24
Jan

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့ (နောက်ဆုံးပိုင်း)

“တချို့ ဧည့်သည်တွေဆို မူးရူးပြီး ကျန်းမာရေး အသိလည်း မရှိတော့ ကိုယ်ဘယ်လောက် ပြောပြော ကွန်ဒုံး မသုံးချင်ကြဘူး။ ကျွန်မတို့ကလည်း လက်ထဲမရှိရင် တကူးတက ဈေးဆိုင် သွားမ၀ယ်ရဲဘူး၊ အနားမှာ ရဲကလည်း ရှိနေနိုင်သေးတော့လေ။ ဒီတော့ ကွန်ဒုံးမပါဘဲ အလုပ်လုပ်ကြရော” လို့ မဇာခြည် က ပြောပါတယ်။

23
Jan

အကြောက်တရားနဲ့ စိုးရိမ်မှုများစွာ ပါဝင်နေတဲ့ အမှောင်ထဲက ဘ၀တချို့

“အနှိပ်ခန်း မန်နေဂျာတွေရော၊ ခေါင်းတွေရော ကျွန်မတို့ကို ကောင်မလေးတွေနဲ့ ဘယ်တုန်းကမှ ပေးမတွေ့စေချင်ခဲ့ဘူး။ နောက်ဆုံး ကောင်မလေးတွေဘက်က တောင်းပန်ပြီး သွေးစစ်ချင်လို့၊ ဆီးစစ်ချင်လို့၊ ကွန်ဒုံး လိုချင်လို့ စသဖြင့် ကျွန်မတို့နဲ့ တွေ့ပါရစေဆိုလို့ ခွင့်ပြုလိုက်ရင်လည်း တွေ့ရတဲ့ အချိန်ကို လိုက်ပြီး သူတို့ကို ပိုက်ဆံပြန်ဖြတ်သေးတယ်” လို့ မသီတာ က စိတ်မကောင်းစွာ ပြောပါတယ်။

31
Dec

အပြာကားများတွင် အကာအကွယ် မသုံးပဲ သရုပ်ဆောင်ခဲ့သူ အိတ်ခ်ျအိုင်ဗီပိုး တွေ့ ရှိ၍ ပါတနာများ ထိတ်လန့်

ကျန်းမာရေး သွေးစစ်ချက် အရ ကားရိုက်ကူး ရာတွင် ပါဝင်သည့် သရုပ်ဆောင် တစ်ဦးထံမှ ဒုတိယ သရုပ်ဆောင် ထံသို့ တစ်ဆင့် ရောဂါ ကူးစက် သွားခြင်းဖြ စ်နိုင်ကြောင်း၊ ပထမ ကားရိုက်ပြီး ချိန်တွင် ရောဂါ ကူးသွားခြင်း ဖြစ်နိုင်ကြောင်း ယင်းဌာန၏ သတိပေးချက်တွင် ဖော်ပြ ထားသည်။

2
Dec

အေအိုင်ဒီအက်စ်ရောဂါ ကမ္ဘာကြီးကို စိုးမိုးနေဆဲလား

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟု ဆိုရိုး စကားရှိသလို ရောဂါပိုး ခန္ဓာတွင်းသို့ ဝင်ရောက် ကူးစက်မခံရခင်က ကြိုတင် ကာကွယ်ထားလေ့ ရှိသော အသိပညာ ဗဟုသုတနှင့် အလေ့အကျင့် ကောင်းများရှိနေပါက ပိုမို၍ လုံခြုံစိတ်ချရတဲ့ ဘဝကို ပိုင်ဆိုင်မှာမို့ လိင်အပျော်အပါးရှောင်ပါ။ မိမိ၏ဇနီး၊ ခင်ပွန်းအပေါ်သစ္စာရှိပါ။ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးပါ။ မရှောင်နိုင်လျှင် ကွန်ဒုံး (Condom) သုံးပါဟု အကြံပြုပြောဆို လိုက်ရပါသည်။

29
Nov

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၃)

၅ လအကြာမှာ စစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါ လည်း ဖြစ်နိုင်ပါတယ်။ ပထမ တစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက် စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့ အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။

17
Nov

HIV: How it spreads ဘယ်လိုကူးစက်လဲ

HIV ပိုးဟာ လူ့ကိုကနေအပြင်ရောက်ရင် ကြာကြာမရှိပါ။ မိနစ်တွေနဲ့ နာရီတွေအထိသာ ရှင်နိုင်တယ်။ မိနစ် အနည်းငယ်လို့ ပြောရင် မလွဲပါ။ ရက်အထိမရှင်ပါ။ သူတု့ရဲ့ ရောဂါရနိုင်စွမ်းကလဲ ကိုယ်ထဲထွာက်နေရတာ ကြာလေလေ နည်းလာလေလေဖြစ်တယ်။ ကိုယ်ပုချိန် ၉၈.၆ ကိုသာနှစ်သက်လို့ ဒိထက်အေးရာမှာ ကြာကြာ မရှင်တာဖြစ်တယ်။

7
Nov

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၂)

၅ လ အကြာမှာစစ်ရင် HIV ပိုးအတွက် အဖြေမှန်ရနိုင်ပါတယ်။ ခြေထောက်က အဖုတွေက HIV နဲ့ သိပ်မဆိုင်ပါဘူး။ သာမန် အရေပြားရောဂါလည်း ဖြစ်နိုင်ပါတယ်။ ပထမတစ်ခါ Non-reactive လို့ အဖြေထွက်ထားတဲ့ အတွက်စိတ်မပူပါနဲ့ များသောအားဖြင့် ကာလသားကို သွေးစစ်ဖို့ မေ့တတ်တဲ့အတွက် HIV သွေးစစ်ရင် တွဲပြီး စစ်ပါ။

30
Oct

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၁)

Spa သွားခဲ့တာ ဘယ်လောက်ကြာပြီလဲ သိချင်ပါတယ်။ မိတ်ဆွေရဲ့ လက်မှာ အနာတို့ ထိခိုက်ရှနာတို့ ရှိနေပါသလား သိချင်ပါတယ်။ HIV ကတော့ ကူးစက်ခါစမှာ ဒီလိုမျိုး လက္ခဏာ မပြပါဘူး။ အမျိုးသမီးက Oral လုပ်ပေးတယ်။ မိန်းမကိုယ်ထဲ လက်ထည့်ပြီး လိင်အင်္ဂါရည်နဲ့ ထိတွေ့ခဲ့တယ်ဆိုရင် ဖြစ်နိုင်ချေက ကာလသားရောဂါ ဖြစ်နိုင်ပါတယ်။ ဒါက ဖြစ်နိုင်ချေပါ။ ဆရာဝန်ပြောသလို အရေပြား ယားယံတာလည်း ဖြစ်နိုင်ပါတယ်။

29
Oct

HIV ပိုး ရှိမရှိ သေချာစေလို (အမေးအဖြေ) (၁၀)

ကာလသားရောဂါ အတွက် ဆေးကို ဘယ်လိုသောက်ခဲ့သလဲ သိချင်ပါတယ်၊ ဘာရောဂါလို့ ပြောပါသလဲ။ ကာလသားရောဂါက ဆေးစနစ်တကျကုရင် ပျောက်ပါတယ်။ လိင်ဆက်ဆံတိုင်း သတိရှိဖို့လိုပါတယ်။ အကာအကွယ် (ကွန်ဒုံး) သုံးရပါမယ်။ လိင်ဆက်ဆံ ဖော်ရှိရင် သူ့ကိုပါ ဆေးကုဖို့လိုပါတယ်။ Oral sex လုပ်တာမျိုး ရှောင်ရပါမယ်။ ကွန်ဒုံးသုံးပေမယ့် Oral sex လုပ်ရင် ကာလသားရောဂါတွေ ပြန်ကူးနိုင်ပါတယ်။

23
Oct

HIV ကူးစက် ခံနေရပြီလား (၉) (အမေးအဖြေ)

အခု ရက်ရှည်ဖျားတာကို အရင်ဆုံး သေသေချာချာ ကုသပြီး ရောဂါ အဖြေရှာစေချင်ပါတယ်။ ဒီအတွက် သမားတော်နဲ့ ပြစေချင်ပါတယ်။ သမားတော်က သွေးစစ်၊ ဆီးစစ် တာတွေလုပ်ပြီးမှ ကျန်တဲ့ HIV ရှိ/မရှိ သွေးစစ်ဖို့၊ ကာလသားရောဂါ ရှိ/မရှိ သွေးစစ်ဖို့ကို လုပ်စေချင်ပါတယ်။

13
Sep

ဝင်နေကြ ကောင်မလေး ရှိလား

“ဘိုင်” များများ ရှိတဲ့ အနှိပ်သမဟာ ဆိုင်ရှင်ရဲ့ အားပေး အားမြှောက်မှုကို ခံရလေ့ရှိပြီး သူများတွေ ထက်လည်း အခွင့်အရေး ပိုမို ရရှိကြပါတယ်။ ဒါပေမဲ့ “ဘိုင်”တွေ အများကြီး ရဖို့ဆိုတာ ရုပ်ရည် ပြေပြစ်ရုံ၊ စွဲဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ ဧည့်သည်တွေ ကို နွေးနွေး ထွေးထွေး ဆက်ဆံ တတ်ပြီး၊ ဧည့်သည် အလိုကျ မငြိုမငြင် ပြုစု ပေးနိုင်ဖို့ အများကြီး လိုအပ်ပါတယ်။

29
Jul

ခေါင်းပြန်ထောင်လာမှာ စိုးရိမ်နေရသော အိပ်ခ်ျအိုင်ဗွီ

အိမ်ထောင်ဖက် မဟုတ်သူနှင့် လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးရန် ပညာပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီ စမ်းသပ် စစ်ဆေးပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီရှိသူများနှင့် အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားနိုင်ခြေ အလွန်များသူများကို အေအာတီဆေးများ တိုက်ကျွေးခြင်း၊ ဆေးထိုးအပ်များ မျှဝေ မသုံးစွဲအောင် ပညာပေးခြင်း နည်းလမ်းများဖြင့် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်မှု ထိန်းချုပ်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လမ်းညွှန်သည်။

Follow me on:

Back to Top