ဘေးကင်းလုံခြုံတဲ့ Oral Sex ဆက်ဆံချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုယ်ရဲ့ ဆက်ဆံဖော်ရဲ့ လိင်အင်္ဂါ (သို့မဟုတ်) ပါးစပ်တွေမှာ အနာ၊ ဒဏ်ရာ၊ ပွန်းပွဲ့ တာတွေ မရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအနာတွေ၊ ဒဏ်ရာတွေ၊ ပွန်းပဲနာတွေကနေတဆင့် ကူးစက်ရောဂါတွေ ၀င်ရောက်လာနိုင်လို့ပါပဲ။ ကိုယ်ရဲ့ လိင်ဆက်ဆံဖော်က လိင်ဆက်ဆံသူ များလွန်းတဲ့သူ ဟုတ်၊ မဟုတ်ဆိုတာလည်း ကိုယ်က သိထားမယ်ဆိုရင် Oral Sex က ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ အသေအချာပါပဲ။
သင်မသိသေးတဲ့ ကွန်ဒုံး အကြောင်း အနည်းငယ်
ကံဆိုးရင် polyisoprene ကွန်ဒုံးတွေနဲ့ တိုးမိတတ်ပါသေးတယ်။ နောက်ပြီး သိုးအူတွေနဲ့ပြုလုပ်ထားတဲ့ သိုးအရေခွံ ကွန်ဒုံးတွေလည်း ရှိပါတယ်။ နောက်ဆုံး တစ်နည်းအားဖြင့် ထိထိရောက်ရောက် လုပ်ဆောင်ပေးမယ့် အမျိုးသမီး ကွန်ဒုံးတွေကို ရွေးချယ်နိုင်ပါတယ်။ ကိုယ်ဝန်ရခြင်းနဲ့ ရောဂါကူးစက်ခြင်းတို့မှ ကာကွယ်နိုင်ပါသေးတယ်။
တကိုယ်ရေ လိင်အာသာဖြေခြင်း၏ နောက်ဆက်တွဲ
လိင်ဆက်ဆံမှုကို လက်တွေ့ပြုလုပ်ဖို့ အသင့် မဖြစ်သေး သူတွေ အတွက်လည်း တကိုယ်ရေ စိတ်ဖြေခြင်းက စိတ်ကျေနပ် နှစ်သိမ့်မှုကို ခံစားရစေပါတယ်။ လိင် အင်္ဂါတွေ တ၀ိုက်မှာ သွေးစီး ဆင်းမှုတိုးလာစေတဲ့ အတွက် အဲဒီအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် အထောက်အကူပေးပါတယ်။ ကောင်းကောင်းလည်း အိပ်ပျော်စေနိုင်ပါတယ်။
ကျားအင်္ဂါဆေးထိုးတဲ့ အန္တရာယ်တွေ (၁)
ကျားလိင်အင်္ဂါကို ဆေးထိုးကြပြီး ဒုက္ခရောက်ကြလို့ မေးလာသူတွေ မနည်းပါ။ အများဖတ်အောင် တင်သင့် မတင်သင့် စဉ်းစားနေခဲ့တာ နှစ်တွေ ကြာပါပြီ။ အပြစ် တင်ချင်သူတွေက ကျွန်တော့်ကိုသာ တင်ကြပြီး၊ အကျိုးဖြစ်နိုင်သူတွေက များမှာမို့ အရင်ရေးထားတာကို (အများကြီးမွမ်းမံပြီး) တင်ပါရစေ။ ပို့လာတဲ့ ဓါတ်ပုံတွေတော့ မတင်တော့ပါ။
HIV-AIDS at glance ပိုးနဲ့ရောဂါ
HIV မိခင်ကနေ မွေးလာမဲ့ကလေးမကူးစေအောင် – ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွါးနေစဉ်နဲ့ ကလေးနို့တိုက်စဉ်မှာ ပိုးရှိ မိခင်ကနေ ကလေးဆီ ကူးနည်းကို ဒေါင်လိုက် ကူးနည်းနဲ့ (MTCT) မိခင်-ကလေး ကူးနည်းလို့ခေါ်တယ်။ ကူးစက်ဘို့ အခွင့်အလမ်း ၁၅-၄၅% ရှိတယ်။ မိခင်ကို ARVs ဆေးပေးပါ။ CD4 count ကို ကြည့်မနေပါနဲ့။ ၂ဝ၁၂ အထိ ၁့၅ သန်း ကိုယ်ဝန်ဆောင် ထဲက ၆၂% ဟာ ဆင်းရဲတဲ့ နိုင်ငံတွေ က ဖြစ်တယ်။ ၂ဝ၁ဝ တုံးက ဆိုရင် ၄၈% သာ ရှိခဲ့တယ်။
Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး
အခုအထိတော့ ကာလဘယ်လောက်ကြာကြာ ကာကွယ်မလဲဆိုတာ မပြောနိုင်သေးပါ။ သုတေသနတွေအရ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ရှိ မိန်းကလေး-အမျိုးသမီးတွေကို ပဌမတကြိမ် ထိုးလိုက်ရင် ၆့၎ နှစ်အထထိ ကာကွယ်နိုင်တာကို သိရပြီ။ ဒိနောက်မှာ ထပ်ထိုးဘို့ လို-မလို မပြောနိုင်သေးပါ။
HIV/AIDS ပညာပေး လူငယ်တွေအတွက် ဘာကြောင့် ပိုအရေးကြီးတာလဲ
လိင်နဲ့ မျိုးဆက်ပွားဆိုင်ရာ ဘယ်လိုပညာတွေရမလဲ လာရောက်ကြည့်ရှုတဲ့ ကိုရန်ပိုင်ကတော့ HIV နဲ့ AIDS ကွဲပြားပုံ မသိသေးတာတွေ သိရှိခဲ့ရပြီး မျိုးဆက်ပွားမှုနဲ့ ပတ်သက်ပြီး သူလုံးဝမသိသေးတာတွေကို ဒီပွဲမှာ ပြောပြပေးလို့ အများကြီး လူငယ်တွေအတွက် အများကြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်။
HIV ကူးစက်ရောဂါ အဆင့်များ
HIV ကူးစက်ခံထားရသူဟာ ဆေးကုသမှု မခံယူနေဘူးဆိုရင် တချိန်မှာ ခုခံအားတွေကျဆင်းရာကနေ AIDS အဆင့် ရောက်လာပါမယ်။ သတင်းကောင်းလဲပါးပါရစေ။ ART ဆေးနဲ့ ကာကွယ်ထားလို့ရပါတယ်။ သူကနေ HIV ဗိုင်းရပ်စ်တွေ ပုံတူပွါးများလာမှာကို တားပေးပါတယ်။ ကိုယ်ခန္ဓာက ဆက်ပြီးသန်စွမ်းနေပါမယ်။ ဒါ့ပြင် သူများကို ကူးစက်မှာကိုပါ တားနိုင်ပါသေးတယ်။
HIV ဝေဒနာရှင်များတွင် တစ်နေ့အရက်မည်မျှ သောက်သုံးသင့်သနည်း
HIV ကူးစက်မခံထားရသူနှင့် ကူးစက်ခံထားရပြီး ဆေးဖြင့် ထိန်းချုပ်ထားနိုင်သူများ တွင်လည်း ထိုနည်းအတိုင်း မေးမြန်း ခဲ့သည်။ ထို့နောက် သုံးဖွဲ့စလုံးအား စမ်းသပ်မှုပြုလုပ်ခဲ့ရာ၊ HIV ကူးစက် ခံထားရသော အမျိုးသားများက အရက်ကို ခံနိုင်ရည်ပိုနည်းကြောင်း တွေ့ခဲ့ရသည်။
လျစ်လျူမရှုသင့်သော ကိုယ်ဝန်ဆောင်လက္ခဏာများ
ကိုယ်ဝန်ဆောင်နေစဉ် အတွင်း ဆောင်ရန်၊ ရှောင်ရန် အကြံပြု ချက်များစွာကို သင်ကြားရပေလိမ့်မည်။ ယင်းအကြံပြုချက် အားလုံးကို လိုက်နာစရာ မလိုသော်လည်း လျစ်လျူမရှုသင့်သည့် (သို့မဟုတ်) ဘေးအန္တရာယ် ကင်းရှင်းကြောင်း သေချာစေရန် စစ်ဆေးမှု ခံယူရမည့် လက္ခဏာ အချို့ရှိသည်။
HIV and Oral practice ပါးစပ်သုံးပြီး ဆက်ဆံတာနဲ့ အိတ်ခ်ျအိုင်ဗွီ
San Francisco (ဆန်ဖရန်ဆစ္စကို) မှာ ဂေးနဲ့ ဂေးမဟုတ်တဲ့ ယောက်ျား ၁၉၈ ယောက်ကို လေ့လာခဲ့တယ်။ (အိုရယ်လ်-ဆက်စ်) တနှစ် လုပ်ခဲ့တယ်လို့ ပြောကြသူတွေ ဖြစ်တယ်။ ၃၉ ယောက် (၂ဝ%) ဟာ သူတို့ရဲ့ အဖေါ်မှာ HIV positive ရှိတာကိုသိတယ်။ ၃၅ ယောက်က (ကွန်ဒွမ်) မသုံးကြဘူး။ ၁၆ ယောက်က သုက်ရည်ကို မျိုချတယ်။
Pap Smear သားအိမ်ကင်ဆာစမ်းသပ်နည်း
သားအိမ်ဝမှာ မူမမှန်တဲ့ (ဆဲလ်)တွေ ဖြစ်နေ-မနေ သိအောင် Pap smear (Pap test ) လုပ်ရတယ်။ ၁၉၂၈ ကတည်းက စပေါ်တယ်။ (ပက်-စမီးယား) စမ်းသပ်နည်းဟာ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခု ဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။ မကောင်းတာလေး နဲနဲတွေ့တယ်လို့ဆိုရင် ဆေးထပ်စစ်ရမယ်။

Follow me on: