18
Aug

အမျိုးသမီးများ တကိုယ်ရေ သန့်ရှင်းရေး

မိန်းကလေးတိုင်း ကိုယ်နံ့ မတူတတ်တာထဲမှာ ဒီနေရာက အနံ့လဲပါတယ်။ သဘာဝပါ။ ရာသီဆင်းချိန်မှာလဲ အနံ့မတူ ဖြစ်လာနိုင်တယ်။ ဆင်းတဲ့ရာသီသွေးက ဟောင်းနေတာဆိုရင် တမျိုးဖြစ်နိုင်တယ်။ မေ့လျှော့ပြီး ရာသီလာတုံးသုံးတဲ့ Tampon ကို မထုတ်ဘဲ ထားမိရင်လဲ ဖြစ်တတ်တယ်။

17
Aug

မိန်းမကိုယ် ရောဂါကင်းပြီး သန့်ရှင်း ကျန်းမာစေရန်

မိန်းမကိုယ် ရောဂါဘယ ကင်းရှင်းပြီး ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေးအပြင် ရာသီလာနေစဉ်မှာ မိန်းမကိုယ် သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရာသီလာစဉ်မှာ အသုံးပြုတဲ့ လစဉ်သုံး ပစ္စည်းကို မလဲလှယ်ဘဲ တစ်နေကုန် အသုံးပြုတာမျိုး မလုပ်သင့်ပါ။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး နီရဲတာ၊ ယားယံတာတွေ ဖြစ်နိုင်တာကြောင့်ပါ။

15
Aug

လိင်ဆက်ဆံမှု သုခ ပြည့်ဝစေဖို့ ဘာတွေလိုအပ်လဲ

အမျိုးသမီးတွေ အနေနဲ့ကတော့ သူတို့က အပေါ်က နေတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတဲ့ အခါမှာ သူတို့ရဲ့ ဗိုက်နဲ့ တခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက ဘယ်လိုပုံစံဖြစ်နေမလဲလို့ စိုးရိမ်မှုကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့ အမျိုးသားက ရမ္မက်စိတ်ဝင်နေပြီဆိုရင် တခြားမတွေးမိဘဲနဲ့ ကိုယ့်ရဲ့ အမျိုးသမီးက ကြည့်ကောင်းတယ်လို့ပဲ တွေး ကြမှာဖြစ်ပါတယ်။

11
Aug

ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့်နည်းလမ်းကောင်းများ

အကောင်းဆုံး အကြံပြုချက်ကတော့ တစ်ပါတ်လျှင် ၂ ကြိမ် ၃ ကြိမ်ဖြင့် အပါတ်တိုင်း ပြုလုပ်ခြင်းဖြင့် သင့်အား ကလေးရစေဖို အခွင့်အလမ်း ပိုများလာစေပါလိမ့်မည်။ လိင်ဆက်ဆံပြီးပါကလည်း ချက်ခြင်းထပြီး ရေချိုးခြင်းမျိုးထက် ၁၀ မိနစ် ၁၅ မိနစ်ခန့် လှဲလှောင်းနေပေးပါ။ တစ်ချို့တွေကတော့ ခြေ ၂ ချောင်းကို လေထဲတွင် မြှောက်ထားလျှင် ပိုကောင်းသည်ဟု ဆိုကြသော်ငြားလည်း တကယ်တန်းတော့ မလိုအပ်ပါဘူး။

7
Aug

PLHIV တစ်ယောက်မှာ ကလေးယူလို့ ရ၊ မရ (အမေးအဖြေ)

အိမ်​​ထောင်​ရှိပါတယ်​။ လင်​မယားနှစ်​​ယောက်​လုံးက HIV positive ပါ။ ​ART ​ဆေးကိုလဲ ​သောက်​လာတာ တစ်​နှစ်​​လောက်​ ရှိပါပြီ။ သိချင်​တာက HIV ​ဝေဒနာရှင်​ အ​နေနဲ့ ကိုယ်​ဝန်​​ဆောင်​လို့ရ မရ၊ က​လေး​မွေးရင်​ ​ဆေးရုံ​တွေက လက်​ခံပြီး​မွေး​ပေးပါ့မလား၊ က​လေးကို ကူးနိုင်​ပါသလား။

4
Aug

မျိုးဆက်ပွား ကျန်းမာရေးအထူးပြု လေ့လာနိုင်မည့် ဖုန်းအပလီကေးရှင်း ဖြန့်ချီ

အဲဒီ အပလီကေးရှင်းမှာ အေအိုင်ဒီအက်စ်နဲ့ အိပ်ခ်ျအိုင်ဗွီ အကြောင်းတွေ ပြည့်ပြည့်စုံစုံ သိနိုင်မှာဖြစ်သလို ကုသရေးနဲ့ ဆေးဝါး ရနိုင်တဲ့ နေရာတွေကိုလည်း လမ်းညွှန်ထားပါတယ်။ ကိုယ်တိုင်ကြုံနေရတဲ့ ကျန်းမာရေးပြဿနာတွေ အတွက် လက္ခဏာ အလိုက် ရောဂါတွေ ကိုလည်း ဆန်းစစ်နိုင်မှာပါ။

24
Jul

လိင်ဆက်ဆံခြင်းပုံစံ အနေအထားနဲ့ ကိုယ်ဝန် ဘယ်လိုယူမလဲ

ဘယ်အချိန်မှာ သုတ် ပိုးနဲ့ မမျိုးဥ တွေ့ဆုံပြီး သန္ဓေတည်သွားနိုင်မယ်ဆိုတာက မသိနိုင်တဲ့ အတွက် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိ ဆက်ပြီး လဲလျောင်းနေသင့် ပါတယ်။ နောက်ထပ် အရေးကြီးတာ တခုကတော့ ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင် မမျိုးဥ ထွက်လာနိုင်တဲ့ အချိန်ကို မှန်းဆနိုင်ဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာပြီး နောက် ၁၄ ရက်ကြာရင် မျိုးဥ စပြီးဆင်းပါ တယ်။ အဲဒီအချိန်ဟာ သန္ဓေတည်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပြီးတော့ အဲဒီအချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ် မျိုးရနိုင်ပါတယ်။

21
Jul

ကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ

HIV ပိုးဟာ (အယ်လ်ကာလီ) နဲ့ အက်စစ်ဓါတ်ခေါ် pH level မတူရင်လည်း ခံနိုင်မတူပါ။ pH 7 ထက်နည်းတာရော pH 8 ထက်များတာမှာပါ ကောင်းကောင်းမရှင်နိုင်ပါ။ ကျန်းမာနေတဲ့အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာဖြစ်တယ်။

16
Jul

မျိုးဥ ထွက်-မထွက် စမ်းနည်း

လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ကရိယာကို Ovulation test ခေါ်တယ်။ Ovulation Predictor Kits လို့လည်း ခေါ်တယ်။ မျိုးဥဟာ မျိုးဥအိမ်ကနေထွက်ပြီး ၂၄ နာရီအထိခံတယ်။ လအလယ်မှာ မျိုးဥထွက်ဘို့ (LH) ဟော်မုန်းနည်းနည်း ပိုထွက်လာရတယ်။ ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။ ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။ အားလုံးကို ခြုံလိုက်ရင် ၇၈% က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။

7
Jul

သြစတြေးလျတွင် သွားဆေးခန်းပြခဲ့သူ လူနာ ၁၁,၀၀၀ HIV ပိုး ကူးစက်ခံရမည်ကို စိုးရိမ်နေရ

သြစတြေးလျနိုင်ငံတွင် သွားဆေးခန်းပြခဲ့သည့် လူနာပေါင်း ၁၁,၀၀၀ အထိသည် HIV ပိုး ကူးစက်ခံရနိုင်ဖွယ် ရှိခဲ့သောကြောင့် ၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဇူလိုင် ၂ ရက်တွင် ဆရာဝန်များကို တောင်းဆိုခဲ့သည်။ ဆစ်ဒနီရှိ ဆေးခန်းများတွင် သန့်ရှင်းရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် HIV နှင့် အသည်းရောင်ရောဂါပိုးများ ကူးစက်ခံရနိုင်သည်ဟု စိုးရိမ်နေကြသည်။

6
Jul

Photoshop Missile မြန်မာပြည်က ဆေးကြော်ငြာထက် သာတဲ့ မြောက်ကိုရီးယားက ပရိုပါဂန်ဒါ

မြောက်ကိုရီးယားဆေးကို ဂျန်ဆင်းကနေ မြေသြဇာသုံးပြီးထုတ်ထားတဲ့ Kumdang-2 ဓါတ်ပေါင်းဖြစ်တယ်။ ကျန်းမာရေး ပြဿနာမှန်သမျှ ထိုးဆေးတလုံးတည်းနဲ့ ပျောက်မယ်လို့ဆိုပါတယ်။ ဆေးဝဘ်ဆိုက်မှာ အာဖရိကမှာ စမ်းသပ်တော့ ၅၆% HIV ပျောက်ကင်းပြီး၊ ၄၄% က သိသိသာသာ တိုးတက်လာတယ်လို့ ရေးထားပါတယ်။

27
Jun

မြန်မာ-တရုတ် နယ်စပ်တွင် ပြင်းထန် HIV ရောဂါပိုးတစ်မျိုး တွေ့ရှိ

“တရုတ်နိုင်ငံက သူတို့က ဒါကို အထူးပြု လေ့လာနိုင်လို့ ဒီလိုသိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို မစစ်ဆေး နိုင်သေးတော့ မသိနိုင်သေးဘူး။ ဒါပေမဲ့ သတိထားဖို့ လိုတယ်” ဟု HIV ရောဂါနှင့် ပတ်သက်၍ သုတေသနများ ပြုလုပ်လျက် ရှိသော ဦးမျိုးသန့်အောင်က The Messenger Media သို့ ပြောသည်။

Follow me on:

Back to Top