ကျွန်မက အသက် ၃၃ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေး မရှိသေးပါ။ (့) မှာ အလုပ်သက်တမ်းတိုးဖို့ HIV စစ်ခိုင်းလို့ သွေးစစ်တော့ blood interference ဖြစ်နေတယ် ဆိုပြီး သွေးထပ်စစ်ခိုင်းလို့ပါ။ လွန်ခဲ့တဲ့ (၂)နှစ်တုန်းက အလုပ် သက်တမ်းတိုးဖို့ သွေးစစ်တော့ အဆင်ပြေပါတယ်။ blood interference ရဲ့ မြန်မာ အဓိပ်ပါယ်ကို သိပါရစေ။
အရေးပေါ်တားဆေး ထိရောက်မှု
ဒီဆေးမျိုးကို ကြော်ညာတွေ မတရား လုပ်ရောင်းနေတာဟာလဲ မသင့်လျှော်ဘူးပြောကြလို့ ကြော်ညာတွေကို တားခဲ့ဘူးသေးတယ်။ ဆရာဝန်တွေ၊ သားဖွါးမီးယပ် အထူးကုတွေ ကလဲ တလွဲသုံးနေကြာအတွက် စိုးရိမ်ကြောင်း ထုတ်ပြောနေကြရတယ်။ ဒီလို လွယ်လွယ်နဲ့ အရေးပေါ် တားဆေး ရှိတယ်ဆိုပြီး တလွဲသုံးကြလို့ HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုဖြစ်တယ်လို့ ထောက်ပြကြတယ်။
အမေးအဖြေ (၉၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျွန်မ အသက် ၁၆ နှစ်ပြည့်ပြီးပါပြီ။ အရင်ကျွန်မ ရာသီလာတာက ၂၂ ရက်လောက်မှာပါ။ နောက် ချစ်သူနဲ့ ဆက်ဆံမိတော့ ရာသီလာတာက ၁၆ ရက်ကို ရောက်သွား ပါတယ်ရှင်။ ဒါပေမယ့် ကျွန်မတို့ ကွန်ဒွမ်ကို သုံးပြီး ဆက်ဆံပါတယ်ရှင့်။ ဆက်ဆံပြီးတိုင်း ကွန်ဒွမ်မပေါက်တာ သေချာမချာစစ်ပါတယ်ရှင်။ အခုတစ်ခါ ကျွန်မ ရာသီလာတာက ၁၃ ရက်နေ့ထိ ကျသွားပါတယ်ရှင်။ ပြီးတော့ ကျွန်မ အိမ်သာသွားတော့ သွေးပစ်ပစ်တွေ ကျလာပါတယ်ရှင်။
ကျားအင်္ဂါ ကြီးစေခြင်း (၆)
အခု ကျွန်တော် အိမ်ထောင်ကျသွားပါပြီ။ ဒါပေမယ့် ကျွန်တော့် လိင်တံဒဏ်ကို မိန်းမက မခံစားနိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လိင်ဆက်ဆံပြီးတိုင်း ဖြစ်ဖြစ် မဆက်ဆံပဲ ထားတဲ့ အခါဖြစ်ဖြစ် တစ်ချက်တစ်ချက် ဆေးခဲနေတဲ့ နေရာတွေက ကိုက်သလိုလို နာသလိုလိုလေး ခံစားမှု အသေးလေးတွေ ခံစားလာမိပါတယ်။ အဲဒီလို ကိုက်သလိုလို ဖြစ်လာတာက ဒဏ်ရာကျက်ပြီး ၁ နှစ်ကြာပြီးမှ ခံစားလာရတယ်လို့ ခံစားမိပါတယ်။
အမေးအဖြေ (၈၉) (၁၈ နှစ် ပြည့်မှ ဖတ်ပါ)
HIV ပိုးရှိတဲ့သူနဲ့ ကွန်ဒွမ်သုံးပြီးလိင်ဆက်ဆံပါက ကွန်ဒွမ်ပေါက်ပြဲခြင်းမရှိရင် ရောဂါကို ၁ဝဝ% ကာကွယ်နိုင်ပါသလား။ လိင်ဆက်ဆံပြီးပါက မျက်နှာနဲ့ရင်ဘက်တွင် ဝက်ခြံကဲ့သို့ အပူများ ထွက်လာတာ ဘာကြောင့် ပါသလဲ။ အဲ့လိုမျိုး ဆက်ဆံတိုင်းဆက်ထွက်နိုင်ပါသလား။ HIV ပိုးကို လိင်ဆက်ဆံပြီး ဘယ်လောက်ကြာရင် စစ်နိုင်ပါသလဲ။ အမြန်ဆုံး သိချင်ရင် ဘယ်လိုစစ်ရပါသလဲ။
အမေးအဖြေ (၈၈) (၁၈ နှစ် ပြည့်မှ ဖတ်ပါ)
ဗက်တီးရီးယားကြောင့်ဖြစ်ရင် ပိုးသေသွားပါလိမ့်မယ်။ ဒါပေမဲ့ ၅ဝဝ အားဆို တနေ့မှာ ၂ ခါသာသောက်သင့်တယ်။ အခုလိုဖြစ်တာ ခဏခဏသဘောလား။ နောက်ဆုံး အကြိမ်ဖြစ်တာ ဘယ်လောက်ကြာသလဲ။ ပိုးသေပြီးနောက် အမာရါတ်ဖြစ်စဉ်ဆင်ဖြစ်နေတာဖြစ်မယ်။ စောင့်နိုင်ပါတယ်။ ဗီတာမင် စီ ကိုလဲ သောက်ရင် အကျိုးရှိပါတယ်။ ဘာဆေးမှ မလိမ်းစရာမလိုပါ။ ထူးခြားလာရင် ထပ်ပြောပါ။ အနာ အရေအတွက်လဲ သိချင်ပါတယ်။ အနာအရွယ်အစားလဲသိချင်တယ်။
အမေးအဖြေ (၈၇) (၁၈ နှစ် ပြည့်မှ ဖတ်ပါ)
ပုံမှန်လာရက်မဟုတ်ရင် နည်းနည်းနဲ့နေ့တိုင်းဆင်းပါတယ်။ ဒီတော့ သူငယ်ချင်းဆရာဝန်ကို မေးကြည့်တော့သူက သွေးထိန်းဆေးနဲ့ ပြန်စားကြည့်ပါလို့ ပြောလာပါတယ်။ Primolut N ကိုပြန်သောက်ကြည့်ပါတယ် ဒီတော့ သွေးနေ့တိုင်း ဆင်းတာတော့ ရပ်သွားပါတယ်။ ဒါပေမယ့်တစ်ပတ်ခြားတော့ ရာသီသွေးတွေဆင်းပါတယ်။ (များပါတယ်)။ အဲဒီဆေးမသောက်ရင် နည်းနည်းစီ နေ့တိုင်း ဆင်းနေဆဲပါ။ ဆေးပဲ အမြဲ ဆက်သောက် ရမလားသေချာမသိလို့ပါ။
ကျားအင်္ဂါ ကြီးစေခြင်း (၅)
ဒီအရေးအရာမှာ သိပ္ပံနည်းကျ သုတေသနလုပ်ထားတာ သိပ်မများလို့ ဘယ်ဒေါင့်ကနေ ဘာပြောပြော မရေရာ မသေခြာပါ။ အထူး သတိထားဘို့က မေးတဲ့သူ စိုးရိမ်သလို ဝန်ထောက်မင်းကယ်မှ ထောင်ကျတာ မဖြစ်ဘူး မပြောနိုင်ပါ။ Tearing of skin အရေပြား စုတ်ပြဲတာ၊ Scarring အမာရွတ်ဖြစ်တာ၊ Permanent loss of sexual function လိင်ဆက်ဆံလို့ မရတော့တာတွေ ထည့်စဉ်းစားရပါမယ်။
ရှည်ချင်၊ ကြီးချင်သူများ
Injection of liquid silicone into the penis and the scrotum လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲထိုးနည်းမှာ ကောင်းတာရော ဆိုးတာပါ ရှိတယ်။ လုံးပါတ် သိသိသာသာ တိုးလာမယ် မရှည်စေပါ။ ၉ ဆအထိ ကြီးစေနိုင်တယ်။ ဆေးထိုးလိုက်လို့ အနားက တစ်ရှူး (သွေးကြော၊ အာရုံကြော) တွေထိခိုက်နိုင်ပြီး ထုံလာတတ်တယ်။ အမာရွတ် လိုဖြစ်တတ်တယ်။ အဆင်မသင့်ရင် လိင်ဆက်ဆံတာမှာ ပြောင်းပြန် အကျိုး ဖြစ်စေနိုင်တယ်။
အမေးအဖြေ (၈၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
မိန်းကလေးများ အဓမ္မကျင့်ခံရတာမျိုးက ဖျားယောင်းပြီး ဆက်ဆံတာ၊ အရက်၊ မူးယစ်ဆေးတိုက်ပြီး ကျင့်ကြံတာ မျိုးတွေနဲ့ မတူပါ။ အဓမ္မ သဘောဖြစ်လို့ ခံရသူမှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဆိုးလွန်းတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ရမယ်။ ရုံးကန်လို့ရော၊ ရုံးတာကို မရုံးနိုင်အောင် လုပ်ခံရလို့ရော၊ ကြောက်သွားအောင် တမင်လုပ်တာ ခံရလို့ရောကြောင့် ရုပ်ပိုင်းဒဏ်ရာတွေ ရှိနိုင်တယ်။ ရာသီကို အပြောင်းအလဲဆိုတာကြတော့ အပြုခံရလို့ ကိုယ်ဝန်ရနိုင်တယ်။
အမေးအဖြေ (၈၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
မိန်းမကိုယ်ခေါ်တဲ့ Vulva ဆိုတာ သူ့ပုံပန်းနဲ့သူ မတူတာတွေရှိတယ်။ ဒီအတွက် ကြောင့်ကျဘို့ မလိုပါ။ အိမ်ထောင်ပြုချိန် ငယ်တုံးကလို ဖြစ်ချင်တာအတွက် အဝနေရာနဲ့ အတွင်းလှိုင်ခေါင်းပိုင်း နှစ်ခုသာ အရေးပါတယ်။ အပြင် အမြင်တော့ ပြောခဲ့သလို ပြင်ဘို့မလိုအပ်ပါ။ အဝဆိုတာ မွေးလမ်းကနေ မွေးဘူးသူတွေသာ ပြုပြင်သင့်ရင် ချုပ်ပေးတာ လုပ်ဘို့လိုမယ်။ မဟုတ်ရင် အဝဟာ အကောင်းပကတိသာရှိမယ်။ အတွင်းလှိုင်လိုအပိုင်းမှာလဲ ဒီအတိုင်ပါဘဲ။ မေးတဲ့ သူက လေ့ကျင့်ခန်း လုပ်နေတာမို့ အလွန်ကောင်းပါတယ်။
အမေးအဖြေ (၈၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
သွေးအရောင်မှာ ပုံမှန်မဟုတ်ဘဲ အပုတ်ရောင်ဖြစ်နေပါတယ်။ နေ့စဉ် နဲနဲ ပေါ်နေခဲ့ ပါသည်။ ရက်ကြာလာသည့် အတွက် စိတ်ပူနေပါသည်။ မည်သို့ ဆက်လက် လုပ်ဆောင် ရမည်ကို ဖြေကြားပေးပါရန်။

Follow me on: