စမ်းသပ်မှု လုပ်နိုင်တယ်။ သတိထားဘို့က HIV tests positive အပေါင်းဖြစ်သူတိုင်းကို စမ်းသပ်ရင် လူအများစုမှာ Cytomegalovirus (CMV) အပေါင်းပြနေတယ်။ ဒါပေမဲ့ ရောဂါရတဲ့အဆင့်အထိ မရောက်တာက များတယ်။ စိုးရမ်စရာ မလိုတတ်ပါ။ CD4 cell count စစ်လို့ 50 ထက်နည်းသူတွေမှာသာ ဒီရောဂါရတယ်။ ဒီလို သွေးစစ်တဲ့အခါ Antigens (အင်တီဂျင်) တွေ့ရင် ပိုးအဝင်ခံထားရတယ်။ Antibodies (အင်တီဘော်ဒီ) တွေ့ရင် ရောဂါအဆင့် ရောက်နေ တယ်လို့ ပြောနိုင်တယ်။
DNA test for HIV infection
DNA test နည်းကို NAAT = Nucleic acid amplification testing လို့ခေါ်တယ်။ ပိုးကိုလိုက်စမ်းတဲ့နည်း ဖြစ်တယ်။ အင်တီဘော်ဒီ နည်းထက် စောသိမယ်။ ART ဆေးပေးနေသူတွေကို စောင်ကြည့်ရာမှလုပ်ရတဲ့ Viral load test နည်းနဲ့ ဆင်တယ်။
HIV and CD4 စီ-ဒီ-ဖိုး (အမေးအဖြေ)
HIV ရောဂါ ရလာရင် CD4 အရေအတွက် ကျဆင်းတယ်။ ART ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ VL ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) ဟာလဲ CD4 လောက်တော့ မတိကျပါ။
ရာသီလာချိန် အမျိုးသမီးတွေ တွေးလေ့ရှိတဲ့ အရာများ
အမျိုးသမီးတွေဟာ ဓမ္မတာရက် အတွင်းမှာ စိတ်အလိုမကျဖြစ်တာမျိုးတွေ၊ အကြောင်းမရှိ ၀မ်းနည်းတတ်တာမျိုးတွေ၊ အလုပ်မှာ အဆင်မပြေတာ မျိုးတွေ ရှိတတ်ကြပါတယ်။ တစ်လမှာတစ်ခါ စိတ်ချုပ်တည်းမှုတွေ၊ နာကျင်ကိုက်ခဲမှုတွေ ကြုံတွေ့ရမြဲဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ရာသီလာချိန် ခံစားရဲ့ ဖီလင်နဲ့ အတွေးတွေကတော့ တူညီနေတတ်ပါတယ်။
HIV FAQ မေးလေ့ရှိတဲ့ မေးခွန်းများ
HIV ဗိုင်းရပ်စ်ပိုးဟာ တခြားဗိုင်းရပ်စ်တွေနဲ့ မတူတဲ့ အချက်တခုကတော့ ကိုယ်အပြင်မှာ ကြာကြာမနေနိုင်ဘူး။ ဓါတ်ခွဲခန်းမှာ စမ်းဘို့ ထားချင်ရင်လဲ လူ့အပူချိန်အတိုင်း၊ ၉၈.၆ ဒီဂရီမှာသာ ထားရတယ်။ အဲလို လုပ်ပေးမထားရင် မိနစ်နည်းနည်းသာ ရှင်မယ်။ လူ့ကိုယ်ထဲက ထွက်ရင် နာရီပိုင်းသရှင်တယ်။ တချို့ပိုးတွေလို အကာအဖုံး (စပိုး) လိုလဲ မလုပ်နိုင်ပါ။ ဒါကြောင့် နှုပ်ခမ်းခြင်း စုပ်နမ်းတာတို့ ပွေ့ဖက်မှု လုပ်တာနဲ့ ပိုးမကူးနိုင်ပါ။
အိတ်ခ်ျအိုင်ဗွီပိုး ရှိနေရင် (အမေးအဖြေ)
အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူကို အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီလို့ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူရဲ့ ခန္ဓာကိုယ်ထဲမှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိနေပေမယ့် ရောဂါလက္ခဏာ မပြသေးတော့ လူကောင်း တစ်ယောက်လိုပါပဲ။ ဖျားတဲ့နာတဲ့ လက္ခဏာ လုံးဝမရှိပဲ သာမန်လူကောင်း တစ်ယောက်လို သွားလာလှုပ်ရှား အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အိတ်ခ်ျအိုင်ဗွီပိုး ရှိနေတဲ့ အတွက် သူကနေ တဆင့် ရောဂါပိုးတွေ ကူးနိုင်ပါတယ်။
ရောဂါပိုး ရှိမရှိ သွေးစစ်ခြင်း (အမေးအဖြေ)
အိတ်ခ်ျအိုင်ဗွီပိုး ရပြီးသူတွေရဲ့ သွေးထဲမှာ ဒီပိုးကို တန်ပြန်တိုက်ဖျက်ဖို့ ထုတ်ထားတဲ့ ပစ္စည်းတစ်မျိုး ရှိပါတယ်။ အဲဒါကို “ပဋိပစ္စည်း” လို့ ခေါ်ပါတယ်။ ဒီပဋိပစ္စည်းဟာ ရောဂါပိုးကို ကိုယ်စားပြုတဲ့ သင်္ကေတပဲ ဖြစ်ပါတယ်။ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ သွေးစစ်တယ်ဆိုတာ ဒီပဋိပစ္စည်းကို စစ်ဆေးခြင်းဖြစ်ပါတယ်။ အဲဒီပဋိပစ္စည်းဟာ ရောဂါပိုး ကိုယ်ခန္ဓာထဲရောက်ပြီး သုံးလလောက်ကြာမှ သွေးမှာ ပေါ်ပါတယ်။ ဒါကြောင့် ရောဂါပိုး ဝင်ပြီးပြီးချင်း သွေးစစ်ရင် ရောဂါပိုး ရှိမရှိ မသိနိုင်တာပါ။
HIV Acute infection ချက်ချင်းဖြစ်လာသော ကူးစက်ရောဂါ
HIV ဟာ ဗိုင်းရပ်စ်ပိုးကိုပြောတာဖြစ်တယ်။ AIDS ဟာ အဲဒီပိုးကြောင့်ဖြစ်လာတဲ့ ရောဂါအစုအဝေးကို ဆိုလိုတယ်။ HIV ပိုးက သွေး-အရည်ထဲမှာ ရှိနေပေမဲ့ ဘာမှမဖြစ်သေးဘဲ နေသေးတယ်။ ခုခံအားကျဆင်းလာမှသာ HIV Opportunistic infections (အိတ်ခ်ျအိုင်ဗွီ) ရှိနေစဉ် အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ ဝင်လာတယ်။ အဲဒီ အချိန်ရောက်မှ ခံစားရတာဖြစ်မယ်။ ဝင်လာတဲ့ရောဂါအရ ရောဂါလက္ခဏာ ဖြစ်မယ်။ တယောက်နဲ့ တယောက်မတူနိုင်ဘူး။
HIV ကူးစက်ခံရစ လက္ခဏာများဟာ တပြိုင်တည်း ဖြစ်တတ်ပါသလား (အမေးအဖြေ)
HIV ပိုးကူးစက်ခါစမှာ အရေပြားမှာ သိပ်မသိသာပါဘူး။ ဖြစ်ခဲ့ရင်လည်း အင်ပြင်ပေါက်သလိုမျိုး အရေပြားမှာ ဖြစ်တတ် ပါတယ်။ AIDS အဆင့်ရောက်ရင်တော့ အရေပြားမှာ ယားနာတွေ၊ ရေယုန်တွေ ဖြစ်တတ်ပါတယ်။ ART ခေါ်တဲ့ ဆေးတွေ စသောက်ခါစမှာလည်း အရေပြားမှာ မှင်ထသလို၊ အင်ပြင်ထသလို၊ နေလောင်သလို Rash တွေ ပေါ်တတ်ပါတယ်။
ရောဂါပိုး ကူးစက်ခြင်း (အမေးအဖြေ) (၃)
လိင်ဆက်ဆံဖက် များလေလေ ဒီရောဂါဖြစ်နိုင်ဖို့ အန္တရာယ်များလေလေ ပါပဲ။ အေအိုင်ဒီအက်စ် ရောဂါဟာ အကာအကွယ် မပါပဲ လိင်ဆက်ဆံမူကြောင့် အများဆုံး ကူးစက်ဖြစ်ပွားတာပါ။ ကိုယ်နဲ့ လိင်ဆက်ဆံတဲ့ သူဟာ ရောဂါပိုး ရှိမရှိ သေသေချာချာ ဘယ်လိုမှ မသိနိုင်ပါဘူး။ ရောဂါ လက္ခဏာမပေါ်သေးခင် ရောဂါ မရှိဘူးလို့ အထင်မှား နေကြတာပါ။ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူဟာ သာမန်လူကောင်း အတိုင်း ရှိနေနိုင်တယ်ဆိုတာ အမြဲသတိရပါ။
MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၃)
လူတိုင်းသိထားရမည့် အချက်မှာ HIV ပိုးရှိသော သူများသည်လည်း နှစ်ပေါင်းများစွာ ကျန်းမာစွာနေထိုင်နိုင်၊ လူ့ဘ၀ကို အကျိုးပြုနိုင်သည် ဆိုသော အချက်ပင် ဖြစ်ပါသည်။ ARV ဆေးများ လက်လှမ်းမီလာလျှင် ကျန်းမာစွာ နေထိုင်နိုင်သော နှစ်ပိုမိုရှည်လာနိုင်သည်။ မိသားစုဘ၀တွင် တစ်ဦးတစ်ယောက် သာမန်နေထိုင် မကောင်းဖြစ်ပါက ပြုစုကုသရန် ဗဟုသုတရှိပြီး၊ တတ်ကျွမ်း ကြပါသည်။ HIV/AIDS ဝေဒနာ ရှင်များကို ပြုစုရာတွင်လည်း ဤတတ်ကျွမ်းမှုမျိုးကိုသာ လိုအပ်ပါသည်။
Emergency contraception (2) အရေးပေါ်တားဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးများ
ဒီဆေးမျိုးကို ကြော်ညာတွေ မတရား လုပ်ရောင်းနေတာဟာလဲ မသင့်လျှော်ဘူးပြောကြလို့ ကြော်ညာတွေကို တားခဲ့ဘူးသေးတယ်။ ဆရာဝန်တွေ၊ သားဖွါးမီးယပ် အထူးကုတွေကလဲ တလွဲသုံးနေကြာအတွက် စိုးရိမ်ကြောင်း ထုတ်ပြောနေကြရတယ်။ ဒီလို လွယ်လွယ်နဲ့ အရေးပေါ် တားဆေး ရှိတယ်ဆိုပြီး တလွဲသုံးကြလို့ HIV နဲ့ STD လိင်ကတဆင့် ကူးစက်ရောဂါတွေ ပိုဖြစ်တယ်လို့ ထောက်ပြကြတယ်။

Follow me on: