မိန်းကလေးတိုင်း ၉-၂၆ နှစ် သမီး၊ တနည်းအားဖြင့် လိင်မှုဆိုတာ မဖြစ်သေးချိန်ကတည်းက ကာကွယ်ဆေးထိုးပါ။ သားအိမ်ကင်ဆာကို ၇ဝ% ကာကွယ်နိုင်တယ်။ လိင်ဆက်ဆံတာ စောလေလေ ဖြစ်နိုင်လေဆိုတာ သတိထားပါ။ Safe sex စိတ်ချရတဲ့ လိင်ဆက်ဆံမှုသာ ပြုပါ။ Condom (ကွန်ဒွမ်) သုံးပါ။ မေးတဲ့သူ ပြောသလို သားအိမ်ခြစ်တာကနေ မဖြစ်ဘူး-ဖြစ်တယ်ဆိုတာ ဆေးစာထဲမှာ မတွေ့သေးပါ။ ဆေးကုနည်းတွေက စိတ်ချရပါတယ်။ မကုတာနဲ့ ကုသတာ အကျိုး-အပြစ်တွေ ချင့်ချိန်ရင် လုပ်ကိုလုပ်ရမဲ့ နည်းတွေလို့ လက်ခံသင့်ပါတယ်။
STDs Basic လိင်မှတဆင့် ကူးစက်သောရောဂါများ အခြေခံ
လိင်ဆက်ဆံရာ အသုံးပြုတဲ့ နေရာမှန်သမျှမှာ ရောဂါရတယ်။ လိင်အင်္ဂါ၊ ပါးစပ်၊ စအို။ နောက်ပြီး မအေကနေ ကလေး။ မူးယစ်ဆေး သွေးပြန်ကြော ထိုးနည်းတွေကနေလဲ ကူးနိုင်တယ်။ လိင်အင်္ဂါတွေမှာသာ မဟုတ်ဘဲ တခြားနေရာတွေမှာပါ ရောဂါရတတ်တယ်။ အဲလိုဖြစ်တာတွေကပိုဆိုးတယ်။ Systemic STDs တကိုယ်လုံးကို ပြန့်တဲ့အဆင့်လို့ ခေါ်တာတွေက HIV, Hepatitis B (ဘီ) ပိုး၊ Hepatitis C (စီ) ပိုးနဲ့ Herpes လိင်လမ်းရေယုံတွေ ဖြစ်တယ်။
အမျိုးသမီးများတွင် အဖြစ်များဆုံး ရင်သားကင်ဆာအကြောင်း သိထားသင့်သည်များ
အမျိုးသမီးတွေမှာ အဖြစ် အများဆုံးသော ကင်ဆာတွေထဲက တစ်ခုကတော့ ရင်သားကင်ဆာဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် ဆောလျင်စွာ သိရှိရန် လိုအပ်ပါတယ်။ ဒါ့အပြင် ထိရောက်တဲ့ ကုသမှုတွေဟာလည်း အလွန်အရေးကြီး လှပါတယ်။ ရင်သား ကင်ဆာဟာဆိုရင် ဆောလျင်စွာ သိရှိပါက ပျောက် ကင်းအောင် ကုသနိုင် သော ကင်ဆာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ သိထားသင့်တာ လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃)
ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လိင်ဆက်ဆက်မှုရှိသူတွေမှာသာ ပိုအဖြစ်များတယ်။ လိင်ဆက်ဆံရာကနေ တချိန်ချိန်မှာ တယောက်ယောက် ဆီကနေ ပိုးကူးစက်လာတာ ခံရနိုင်တယ်။ ဘာမှခံစားနေရတာ မဟုတ်ပေမဲ့ သူများကိုတော့ ကူးစက်စေနိုင်တယ်။ (ကွန်ဒွမ်) သုံးတာက အများကြီး အခွင့်အလမ်း နည်းစေတယ်။ လုံးဝမကူးဘူးတော့ မပြောနိုင်ပါ။ HPV ပိုးတွေဟာ သားအိမ်အဝသာမက၊ ဗဂျိုင်းနား (မွေးလမ်းကြောင်း)၊ မိန်းမကိုယ်၊ ယောက်ျား လိင်အင်္ဂါ၊ ယောက်ျား-မိန်းမ စအိုနဲ့ ခံတွင်း-ကင်ဆာတွေလဲ ဖြစ်စေနိုင်သေးတယ်။
Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂)
HPV ကို ကာကွယ်တဲ့ Vaccines ဆေးရှိနေပြီ။ သားအိမ်ဝ-ကင်ဆာ ၇ဝ% ကိုဖြစ်စေတဲ့ HPV types 16 and 18 ကို ကာကွယ်မယ်။ WHO ကတော့ မိန်းကလေး အသက် ၁၁-၁၂ နှစ်ကစပြီးထိုးခိုင်းတယ်။ အမေရိကားမှာ ၉ နှစ်သမီးတွေကို စထိုးတယ်။ ၆ လ အတွင်းမှာ ၃ ခါထိုးရတယ်။ ပဌမတခါထိုး၊ ဒုတိယတခါကို နောက် ၁-၂ လမှာထိုးပြီး တတိယတခါကို ပဌမတခါရဲ့နောက် ၆ လ အကြာမှာထိုးတယ်။ ငယ်တုံးက မထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်အထိလဲ ထိုးသင့်ပါတယ်။
Cervical Cancer (1) သားအိမ်အဝ ကင်ဆာ (၁)
(ကွန်ဒွမ်) သုံးတာ ဒီရောဂါအတွက်ပါ ကောင်းတယ်။ တကယ်လို့ အဖေါ်မှာ ကြွက်နို့ရှိနေရင် ဆက်ဆံဘို့ ငြင်းသင့်တယ်။ သားအိမ်အဝ ကင်ဆာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လိင်ဆက်ဆံသူတွေ အဖြစ်များလို့ ဆယ်ကျော်သက်များ သတိထားကြပါ။ ကလေး အမွေးများသူတွေမှာလဲ ပိုဖြစ်တတ်လို့ မိသားစုစီမံကိန်း လုပ်ကြပါ။ ဆင်းရဲ နွမ်းပါးသူတွေမှာ ပိုဖြစ်ကြရတယ်။
Menopause (2) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၂)
Hormone therapy ဟော်မုန်းပေးနည်းမှာ Estrogen နဲ့ Progesterone ၂ မျိုးပေးတာရှိတယ်။ Hot flashes မျက်နှာ နီမြန်းတာ နဲ့ Vaginal dryness (ဗဂျိုင်းနား) ခြောက်သွေ့တာအတွက် ကောင်းတယ်။ တာရှည် ပေးလို့တော့ မကောင်းပြန်ဘူး။ ဘာလို့လဲဆိုတော့ Heart attack နှလုံး (အတက်ခ်) ရတာ၊ Stroke (ဆထုပ်ခ်) ဖြစ်တာ၊ Breast cancer ရင်သား-ကင်ဆာတွေ ပိုဖြစ်စေနိုင်တာ Estrogen ကြောင့် ပိုဖြစ်စေနိုင်တယ်။
Menopause (1) သွေးမဆုံးခင်၊ သွေးဆုံးရင် ဖြစ်ချင်တာတွေ (၁)
လင်-မယားအတူနေတာမှာလဲ အပြောင်းအလဲတွေ ရှိလာမယ်။ (အီစထိုဂျင်) ဟော်မုန်း နည်းလာလို့ (ဗဂျိုင်းနား) က ခြောက်လာတာမို့ အရင်ပုံစံနဲ့ ဆက်ဆံရင် နာမယ်။ ချောဆီဆေးကို သုံးနိုင်ပါတယ်။ လိင်စိတ်လဲ ပြောင်းတယ်။ စိတ်နည်းလာကြသူက အရေအတွက်များတယ်။ မနည်းသူ၊ ပိုအဆင်ပြေသူလဲ ရှိသေးတယ်။ စိတ်ဖိအား၊ ရုပ်ကျန်းမာရေး၊ အိမ်ထောင်ရေးစတာတွေအပေါ် မူတည်လို့ မတူကြတာဖြစ်တယ်။ အရင်ကလိုနေသူတွေကို သတိပေးစရာရှိတာက လိင်ကတဆင့် ကူးစက်ရောဂါတွေက သွေးဆုံးတာကို မသိကြပါ။
Scabies ယားနာ (ဝဲ)
ဝဲဖြစ်စေတဲ့ Mites (မိုက်) အကောင်လေးတွေ ဆေးကြောင့် သေသွားကြပေမဲ့ ဆက်ယားနေသေးတာက Allergic reaction အကိုက် ခံရတာကို (အလာဂျစ်) ဖြစ်စဉ်ကြောင့် ဖြစ်တယ်။ အဲဒါမျိုးကို Antihistamines (Benadryl) (အင်တီဟစ်တမင်း) ဆေးပေးတယ်။ Steroid creams (စတီရွိုက်) လိမ်းဆေး လိမ်းရမယ်။ သိပ်ဆိုးရင် Steroid pills (စတီရွိုက်) စားဆေးပါပေးရတယ်။
Gonorrhea ဂနိုရောဂါ
အတွဲဆိုရင် နှစ်ယောက်လုံးတပြိုင်တည်း ဆေးသောက်သင့်တယ်။ ဆေးကုနေစဉ်မှာ အကာကွယ်မသုံးဘဲ အတူမနေသင့်ပါ။ လိင်ကတဆင့် ကူးစက်ရောဂါတခုခုရှိသူတိုင်း HIV ကိုလဲစစ်ရပါမယ်။ သံသယရှိတဲ့အပြုအမူနောက် ၃ လနေရင် စစ်လို့ရပါပြီ။ ဆီးအက်စစ်ဓါတ် နည်းအောင် အစားအသောက် သတိပြုပါ။ အစပ်လျှော့စားပါ။ အသား၊ ငါး၊ အသဲ၊ ဥ၊ အရက်၊ ဘီယာ၊ ဝိုင်၊ ပေါင်မုံ့၊ ကော်ဖီ၊ လက်ဘက်ရည်၊ ပင်လယ်စာ၊ အသဲ၊ နှလုံး၊ ဝက်ပေါင်ခြောက်၊ အက်စစ်ဓါတ် များစေပါတယ်။
ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်နိုင်ကြောင်း ယူဆမှုများရှိ
ဆီးကြိတ်ကင်ဆာသည် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါတစ်မျိုးအဖြစ် သိပ္ပံပညာရှင်များက ယူဆလာခဲ့ကြောင်း သိရှိရသည်။ ရောဂါပိုးမွှား ကူးစက်ခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ကင်ဆာ အမျိုးအစား အနည်းငယ် ရှိသော်လည်း ယင်းတို့အနက် ဆီးကြိတ်ကင်ဆာကို ယခင်က ထည့်သွင်းမထားခဲ့ချေ။ သို့သော်လည်း ဗြိတိန်နိုင်ငံ၊ ကင်ဆာသုတေသန ဌာနမှ ပညာရှင်များက ယခုအခါ ဆီးကြိတ်ကင်ဆာသည်လည်း လူအချင်းချင်း ကူးစက်နိုင်သည့် ကင်ဆာမျိုးနွယ် တစ်ခုအဖြစ် ယူဆသင့်သည့် အလားအလာမျိုး ရှိနေကြောင်း ယုံကြည်လာခဲ့သည်။
လိပ်ခေါင်းရောဂါ အမေး၊ အဖြေများ
လိပ်ခေါင်းကနေသွေးထွက်ရင် သွေးတိတ်ဆေးတွေက သိပ်မထိရောက်ပါ။ သွေးထွက်တာ ကြာကြာဖြစ်လို့ သွေးအား နည်းနေမယ်။ အသားအရေ ဖြူရော်ရော် ဖြစ်နေတာနဲ့ အကြမ်းဖျဉ်း သိနိုင်တယ်။ သွေးအားကောင်းဆေး Ferrous Sulfate စတာမျိုးသောက်ပါ။ သံဓါတ်က ဝမ်းချုပ်တတ်ပြန်တယ်။ ဟင်းနုနွယ်ရွက်၊ ကန်ဇွန်းရွက်၊ ဒယ်အိုး၊ ဟင်းအိုးမှာချက်-ပြုတ်-ကျော်တဲ့အခါ အမဲရောင်အရည်ထွက်တဲ့ အသီးအရွက်တိုင်းသံဓါတ်တာမို့ ရွေးစားပါ။ ခါးရမ်းသီး၊ ဘောက်ရွက်။ အမဲ-ဝက်-ကြက် အသဲကလဲသွေးအားကောင်းစေတယ်။

Follow me on: