ကလေးက ကျေးရွာဆေးရုံမှာမွေးတာ။ အမေက ရောဂါရှိတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေတုန်းက ရောဂါ ကုမထားဘူး။ Prenatal HIV Treatment ယူမထားဘူး။ ကလေးမွေးတော့မှ ရောဂါရှိမှန်း သိတာ။ ဆရာဝန်တွေက ကလေးကို ရောဂါကူးဖို့ နီးစပ်နေတာ သိသွားတယ်။ ဒါနဲ့ ဆေးတွေတွဲဖက်ပြီး သုံးတဲ့နည်းနဲ့ ကုတယ်
အမေးအဖြေ (၁၃၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
အတူနေမယ်ဆိုရင် ဘယ်အချက်တွေ ရှောင်ရမလဲ။ ဆက်ဆံတဲ့ အချိန်မှာ အကာအကွယ် သုံးလို့ရလား။ ပါးစပ်ချင်း နမ်းလို့ကော ရလား၊ ကျွန်တော့် မိန်းမကတော့ လက်မထပ်ခင် ထဲက HPV ကာကွယ်ဆေး ထိုးထားပြီးသားပါ။ ကလေး ယူရင်ကော ကျန်းမာတဲ့ ကလေး ရဖို့သေချာနိုင်လား။
ဆစ်ဖလစ် စမ်းသပ်နည်းတခု
ကျွန်တော် အခြေအနေကို သိရဖို့ ထိုင်းက ဆေးရုံတစ်ခုမှာ ဆီးကို ထပ်ပြီးစစ်ခဲ့ပါတယ်။ သူတို့က ဆစ်ဖလစ်တော့ မရှိဘူးပဲ ပြောပါတယ်။ ဆေးစစ်ချက် အောင်တယ် ဆိုပေမယ့် ထပ်စစ်ရင် ကောင်းမယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း ဘာကို ထပ်စစ်ရမှန်း မသိဖြစ်နေပါတယ်။ ဒီဆေးစစ်ချက်တွေကိုလည်း ဆရာဆီကို ထပ်ပို့ပေး လိုက်ပါတယ်။ နောက် အခုအချိန်အထိ ဖြစ်နေတာက မာစတာဗေးရှင်း လုပ်လို့ ပြီးတဲ့ အချိန်မျိုးမှာ အင်္ဂါအောက်ပိုင်း အကြောတွေက သိသိသာ မာပြီး ထိတွေခံစားမှု တခု ရှိနေပါတယ်။
အမေးအဖြေ (၁၃၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
အဲဒီနိုင်ငံမှာ ဘယ်လိုစနစ်ထားလဲ သိပ်မသိပါ။ HPV ကြွက်နို့ဆိုရင် STDs အတွက် ဆရာဝန် ပြရပါမယ်။ မြန်မာပြည်မှာ ဆိုရင် သမားတော် တဦးပြရင် ဆိုင်ရာကို လွှဲပေးပါတယ်။ ကျားအင်္ဂါဖြစ်တာ အတွက် ဆီးလမ်း အထူးကုကိုပြတာ သင့်တော်ပါတယ်။
အမေးအဖြေ (၁၃၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
Masturbation လုပ်တာအတွက် သိပ်မစိုးရိမ်ပါနဲ့။ အားနည်းတယ်လို့ ခံစားရရင် အကြိမ်လျှော့ပါ။ ခဏ တဖြုတ်ဖြစ်ဖြစ် နားပြီး၊ အစားအသောက် အားရှိစေမှာ စားပါ။ သွေးကျဆေးတွေမှာ တခြားဆေးတွေလိုပဲ ဘေးထွက်-ဆိုးကျိုးတွေ ရှိတယ်။ တခုခုနဲ့ တခုတော့ မတူပါ။
သုက်ပိုးတွေ ဘယ်လောက် ကြာကြာရှင် နေနိုင်သလဲ
ယောက်ျားလေးရဲ့ သုက်ရည်ထဲက သုက်ပိုးဟာ ခန္ဓာကိုယ် အပြင်ဘက်မှာ အချိန် ဘယ်လောက်ကြာကြာ နေနိုင်ပါသလဲ။ တကယ်လို့ သုက်ပိုးဟာ ခနွာကိုယ် အပြင် ဘက်ရောက်ပြီး အချိန် နည်းနည်း ကြာမှ မိန်းမ အင်္ဂါထဲကို လက်ကနေတဆင့် အနည်းငယ် ကပ်ပါသွားခဲ့ရင်ရော ကိုယ်ဝန် ရနိုင်ပါသလား။
အမေးအဖြေ (၁၃၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ယောက်ျားလေးရဲ့ သုက်ရည်က မိန်းကလေး လိင်အင်္ဂါထဲ မဝင်ရင် ကိုယ်ဝန်မရနိုင်ပါ။ မိန်းကလေးတွေ ရာသီ မလာစေတဲ့ အကြောင်းတွေထဲမှာ ကိုယ်ဝန် တခုတည်း မဟုတ်ပါ။ သုက်ရည်ဝင်ခြင်း မရှိတာ သေချာ ရင် စောင့်ကြည့်နိုင် ပါတယ်။ ဒီထက် ပိုသေချာချင်သေးရင် မိန်းကလေးဆီးကို ကိုယ်ဝန် ရှိ-မရှိ စစ်လိုက်ပါ။ ပို့တဲ့ လင့်ခ် တွေကို စိတ်ဝင် စားရင်လဲ ဖတ်နိုင်ပါတယ်။
အမေးအဖြေ (၁၂၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျွန်တော့်ကောင်မလေးက ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ခြစ်ထားပါတယ်။ သားအိမ်ခြစ်ပြီး အတူတူနေမိပါတယ် ကိုယ်ဝန်မရှိအောင်လို့ ecee2 သောက်ပါတယ်။ ဒါပေမယ့် နောက် တစ်ခါ အတူတူနေမိတဲ့ အခါမှာတော့ တားဆေး မသောက်မိပါဘူး။ သားအိမ်ခြစ်ပြီးနောက်ပိုင်း လည်းတစ်ခါမှ သွေးမဆင်းသေးပါဘူး။
အမေးအဖြေ (၁၂၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ရာသီလာပြီး ဆက်ဆံမှုဟာ (၁) သုက်ရည်က မိန်းကလေး လိင်အင်္ဂါထဲဝင်မယ်၊ (၂) မိန်းကလေးက တားဆေး – တားနည်လည်း သုံးမထားရင်၊ (၃) ယောက်ျားလေးရဲ့ သုက်ကလည်း အရေအတွက်ရော အရည်အသွေး ပါကောင်းရင် (၄) မိန်းကလေးကလဲ အဲဒီလမှာ မျိုးဥထွက်ရင် ကိုယ်ဝန် ရလမ်းရှိနိုင်ပါတယ်။ ရာခိုင်နှုန်း အပြည့်မဟုတ်ပါ။ နည်းပါတယ်။
အာသာဖြေရုံနဲ့ HIV ပိုး ကူးစက်နိုင်ပါသလား
သူငယ်ချင်း မိန်းကလေးတွေနဲ့ အတူ အာသာဖြေတယ်ဆိုတာ ဘယ်လိုပုံစံ အာသာဖြေလဲ အပေါ်မူတည်ပြီး HIV ပိုး ကူးနိုင်/မကူးနိုင် ကို ပြောလို့ရမှာပါ။ မေးခွန်းမှာက AIDS ဖြစ်နိုင်ပါသလား လို့မေးထား ပါတယ်။ AIDS မဖြစ်ခင် HIV ပိုး အရင်ကူးစက် ရပါတယ်။ ဒီတော့ အသာဖြေပုံ မျိုးစုံကနေ HIV ပိုး ဘယ်လိုကူးလဲ သိမှ AIDS ဖြစ်နိင်/ မဖြစ်နိုင် သိရမှာပါ။
အမေးအဖြေ (၁၂၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ဟော်မုန်း မပါသော စားဆေး Centchroman ခေါ် Saheli Tablets သည် ပုံမှန် မမျိုးဥ ထွက်ခြင်းကို တားဆီးခြင်း မလုပ်ဘဲ၊ ကျားသုက်ပိုးနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သားအိမ်အတွင်း နံရံကို လာတွယ်သည့် ဖြစ်စဉ်ကို တားဆီးခြင်းဖြင့် သန္ခေဆက်လက် မတည်စေရန် ပြုလုပ်ပေးသည်။ အောက်ဖော်ပြပါဆေးမှာ ဟော်မုန်းများ မပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင် ဆိုသောကြောင့် သဘောကျ ပါသည်ရှင်။
အမေးအဖြေ (၁၂၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ရာသီမမှန်တာ စိုးရိမ်စရာတော့ မရှိပါ။ မှန်တာတော့ ပိုကောင်းပါတယ်။ ရက်နောက်ကျတာ အတွက်လဲ ဆေးတော့ မလိုအပ်လှပါ။ မှန်ချင်ရင်တော့ အိမ်ထောင်နဲ့ အတူမနေရပါစေ ကိုယ်ဝန်တားဆေးသောက် ရမယ်။ ဟော်မုန်း ၂ မျိုးပါ၊ တလ ၂၈ (၂၁) လုံးပါ၊ တနေ့ ၁ လုံးသောက်တဲ့ ဆေးပြားသောက်ရတယ်။ ၃-၄ လ အထိဆက်သောက်ပါ။ နောင်မှာ လိုသေးရင်လဲ ထပ်-ဆက် သောက်နိုင်တယ်။ အသက် ၃၅ နှစ်အထိ စိတ်ချက်လက်ချ သောက်နိုင်ပါတယ်။

Follow me on: