သွေးကတော့ မဲမနေပါဘူး နံလဲမနံပါဘူး။ ခဏခဏလာတော့ နဲနဲစိတ်ပူလာလို့ပါ။ ဘာလုပ်သင့်လဲဆိုတာ အကြံပေးပါဆရာ။

28
Dec

အမေး အဖြေ (၁၀၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ရာသီလာတုံးနာရင်၊ ဆင်းတာများရင်၊ တနေ့ ၁ ပြားသောက်ပြီး၊ တလမှာ ၂၁-၂၈ ရက်နေ့တိုင်းသောက်ရတဲ့ တားဆေးကပ်ကို ပေးနိုင်တယ်။ ဒါကြောင့် နာတတ်တာ သက်သာ လာပါလိမ့်မယ်။ ဆေးကပ် အမျိုးအစား ပြောင်းချင်ပြောင်ရနိုင်တယ်။ များသောအားဖြင့်တော့ ခပ်ဆင်ဆင်ပါ။ ဆင်းတာထဲမှာ ဘယ်လိုအရာပါနေနေ စိုးရိမ်စရာမရှိပါ။ အခဲလိုဟာ ဆင်းခါနီးရင် ဗိုက်ရစ်နာနိုင်တယ်။ အနာ-အကိုက် ပျောက်ဆေး သောက်ရပါမယ်။ အစာနဲ့တွဲသောက်ပါ။ ရေနွေးအိတ်ကပ်ပါ။

26
Dec

အမေးအဖြေ (၁၀၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

STD အကြောင်းသိချင်လို့ ရှင်းပြပေးစေချင်ပါတယ်။ ကျွန်မက အသက်၂၉ နှစ်ပါ။ အမျိုးသားက ၃၇ နှစ်ပါ။ ၁ လပိုင်း၊ ၉ ရက်၊ ၂ဝ၁၂ မှာ လက်ထပ်ပါတယ်။ ၁ လကြာ အတူနေပြီး အမျိုးသားက သူ့နေရပ်ကို ပြန် သွားပါတယ်။ အခုအမျိုးသားက ကျွန်မကို STD သွားစစ်ကြည့်လို့ ပြောပါတယ်။ သူ့မှာ STD ပိုးရှိလို့ ဆရာဝန်က ပိုးသတ်ဆေး (Dosyclycline) ၁၈ ရက်စာ သောက်ခိုင်းထားပါတယ်။

21
Dec

ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား (၁)

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး” လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်း ရာဇဝင် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

20
Dec

ဗဂျိုင်းနား အနံ့ဆိုးနေခြင်း

Personal hygiene တကိုယ်ရေသန့်ရှင်းမှု နည်းလို့လားဆိုပြီး သန့်ရှင်းရေကို ပိုလုပ်ပါလိမ့်မယ်။ သန့်ရှင်းရေးလုပ်ရာမှာ သတိထားစရာတွေ ရှိတယ်။ ဆေးဆိုင်တွေ က ဆေးကြောရည်တိုင်းက နေရာတိုင်းအတွက် မသုံးသင့်ပါ။ ပိုးရှိသမျှကို သေစေတာ မကောင်းပါ။ ကိုယ်ထဲ၊ ကိုယ်ပေါ်မှာ ပိုးဆိုတာတွေ အမြဲရှိနေတယ်။ သူ့ရောမှာ သူ့အမျိုးအစား ရှိနေတာက ကောင်းတယ်။ ရှိသင့်တာတွေကု ရှင်းလိုက်ရင် မျှခြေပျက်မယ်။

19
Dec

အမေးအဖြေ (၁၀၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

သမီးကတော့ B ပိုးရော C ပိုးရော စစ်ထားပါတယ်။ နှစ်ခုလုံးမရှိပါဘူး။ B ပိုးကာကွယ်ဆေးလဲ ထိုးထားပါတယ်။ ဆေးလဲအောင်ထားပါတယ်။ အခု သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကိုလဲ ထိုးနေပါတယ်။ သမီးက HIV ဖြစ်လောက်တဲ့ အခြေအနေမျိုးကိုလဲ တစ်ခါဆိုတစ်ခါမှ မနေဖူးပါဘူး။ သမီးကသွေးတော့ လှူဖူးတယ်ဆရာ။ (အလှုခံတာမဟုတ်ပါဘူး သမီးကလှုထားတာပါ) ။ ပြီးတော့ သမီးက ဝပါတယ်ဆရာ။ HIV ပိုးရှိသူတွေက ပိန်တက်တယ်လို့ပြောတဲ့အတွက်ကြောင့် သမီးမှာတော့ HIV ပိုးမရှိလောက်ဖူးလို့ သမီးယုံပါတယ်။

18
Dec

သဘာဝ တနည်းနဲ့ ကိုယ်ဝန်တားဆီးခြင်း

ရက်ရှောင်ပြီး သားဆက်ခြားနည်းဟာ အကုန်အကျ အနည်းဆုံးဖြစ်တယ်။ လိင်ဆက်ဆံမှုနဲ့ ဆန္ဓပြည့်ဝမှုကို အနှောင့်အယှက် မဖြစ်စေသလို၊ ဘေးထွက်-ဆိုးကျိုးလဲမရှိပါ။ ဒါပေမဲ့ မတော်တဆ ကိုယ်ဝန်ရနိုင်နှုန်းက အမြင့်ဆုံး ဖြစ်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေကို အကာအကွယ် မပေးနိုင်လို့ (ကွန်ဒွမ်) လဲသုံးသင့်ပါတယ်။

18
Dec

အမေးအဖြေ (၁၀၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

အသက် 20 ရှိပါပြီ။ ကျွန်တော်မှာ ချစ်သူရှိပါတယ်။ သူနဲ့တော့ အတူမနေဘူးသေးပါ။ သူနဲ့ ဆက်ဆံချင်တဲ့ စိတ်ဖြစ်နေလို့ပါဆရာ။ သူက လိုက်လျောပေးမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ပြသနာ တခုကရှိနေတယ် ဆရာ။ သူနဲ့ ဆက်ဆံရင် ကိုယ်ဝန် ရသွားမှာကြောက်နေတယ် ဆရာ။ ဆက်ဆံတဲ့အခါ ကွန်ဒွမ်သုံးမှာပါ။ အဲလိုဆိုလဲ ကိုယ်ဝန်ရနိုင်ပါသလား။

18
Dec

အမေးအဖြေ (၉၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

HIV ပိုးရှိတယ်လို့ပြောပြရင် ဆရာဝန်က ခွဲပေးလို့ ရပါသလား ဆရာ သူက မခွဲပေးတော့ဘူးဆိုရင် အဲ့ဒီ အဖု/အလုံးကကြာရင် မြဲသွားပြီးတော့ ကင်ဆာ အဆင့်ကိုရောက်သွားမှာလည်း စိုးရိမ်လို့ပါ ဆရာ။ လူနာကိုရော ဘယ်လိုအချိန်မျိုးမှာ ပြောပြသင့်ပါသလဲ ဆရာ။ လူနာကတော့ ကိုယ်ခံအား လည်းကောင်းတော့ ကောင်းနေသေးတယ် ဆရာ။ သူပဲချက်ပြုပေးတယ်။ အဲ့ဒါကိုပဲ အိမ်သားတွေက စားနေကြတယ်။ ဘေးကနေသွေးမထွက်အောင် ဂရုစိုက်ပြီး ကြည့်နေတာပေါ့နော်။

12
Dec

အမေးအဖြေ (၉၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

မိန်းကလေးဖြစ်တာနဲ့ အသက်တော့သိရပြီ။ ရာသီ မလာတာဖြစ်သူတိုင်းကို အိမ်ထောင်ရေး၊ ဆက်ဆံရေး မေးပါ လိမ့်မယ်။ ကိုယ်ဝန်မဟုတ်တာကို ဖယ်ထုတ်ရမယ်။ ဟော်မုန်း ကမောက်ကမဖြစ်လား သိချင်မယ်။ ကြာကြာထိုင်မရတာ ဘယ်လောက်ကြာနေပြီလဲ။ အရိုးနာလို့ ဓါတ်မှန်ရိုက်ဘူးလား။ ဆေးထိုးဘူးတာက ဘာဆေးလဲ၊ ဘာအတွက်လဲ။ ဗိုက်အောင့်တာ ဘယ်လောက်ကြာပြီလဲ။ ဗိုက်ရဲ့ ဘယ်နေရာလဲ။ ဆရာဝန်နဲ့ ပြောဆို ဆက်ဆံတဲ့အခါ သူငယ်ချင်းတွေဆီ ရေးသလို၊ ပြောသလို မသင့်ပါ။ တိတိ ကျကျ ဖြစ်သင့် ပါတယ်။

12
Dec

အမေးအဖြေ (၉၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျမအသက် (၃ဝ) (့) မှာနေပါတယ်။ 11th November က အမျိုးသားနဲ့ အကာအကွယ်မပါပဲ ဆက်ဆံမိပါတယ်။ အမျိုးသားကတော့ အပြင်မှာပဲသုတ်ရည် စွန့်ထုတ်ပါတယ်။ နောက်ရက် Ecee2 Levonorgestrel ကိုလည်း ၁၂ နာရီခြားပြီး သောက်ခဲ့ပါတယ်။ ယခု ဆရာထံစာရေးသော 24th November အထိ Menstruation မလာသေးသဖြင့် ကိုယ်ဝန် ရှိနေနိုင်ပါသလား ဆရာ။ မနေ့က Pregnancy Tester နှင့်ဆီးစစ်တော့ Negative ပဲပြပါတယ်ရှင့်။ ဒါပေမယ့် Menstruation မလာသေးသဖြင့် စိတ်ပူနေမိပါတယ်။ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးလို့ပါ။

Follow me on:

Back to Top