ထိုင်းနိုင်ငံသည် ၁၉၈၄တွင် (၁.၁)သန်းကျော် ရောဂါဖြစ်ပွားခဲ့ပြီး (၅) သိန်းကျော် သေဆုံးရာမှ အလေးထား ကာကွယ်မူကြောင့် ၂၀၀၉ တွင် ဖြစ်ပွားသူ (၅) သိန်းကျော်ရှိပြီး သေဆုံးမူမှာ (၂၈၀၀၀) သာဖြစ်အောင် ဟန်တား ကာကွယ်နိုင်မူအား လေ့လာ အတုယူ သင့်ပါသည်။ တရားဝင် ပြည်တန်ဆာ ရှိနေရာနှင့် တန်းတူ မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွားမှုအား နိုင်ငံတော် အစိုးရနေဖြင့် အမျိုးသားရေး တာဝန်တစ် ရပ်အဖြစ် ဆောင်ရွက်သင့်ပါကြောင်း တင်ပြ လိုက်ရပါသည်။
ကျား-လိင်အင်္ဂါ ကောက်နေခြင်း
ကျား-လိင်အင်္ဂါအထဲမှာ အမာရွတ်လို Plaque ဒါမှမဟုတ် Hard lump မာနေတဲ့ အစိုင်အခဲ ရှိနေတာမို့ လိင်တံက ကောက်နေတာကို ခေါ်တယ်။ နဲနဲကောက်တာနဲ့ များများကောက်တာ ရှိမယ်။ ဖြေးဖြေးဖြစ် တာနဲ့ မြန်မြန်ဖြစ်တာ ရှိတယ်။ အင်္ဂါ သန်မာမှုဖြစ်ရင် နာတယ်။ ကြာရင် နာတာ သက်သာလာနိုင်တယ်။ ကောက်နေတာ ကျန်နေတယ်။ လိင် ဆက်ဆံရာမှာ အခက်အခဲရှိလာနိုင်တယ်။ နဲနဲဖြစ်သူတွေမှာ ပြဿနာ မရှိပါ။
အမျိုးသားများနှင့် စိတ်ဖြေခြင်း
လေ့လာမှု အမျိုးမျိုးက သုက်လွှတ်ခြင်းက သုက်ပိုးများ၏ အရေအတွက်နှင့် လှုပ်ရှားမှု အားပို၍ တိုးတက်စေကြောင်း အကြံပြုခဲ့သည်။ အကြောင်းမှာ အိုဟောင်းနေသော သုက်ပိုးများ နေရာတွင်သုက်ပိုး အသစ်များက စားထိုးလာသော ကြောင့်ဖြစ်ပြီး၊ ယင်းက သန္ဓေအောင် နိုင်မှုနှုန်းကို မြင့်တက်စေသည်။
ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာနဲ့ HIV
Oral Sex is not risk free ဆက်ဆံရာမှာ ပါးစပ်ကို အသုံးပြုခြင်းဟာ အန္တရာယ် မကင်းပါ။ (၁) တယောက်မှာ HIV ပိုးရှိနေရင်၊ (၂) နှစ်ယောက်လုံးက ဆေးစစ်မထားလို့ ပိုးရှိ-မရှိ မသိကြရင်၊ (၃) တယောက် ယောက်ဟာ အတူနေဖေါ်များသူဆိုရင် နဲ့ (၄) တယောက်ယောက်ဟာ မူးယစ်ဆေး ထိုးနေသူဆိုရင် လိင်ဆက်ဆံရာမှာ ပါးစပ်သုံးရင် HIV ကူးစက်နိုင်ချေ ရှိပါမယ်။
Aphaw Gel သုံးရင် Condom သုံးစရာ မလိုဘူးဆိုတာ ဟုတ်ပါသလား
ကိုယ့်အမျိုးသမီးနဲ့ အတူနေပြီး ကလေးလည်း လိုချင်တယ်ဆိုရင် ကွန်ဒုံး သုံးစရာမလိုပဲ ဂျယ်လေးသုံးပြီ သာသာယာယာ စခန်းသွားလို့ ရပါတယ်။ ဒီလိုမဟုတ်ပဲ အပြင်က ကြေးစား မိန်းကလေးနဲ့ သွားမယ်ဆိုရင်တော့ ကွန်ဒုံးကို ရောဂါ ကာကွယ်ဖို့ သုံးရမှာဖြစ်ပြီး လိင်ကိစ္စ သာယာစေဖို့ ဂျယ်ကို သုံးလို့ ရပါတယ်။
လင်မယား ဆက်ဆံရေး မေးခွန်း (၂)
လိင်မှုကိစ္စဟာ တခြား အရေးအရာတွေလိုဘဲ။ နှစ်ဦးနှစ်ဘက် ပါဝင်ပတ်သက်ရတယ်။ လက်လုပ်တီးတာ လက်နှစ်ဖက် ပါရသလိုမျိုး။ လက်နှစ်ဖက်တော့ ဟုတ်ပါရဲ့ တဖက်လက်ဝါးက ဖြန့်ကော့ထားရင် မြည်တဲ့ လက်ခုပ်သံက မပီသဘူး။ တက်ညီ-လက်ညီ ရှိကြတာ ကောင်းတဲ့ ဂုဏ်တရပ်ပါ။ ရှေ့သွား၊ နောက်လိုက်ညီကြတယ်ဆိုတာ အများအမြင်သာ ဖြစ် တယ်။ ဘက်ညီတယ်ဆိုတာမှာ အတူနေတဲ့ကိစ္စလဲ ပါသင့်တယ်။
အမေး အဖြေ (၁၀၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျွန်မသူငယ်ချင်းတစ်ယောက်က သိချင်တာပါ။ သူကကိုယ်ဝန် (2) ပတ်နဲ့ သွေးဆင်းပြီး ပျက်ကျသွားပါတယ်။ သူရဲ့ချစ်သူနဲ့က အဝေးဆီမှာဆိုတော့ သတင်းပဲ ပို့ပေးဖြစ်ပါတယ်။ သူကမယုံကြည်ပါဘူးတဲ့။ သူတို့နှစ်ယောက်တွေတော့ ကောင်းလေးက ကောင်မလေးရဲ့ချက်ကိုကြည့်ပါရစေတဲ့။ ကိုယ်ဝန်ပျက်တာနဲ့ ချက်ကြည့်တာ ဆိုင်ပါသလား။ ဘယ်လိုလက္ခဏာများ ကျန်ရှိနေတတ်ပါလဲ။
အမေးအဖြေ (၁၀၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
သမီးကတော့ B ပိုးရော C ပိုးရော စစ်ထားပါတယ်။ နှစ်ခုလုံးမရှိပါဘူး။ B ပိုးကာကွယ်ဆေးလဲ ထိုးထားပါတယ်။ ဆေးလဲအောင်ထားပါတယ်။ အခု သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကိုလဲ ထိုးနေပါတယ်။ သမီးက HIV ဖြစ်လောက်တဲ့ အခြေအနေမျိုးကိုလဲ တစ်ခါဆိုတစ်ခါမှ မနေဖူးပါဘူး။ သမီးကသွေးတော့ လှူဖူးတယ်ဆရာ။ (အလှုခံတာမဟုတ်ပါဘူး သမီးကလှုထားတာပါ) ။ ပြီးတော့ သမီးက ဝပါတယ်ဆရာ။ HIV ပိုးရှိသူတွေက ပိန်တက်တယ်လို့ပြောတဲ့အတွက်ကြောင့် သမီးမှာတော့ HIV ပိုးမရှိလောက်ဖူးလို့ သမီးယုံပါတယ်။
မူလတန်းအဆင့် အေ့ဒ်စ်ပညာပေး ထိရောက်မှု နှေးကွေး
Unicef နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့၏ ပူးပေါင်းကောက်ယူခဲ့သော HIV/AIDS ရောဂါကူးစက် ခံရသူကလေးငယ်များ စာရင်းအရ ၂ဝဝ၉ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အသက် ၁၅ နှစ်အောက် ကလေးငယ် ၄၆၅ဝ ဦးမှာ အဆိုပါ ရောဂါပိုး ကူးစက်ခံ ထားရပြီး ၄င်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ငါးနှစ်အောက် ကလေးများဖြစ်ကြောင်း သိရသည်။
အမေးအဖြေ (၉၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျမအသက် (၃ဝ) (့) မှာနေပါတယ်။ 11th November က အမျိုးသားနဲ့ အကာအကွယ်မပါပဲ ဆက်ဆံမိပါတယ်။ အမျိုးသားကတော့ အပြင်မှာပဲသုတ်ရည် စွန့်ထုတ်ပါတယ်။ နောက်ရက် Ecee2 Levonorgestrel ကိုလည်း ၁၂ နာရီခြားပြီး သောက်ခဲ့ပါတယ်။ ယခု ဆရာထံစာရေးသော 24th November အထိ Menstruation မလာသေးသဖြင့် ကိုယ်ဝန် ရှိနေနိုင်ပါသလား ဆရာ။ မနေ့က Pregnancy Tester နှင့်ဆီးစစ်တော့ Negative ပဲပြပါတယ်ရှင့်။ ဒါပေမယ့် Menstruation မလာသေးသဖြင့် စိတ်ပူနေမိပါတယ်။ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးလို့ပါ။
အမေးအဖြေ (၉၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျွန်မက အသက် ၃၃ နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေး မရှိသေးပါ။ (့) မှာ အလုပ်သက်တမ်းတိုးဖို့ HIV စစ်ခိုင်းလို့ သွေးစစ်တော့ blood interference ဖြစ်နေတယ် ဆိုပြီး သွေးထပ်စစ်ခိုင်းလို့ပါ။ လွန်ခဲ့တဲ့ (၂)နှစ်တုန်းက အလုပ် သက်တမ်းတိုးဖို့ သွေးစစ်တော့ အဆင်ပြေပါတယ်။ blood interference ရဲ့ မြန်မာ အဓိပ်ပါယ်ကို သိပါရစေ။
အမေးအဖြေ (၉၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကျွန်မ အသက် ၁၆ နှစ်ပြည့်ပြီးပါပြီ။ အရင်ကျွန်မ ရာသီလာတာက ၂၂ ရက်လောက်မှာပါ။ နောက် ချစ်သူနဲ့ ဆက်ဆံမိတော့ ရာသီလာတာက ၁၆ ရက်ကို ရောက်သွား ပါတယ်ရှင်။ ဒါပေမယ့် ကျွန်မတို့ ကွန်ဒွမ်ကို သုံးပြီး ဆက်ဆံပါတယ်ရှင့်။ ဆက်ဆံပြီးတိုင်း ကွန်ဒွမ်မပေါက်တာ သေချာမချာစစ်ပါတယ်ရှင်။ အခုတစ်ခါ ကျွန်မ ရာသီလာတာက ၁၃ ရက်နေ့ထိ ကျသွားပါတယ်ရှင်။ ပြီးတော့ ကျွန်မ အိမ်သာသွားတော့ သွေးပစ်ပစ်တွေ ကျလာပါတယ်ရှင်။

Follow me on: