(ကွန်ဒွမ်) ဆိုတာ လိင်ရောဂါ ၉၆ ပါး ကာကွယ်တယ်လို့ တင့်စားနိုင်ပါတယ်။ အဲ တချို့ ယောက်ျားများဟာ လိင်အင်္ဂါကို (ကွန်ဒွမ်) စွပ်ထားရင် အင်္ဂါချင်း တိုက်ရိုက် ထိတွေ့မှု မရှိတဲ့အတွက် နှေးစေတယ်။ တချို့ ကျတော့ (ကွန်ဒွမ်) ကြောင့် မြန်မြန် ကိစ္စပြီးချင်တယ်။
အမေးအဖြေ (၈၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
တစ်ခါတစ်ခါဆို မသိလိုက်ပဲ ဝေါကနဲ ဆင်းသွားတာမျိုးတွေ ဖြစ်လာပါတယ်။ အရောင်က နို့နှစ်ရောင် ပျစ်ပျစ်ပါ။ အရည်ကြည်လေးတွေလဲ ဆင်းပါတယ်။ နောက်ပြီး ရာသီလာခါ နီးရင် ဆီးစပ်တွေ ကိုက်ခဲသလိုမျိုးလဲ အဖြူ ဆင်းရင်ဖြစ်ပါတယ်။ ချက်အောက်ဆီးစပ် နားက ကိုက်သလိုလို နာသလိုလို ခံစားရပါတယ်။ ယားတာကလဲ မခံမရပ်နိုင်အောင် ယားပါတယ်။
အမေးအဖြေ (၈၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
သွေးစစ်တဲ့အခါမှာမှ HIV Positive ရှိမှန်းသိရတော့ ကျွန်တော် စိတ်အလွန်ထိခိုက်ခဲ့ရ ပါတယ်။ HIV က အရှင်းမပျောက်ဘူး။ ဒါပေမယ့် ART ဆေးသောက်ရင် ထိန်းထားနိုင် တယ်လို့ သိရပါတယ်။ ကျွန်တော် သိချင်တာက CD4 ဆဲလ် အရေအတွက် ၂ဝဝ နဲ့ ၃ဝဝ အောက်ရောက်မှသာ ART ဆေးသောက်ရတာလား။ CD 4 ဆဲလ် 200နဲ့ 300 အထက်မှာ သောက်ရင် ရနိုင်ပါသလား။ ပြီးတော့ အပြင်ဆေးခန်းတွေမှာ ART ဆေး ဝယ်သောက်လို့ ရနိုင်ပါသလား။ ဝယ်ရင် ဆေးဖိုး တစ်လကို ဘယ်လောက် ကုန်ကျနိုင်ပါ သလဲ။
အမေးအဖြေ (၈၀) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
အမျိုးသမီး ဓမ္မတာလာချိန်နဲ မကိုက်ဘဲနဲ့ အဖြူဆင်းတာလည်း မဟုတ်ဘဲနဲ့ ဂျယ်လီလိုမျိုး ပျစ်ချွဲချွဲကြီးတွေ အချိန်အခါမဟုတ် ဆင်းတက်နေတက်ပါတယ်။ ပျစ်ချွဲချွဲကြီးတွေရဲ့ အရောင်က ညိုညစ်ညစ် အရောင် အုကည်ရောင် ရှိပါတယ်။ သားအိမ်မှာ ဘာရောဂါ ရှိနေလဲ သိချင်ပါတယ်။ နောက် ဘာဆေးသောက်ရမလဲ သိချင်ပါတယ်။ အမျိုးသား မရှိပါဘူး။
အမေးအဖြေ (၇၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
တားဆေးသောက်ပြီး ၅-၇ ရက်အတွင်း စိတ်မချရသေးပါ။ အဲလိုအခြေအနေမှာ ၅-၇ ရက်အတွင်း (ကွန်ဒွမ်) သုံးရတယ်။ အမှန်က ရာသီစဆင်းတဲ့နေ့မှာ ဆေးစသောက် သင့်တယ်။ ဆီးစစ်တာလဲ စောလွန်းနေခဲ့တယ်။ အခုတော့ ပြန်စစ်ရလိမ့်မယ်။ နောက် လတွေမှာ အခုပြောသလိုလုပ်ပါ။ ရာသီလာတဲ့နေ့က စသောက်ရင် အကာကွယ် မလိုတော့ပါ။
အမေးအဖြေ (၇၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
လိင်ဆက်ဆံလို့ပီးတဲ့အခါ ဘာကြောင့် မိန်းမကိုယ်စပ်ရပါသလဲ။ အန္တရာယ် ရှိနိုင်ပါ သလား။ ကုသလို့ ရနိုင်ပါသလား။ ကိုယ်ဝန်ရှိနေစဉ် လိင်ဆက်ဆံနိုင်ပါ သလား။ မည်သည့် အချိန်ရှောင်ရမည်နည်း။ (ကိုယ်ဝန် မည်သည့်လမှ စပြီး ကလေးမွေးပြီး မည်သည့်လထိ။)
အမေးအဖြေ (၇၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
STDs လိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေက အမျိုးမျိုးရှိတယ်။ ဂနို၊ ဆစ်ဖလစ်၊ HIV အပြင်လဲ ရှိသေးတယ်။ ဆေးစစ်တာလဲ တခုနဲ့တခု မတူပါ။
HIV ရောဂါအကြောင်း ဖတ်မိသမျှ
HIV (Human Immunodeficiency Virus) ဟုဆိုရာတွင် HIV-1 နှင့် HIV-2 ဟူ၍ ခွဲခြားနိုင်သည်။ HIV-2 မှာ HIV-1 ကဲ့သို့ ပြင်းထန်ဆိုးရွားခြင်း မရှိဘဲ ရောဂါဖြစ်ပွား မှုနှုန်းမှာ အလွန်နည်းပါး လှပါသည်။ ထို့ကြောင့် HIV ဟုသုံးရာတွင် HIV-1 ကိုသာ ဆိုလိုခြင်းဖြစ်သည်။
အမေးအဖြေ (၇၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
OG နှင့်ပြသော်လည်း သိပ်မထူးပါ။ အနာတခြားဆေးတခြားဟု ထင်ပါသည်။ ဆေးမှာ ORNIDAZOLE TABLETS 500 MG ကို တနေ့ ၂ ကြိမ်သောက်ခိုင်းပါသည်။ မသက်သာ ပါ။ ခဏခဏပြရတော့ ရှက်လာ ပါသည်။ ဘာဆေး သောက်ရမည်ကို ပြောပေးစေချင် ပါသည်။
အမေးအဖြေ (၇၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
လိပ်ခေါင်းရောဂါ (ကုသ၍ပျောက်ပြီး) ရှိခဲ့တဲ့ ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်ဟာ ရိုးရိုးမွေးလျှင် ပြန်ဖြစ်နိုင်ပါသလား။ ခွဲစိတ်ပြီးမွေးတာနှင့် ရိုးရိုးမွေးတာ ဘယ်နည်းက ပိုအဆင်ပြေနိုင်ပါသလဲ။
အမေးအဖြေ (၇၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
လိပ်ခေါင်းရောဂါဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အနည်းနဲ့ အများဖြစ်လာ တတ်တယ်။ မီးဖွါးပြီးရင် သက်သာ၊ ဒါမှမဟုတ် ပျောက်သွားတယ်။ နောက်ကိုယ်ဝန်မှလဲ ထပ်ဖြစ် တတ်သေးတယ်။
အမေးအဖြေ (၆၉) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
ကိုယ်ဝန်လဲမရှိဘဲ ရာသီမလာတာဘာကြောင့် ပါလဲ။ ဗိုက်ကလဲ ပိုပြီး ပူထွက်နေပါတယ်။ ရာသီပြန်လာအောင် ဘယ်လို ကုသမှုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးစေလို ပါတယ်။

Follow me on: