“မူးယစ်ဆေးဝါး လက်တစ်ကမ်းမှာ ၀ယ်ယူနိုင်တဲ့ အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊ ၁၈+ ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့် အနောက်တိုင်း ယဉ်ကျေးမူ ၀င်ရောက်လာပြီး၊ လက်မထပ်မီ အတူနေထိုင်ခြင်းတွေ ဖြစ်ပေါ်တာပါ။
မြန်မာတွင် တစ်ရက်လျှင် အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရသူအသစ် ၂၃ ဦးနှုန်းရှိ
မူးယစ်ဆေးထိုးသွင်းသုံးစွဲသူတွေကတော့ ရောဂါကူးစက်နိုင်ခြေ အများဆုံးဖြစ်ပြီး မနှစ်က အသစ် ကူးစက်ခံရသူတွေရဲ့ ၃၉ ရာခိုင်နှုန်းရှိပါတယ်။ ဒီအုပ်စုတွေကြားမှာ ရောဂါကူးစက်နှုန်းကို လျှော့ချဖို့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ ဥပဒေတွေနဲ့ လူမှု ပတ်ဝန်းကျင် စရိုက်တွေက အဓိက အဟန့်အတားဖြစ်စေတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။
ဘေးကင်း လုံခြုံသော လိင်ဆက်ဆံရေးဟု ဆိုရာဝယ်
ကိုယ်ခန္ဓာချင်း ထိတွေ့ပွတ်သပ်ခြင်း၊ အပြန်အလှန် စိတ်ဖြေ ဖျောက်မှုပြုလုပ်ပေးခြင်း၊ ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်းတွေက ကျေနပ်သာယာမှုကို ရနိုင်သလို လိင်ဆက်ဆံမှုကြောင့် ကူးစက်တတ်တဲ့ ရောဂါ (STD) တွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန် ဆောင်ရခြင်းတွေကို အနည်းဆုံး အထိလျှော့ချပေး နိုင်ပါ တယ်။
မူးယစ်ဆေးဝါးကို တားဆီးဖို့ အဆိုတင် ဆွေးနွေးခဲ့ပြီးဖြစ်တယ်ဆိုတဲ့ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဆွတ်နောင်နှင့် တွေ့ဆုံခြင်း
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း မူးယစ်ဆေးဝါး အကြောထိုးသွင်းသူများ၏ ၅၀ ရာခိုင်နှုန်းမှာ HIV ကူးစက်ခြင်းကို ခံနေရပြီဖြစ်သည့် အတွက် မူးယစ်ဆေးဝါး ကာကွယ်တိုက်ဖျက်ရေးတင်မကဘဲ မူးယစ် ဆေးဝါး သုံးဆွဲမှုမှတဆင့် ကူးစက်သည့် HIV ပိုးကို ကာကွယ်ရန်လည်း အရေးကြီးနေပြီဖြစ်သည်။
ဆေးထိုးအပ်ကနေ HIV ကူးတဲ့နှုန်းက တအားမြန်တယ်
မူးယစ်ဆေးဖြတ်တာကလည်း မလွယ်ဘူးပေါ့။ အဲဒီကြားထဲမှာ ကျွန်တော်တို့က ပညာပေးလုပ်ငန်းတွေ လုပ်ပြီး ဆေးထိုးအပ်တွေကို ဒီကွန်ဒုံးတွေ လုပ်ခဲ့သလိုပေါ့။ ပြည့်တန်ဆာတွေမှာ ကွန်ဒုံး တွေဝေခဲ့သလိုပဲ။ အန္တရာယ်တွေ တစ်ယောက်နဲ့ တစ်ယောက် မရောက်သွား အောင်ပေါ့။ ဆေးထိုးအပ်ကနေ HIVကူးတဲ့နှုန်းက တအားမြန်တယ်။
မူးယစ်ဆေး သုံးစွဲမှုကြောင့် ဖြစ်သည့် HIV ဖြစ်ပွားနှုန်းကျဆင်းလာ
မြန်မာနိုင်ငံမှာ အခုနှစ်အတွင်း HIV ပိုးအသစ်ထပ်မံ ကူးစက်ခံရသူ နေ့စဉ် ၁၈ ဦးနီးပါးအထိ ရှိနေပြီး တစ်နိုင်ငံလုံးမှာ အသစ်ထပ်မံ ကူးစက်ခံရသူ ၆၅၇၀ ခန့်ရှိတယ်လို့ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် NAP ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ပုဂ္ဂလိက သတင်းစာ တစ်စောင်က ရေးသားဖော်ပြထားပါတယ်။
အေအိုင်ဒီအက်စ်ရောဂါ ကမ္ဘာကြီးကို စိုးမိုးနေဆဲလား
ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟု ဆိုရိုး စကားရှိသလို ရောဂါပိုး ခန္ဓာတွင်းသို့ ဝင်ရောက် ကူးစက်မခံရခင်က ကြိုတင် ကာကွယ်ထားလေ့ ရှိသော အသိပညာ ဗဟုသုတနှင့် အလေ့အကျင့် ကောင်းများရှိနေပါက ပိုမို၍ လုံခြုံစိတ်ချရတဲ့ ဘဝကို ပိုင်ဆိုင်မှာမို့ လိင်အပျော်အပါးရှောင်ပါ။ မိမိ၏ဇနီး၊ ခင်ပွန်းအပေါ်သစ္စာရှိပါ။ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးပါ။ မရှောင်နိုင်လျှင် ကွန်ဒုံး (Condom) သုံးပါဟု အကြံပြုပြောဆို လိုက်ရပါသည်။
AIDS ရဲ့ ဂယက် (နိဂုံး)
AIDS ကာကွယ်ရေးမှာ အင်မတန်မှ သတိလက်ကိုင်ထားပြီး ကြည့်ထားရမယ့် ကိစ္စဖြစ်တယ်။ ၁၉၈၇ ခုနှစ်မှာဆိုရင် ဆွစ်ဇာလန်ပြည်က နယ်ကလေးတစ်ခုရဲက အကျဉ်းထောင်မှာ ၁၁% သော အကျဉ်းသားတွေဆီမှာ AIDS ဗိုင်းရပ်စ်ပိုး ရှိနေတယ်။ အီတလီမှာ အကျဉ်းသား အသစ်တွေ ပိုးစစ်ကြည့်တော့ ၁၆.၈ % မှာ တွေ့တယ်။ စပိန်ပြည်မှာ ၂၆%၊ ပြင်သစ်မှာတော့ အကျဉ်းထောင်အားလုံးရှိ အကကျဉ်းသားတွေအတွက် ကြိတ်နှုန်းဟာ ၆% တဲ့။
HIV ဗိုင်းရပ်စ်ပိုးနဲ့ မူးယစ်ဆေး အသုံးပြုမှု သုတေသန အတွက် ထောက်ပံ့ကြေး ပေးအပ်
HIV ဗိုင်းရပ်စ်ပိုးနဲ့ မူးယစ်ဆေးဝါး အသုံးပြုမှုတို့နဲ့ ပတ်သက်ပြီး သုတေသန လုပ်ဖို့အတွက် ပညာရှင် ငါးဦးကို အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသင်းက ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်။
MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၁)
မူးယစ်ဆေးဝါးကို စားသောက်သုံးစွဲခြင်း၊ ရှုရှိုက်ခြင်း၊ သွေးကြောထဲသို့ ထိုးသွင်းခြင်း စသဖြင့် အမျိုးမျိုး သုံးစွဲကြသည်။ မူးယစ်ဆေးဝါးများကို စားသောက်သုံးစွဲသောအခါ မူးယစ်ဆေးဝါးများသည် အစာအိမ်နှင့် အူနံရံမှတဆင့် သွေးထဲသို့ ရောက်ရှိသွားသည်။ မူးယစ်ဆေး ပါသော သွေးများသည် နှလုံးမှ ဦးနှောက်နှင့် ဗဟိုအာရုံကြောစံနစ်သို့ မပို့လွှတ်ခင် အသည်းနှင့်နှလုံးသို့ ဖြတ်သန်း စီးဆင်း သွားသည်။
MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၂၀)
ခန္ဓာကိုယ်၏ ခုခံအားစံနစ်အား မတုန့်ပြန်ခင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် HIV ပိုးသည် အမြောက်အများ ပွားများလာတတ် ကြသည်။ အဆိုပါ အချိန်၌ သွေးစစ်ကြည့်သော်လည်း HIV ပိုး ရှိသည်ဟု အဖြေမထွက်နိုင် ပါသော်လည်း၊ အခြားသူများကို ကူးစက်နိုင်ပြီဖြစ်သည်။ ကိုယ်ခန္ဓာ၏ ခုခံအားစနစ်က တုန့်ပြန်လာသည့် အချိန်ကျမှသာ Antibodies ဟုခေါ်သော ပဋိပစ္စည်းများ ထွက်လာသည်။
MANA ဘာလုပ်နေလဲဆိုတော့ အပိုင်း (၁၉)
မိမိ၏ မိတ်ဆွေသူငယ်ချင်းများကို ဆင့်ပွားပညာပေးရခြင်းမှာ အလွယ်ကူဆုံး နှင့် အထိရောက် ဆုံးဖြစ်သည်။ ထိုသို့ အုပ်စုတူအတွင်း ပညာပေးရာတွင် ပညာပေးမည့်သူတွင် ရှိသင့်သည့် အရည်အချင်းမှာ လျှို့ဝှက်အပ်သည်များကို လျှို့ဝှက်မည်ဖြစ်ကြောင်း အာမခံရမည်။ ၄င်း၏ပြဿနာ အခက်အခဲ နှင့် ပတ်သက်၍ ပြောပြသည်ကို စိတ်ရှည်သီးခံပြီး နားထောင်နိုင်ရမည်။

Follow me on: