အိန္ဒိယဟာ ကမ္ဘာမှာ HIV/AIDS ဝေဒနာရှင် တတိယအများဆုံးရှိနေတဲ့ နိုင်ငံဖြစ်ပြီး ကူးစက်တတ်တဲ့ ဒီဗိုင်းရပ်ကို ထိန်းသိမ်းရေးမှာ အခက်အခဲတွေ ရင်ဆိုင်နေရ တုန်းပါပဲ။ ဒီအကြောင်း ဘစ္စမေလာ ဂီလာနီက သတင်းဆောင်းပါး ပေးပို့ ထားပါတယ်။
ကျားအင်္ဂါ ကြီးစေခြင်း (၆)
အခု ကျွန်တော် အိမ်ထောင်ကျသွားပါပြီ။ ဒါပေမယ့် ကျွန်တော့် လိင်တံဒဏ်ကို မိန်းမက မခံစားနိုင်ဘူး ဖြစ်နေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း လိင်ဆက်ဆံပြီးတိုင်း ဖြစ်ဖြစ် မဆက်ဆံပဲ ထားတဲ့ အခါဖြစ်ဖြစ် တစ်ချက်တစ်ချက် ဆေးခဲနေတဲ့ နေရာတွေက ကိုက်သလိုလို နာသလိုလိုလေး ခံစားမှု အသေးလေးတွေ ခံစားလာမိပါတယ်။ အဲဒီလို ကိုက်သလိုလို ဖြစ်လာတာက ဒဏ်ရာကျက်ပြီး ၁ နှစ်ကြာပြီးမှ ခံစားလာရတယ်လို့ ခံစားမိပါတယ်။
အမေးအဖြေ (၈၇) (၁၈ နှစ် ပြည့်မှ ဖတ်ပါ)
ပုံမှန်လာရက်မဟုတ်ရင် နည်းနည်းနဲ့နေ့တိုင်းဆင်းပါတယ်။ ဒီတော့ သူငယ်ချင်းဆရာဝန်ကို မေးကြည့်တော့သူက သွေးထိန်းဆေးနဲ့ ပြန်စားကြည့်ပါလို့ ပြောလာပါတယ်။ Primolut N ကိုပြန်သောက်ကြည့်ပါတယ် ဒီတော့ သွေးနေ့တိုင်း ဆင်းတာတော့ ရပ်သွားပါတယ်။ ဒါပေမယ့်တစ်ပတ်ခြားတော့ ရာသီသွေးတွေဆင်းပါတယ်။ (များပါတယ်)။ အဲဒီဆေးမသောက်ရင် နည်းနည်းစီ နေ့တိုင်း ဆင်းနေဆဲပါ။ ဆေးပဲ အမြဲ ဆက်သောက် ရမလားသေချာမသိလို့ပါ။
ကျားအင်္ဂါ ကြီးစေခြင်း (၃)
ရိုးရိုးနေချိန်ရော သန်မာမှုဖြစ်ချိန်မှာပါ တိုးတယ်ဆိုတာ သိသာတယ်။ ၂ လအတွင်း ပြောတာ မဟုတ်ရင် ငွေပြန်အမ်းမယ် ဆိုတာလဲ ပါသေးတယ်။ ဒီနည်းဟာ Medical principle of traction ဆွဲဆန့်ခြင်း ဆေးပညာ-သဘောတရားကို အခြေခံတယ်။ သူတို့ဆီက ရှေးရိုးဥပမာတောင် ပြလိုက်သေးတယ်။ ကိုယ့်ဆီမှာ ဘာနဲ့ တူမလဲဆိုရင် ပဒေါင် (ကယား၊ ကယန်း) အမျိုးသမီးတွေ လည်ပင်းမှာ ကြေးပတ်တဲ့ ဓလေ့ကြောင့် ကြာလေလေ လည်ပင်းရှည်လေလေသဘော ဖြစ်မယ်။
ကျားအင်္ဂါ ကြီးစေခြင်း (၂)
ကျားအင်္ဂါ ကြီးစေနည်းတွေ အမျိုးမျိုး စမ်းကြ၊ လုပ်ကြတယ်။ အရွယ်ရောက်ပြီးသား လူတယောက် အရပ်ရှည်ချင်တာဟာ လွယ်တာ မဟုတ်ပါ။ တခြား ကြွက်သားတွေ သန်အောင်၊ ထွားအောင်တော့ သေခြာပေါက် လုပ်လို့ရတယ်။ ဒါပေမဲ့ အရိုး အခြေခံတဲ့ လူ့အရပ်၊ အရိုးလည်းမပါ၊ ကြွက်သားအစစ်လဲ မပါတဲ့ လိင်အင်္ဂါကို ပြုပြင်ဘို့ မလွယ်ပါ။
ကျားအင်္ဂါ ကြီးစေခြင်း (၁)
ကျားလိင်အင်္ဂါဟာ သန်မာချိန်မှာ ၂ လက္မခွဲမှ မရှိရင်တော့ Micropenis လို့ဆိုပြီး၊ ဆေးပညာအရ သတ်မှတ်ပါတယ်။ လိင်ဟော်မုန်းနဲ့ ဆိုင်တာပါ။ Testosterone ပေးရ တယ်။ ခွဲစိတ်ပေးရတယ်။ ဆီးထွက်ပေါက်က ပန်းထိပ်ဖျားမှာ မရှိဘဲ၊ လိင်တံရဲ့ အောက်ခြေ တနေရာရာမှာ ရှိနေတာမျိုးက Hypospadias ဆိုတဲ့ မွေးရာပါဖြစ်တယ်။ ခွဲစိတ် ပြုပြင်လို့ရတယ်။ ဒီအင်္ဂါရဲ့အရွယ်အစားဟာ မျိုးရိုးအရ မဟုတ်ဘဲ၊ အစာအာဟာရ၊ ပတ်ဝန်းကျင်တို့နဲ့လဲဆိုင်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာ Pesticides, Triclosan, Plasticizers, Lavender oil ဓါတုဆေးတွေ ညစ်ညမ်းနေတာမျိုး ဖြစ်ပါတယ်။
ရှည်ချင်၊ ကြီးချင်သူများ
Injection of liquid silicone into the penis and the scrotum လိင်တံနဲ့ ကပ်ပဲ့အိပ်ထဲထိုးနည်းမှာ ကောင်းတာရော ဆိုးတာပါ ရှိတယ်။ လုံးပါတ် သိသိသာသာ တိုးလာမယ် မရှည်စေပါ။ ၉ ဆအထိ ကြီးစေနိုင်တယ်။ ဆေးထိုးလိုက်လို့ အနားက တစ်ရှူး (သွေးကြော၊ အာရုံကြော) တွေထိခိုက်နိုင်ပြီး ထုံလာတတ်တယ်။ အမာရွတ် လိုဖြစ်တတ်တယ်။ အဆင်မသင့်ရင် လိင်ဆက်ဆံတာမှာ ပြောင်းပြန် အကျိုး ဖြစ်စေနိုင်တယ်။
အမေးအဖြေ (၈၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
မိန်းကလေးများ အဓမ္မကျင့်ခံရတာမျိုးက ဖျားယောင်းပြီး ဆက်ဆံတာ၊ အရက်၊ မူးယစ်ဆေးတိုက်ပြီး ကျင့်ကြံတာ မျိုးတွေနဲ့ မတူပါ။ အဓမ္မ သဘောဖြစ်လို့ ခံရသူမှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဆိုးလွန်းတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ရမယ်။ ရုံးကန်လို့ရော၊ ရုံးတာကို မရုံးနိုင်အောင် လုပ်ခံရလို့ရော၊ ကြောက်သွားအောင် တမင်လုပ်တာ ခံရလို့ရောကြောင့် ရုပ်ပိုင်းဒဏ်ရာတွေ ရှိနိုင်တယ်။ ရာသီကို အပြောင်းအလဲဆိုတာကြတော့ အပြုခံရလို့ ကိုယ်ဝန်ရနိုင်တယ်။
အမေးအဖြေ (၈၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
သွေးအရောင်မှာ ပုံမှန်မဟုတ်ဘဲ အပုတ်ရောင်ဖြစ်နေပါတယ်။ နေ့စဉ် နဲနဲ ပေါ်နေခဲ့ ပါသည်။ ရက်ကြာလာသည့် အတွက် စိတ်ပူနေပါသည်။ မည်သို့ ဆက်လက် လုပ်ဆောင် ရမည်ကို ဖြေကြားပေးပါရန်။
HIV ပိုး ရှိနိုင်မှန်း သိနိုင်တဲ့ လက္ခဏာများ
HIV ပိုးရှိသူတွေ အနေနဲ့ ရာသီသွေးနည်းတာ၊ သွေးကျဲတာတွေ ဖြစ်တတ်ပါတယ်။ အချိန် မတိုင်ခင် မီးယပ်သွေးဆုံးတာ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ၄၉ နှစ်မှ ၅၃ နှစ် အရွယ်မှာ သွေးဆုံးတတ်ပေမဲ့ HIV ပိုးကူးစက်ခံရသူတွေမှာ ၄၇ မှ ၄၈ နှစ်အရွယ်မှာ သွေး ဆုံးတတ်ပါတယ်။
လူငယ် (၄) သိန်းအား HIV/AIDS နှင့် မျိုးဆက်ပွား ပညာပေးမည်
သက်ရွယ်ဆင်တူ ပညာပေးရေး လုပ်ငန်းများ၌ မြို့နယ်ပေါင်း (၄၂) မြို့နယ်မှ လူငယ်များအား ဗဟို ကျန်းမာရေး ပညာဌာန၊ Marie Stopes International(MSI) တို့နှင့် ပူးပေါင်းကာ HIV အေအိုင်ဒီအက်စ်၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်၍ ပညာပေး သွားမည်ဖြစ်သည်။
သုက်လွှတ်စောခြင်း (၂)
ကနေ့ Sex therapists လိင်အထူးကု အများစု ပြောတာက Lack of ejaculatory control သုက်လွှတ်မှာကို ထိန်းထားနိုင်စွမ်းဟာ ယောက်ျား-မိန်းမ တဦးမဟုတ် တဦးမှာ Sexual or Emotional well-being လိင်စိတ်နဲ့ သာယာမှုကို Interferes အနှောင့်အယှက် ဖြစ်နေ တာလို့ ဆိုပါတယ်။ အရေအတွက်ရော အရည်အသွေးပါ အကြုံးဝင်တယ်ပေါ့။

Follow me on: