9
Mar

ဂလိုဘယ်ဖန်းက ကန်ဒေါ်လာ ၇၇ သန်း ပိုပေးမယ်

အခုလို ရန်ပုံငွေ တိုးပေးမှာကြောင့် အိတ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် ဝေဒနာသည်တွေ ရာခိုင်နှုန်းပြည့်နီးပါး ARV ဆေး ရတော့မယ်လို့ ဂလိုဘယ်ဖန်းရဲ့ မြန်မာနိုင်ငံ အဆင့် လုပ်ငန်းညှိနှိုင်းရေး အရာရှိ ဒေါ်နွယ်ဇင်ဝင်း က ပြောပါတယ်။

8
Mar

USAID ဖွံ့ဖြိုးရေး စီမံကိန်းတွေ မြန်မာနိုင်ငံမှာ စတော့မည်

လာမယ့် ၅ နှစ်တာအတွင်း မိခင်နဲ့ကလေး မီးဖွားသေဆုံးမှုနှုန်း လျော့ချရေးလုပ်ငန်းနဲ့ ရောဂါကြီး ၃ မျိုးဖြစ်တဲ့ HIV/AIDS၊ အဆုတ်နဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းတွေ ကိုလည်း USAID အဖွဲ့က တိုးမြှင့် အကူအညီပေးသွားဖို့ ရှိတယ်လို့လည်း USAID အဖွဲ့ အရာရှိတွေက ပြောပါတယ်။

28
Feb

“ဒီချုပ် အေ့ဒ်စ်ဂေဟာ လူနာ မဆံ့တော့၍ အသစ် ထပ်မံတည်မည်”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS ပြုစုစောင့်ရှောက်ရေး ဂေဟာများ၌ လူနာများလာသည့် အတွက် အနည်းဆုံး လူဦးရေ ၃ဝဝ ဆံ့သည့် ဂေဟာအသစ် ထပ်မံ ဆောက်လုပ် သွားမည်ဟု ၄င်းစင်တာမှ မနန္ဒာလင်းက ပြောသည်။

16
Feb

AIDS ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း ငွေကြေး အကြပ်တွေ့နေ

MSF အဖွဲ့အနေနဲ့လဲ Global Fund အဖွဲ့ကပေးတဲ့ ထောက်ပံ့ငွေနဲ့ လည်ပတ် ရတာဖြစ်ပြီး၊ Global Fund အဖွဲ့ကလဲ ၂၀၁၅ အထိပဲ နောက်ဆုံး ထားပေးတော့မယ်လို့  ဆိုပါတယ်။ လူနာတွေ ၃ ပုံ ၁ ပုံလောက်ပဲ ကုနိုင်တာက ဘဏ္ဍာငွေ မလုံလောက်မှုက အဓိကဖြစ်ပြီး၊ အစိုးရ ကျန်းမာရေး အသုံးစရိတ်ကနေ HIV/AIDS လူနာ ကုသရေး အတွက် ၄ ရာခိုင်နှုန်းပဲ ရတယ်လို့ ဆိုပါတယ်။

14
Feb

HIV လူနာ စောင့်ရှောက်ပေးနေသော အေးမြ ကရုဏာ ဖောင်ဒေးရှင်း အလှူရှင် လိုအပ်နေ

အေးမြ ကရုဏာ ဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ မှစတင် ဖွဲ့စည်းခဲ့ပြီး (ဈ) ရပ်ကွက်၊ မေဓာဝီလမ်း၊ ဝေဘာဂီ အထူး ကုဆေးရုံရှေ့၊မြောက်ဥက္ကလာတွင် ဖွင့်လှစ် ထားသည်။ လှူဒါန်းလိုပါက (ဝ၉၄၂၁ ၁၃၂၉၂၁၊ ဝ၉-၄၃၁၁၂၁၁၉၊ ဝ၉-၇၃၄၉၄၂ဝ၇) သို့ ဆက်သွယ်နိုင် ကြောင်းသိရသည်။

23
Jan

ပန်းခရမ်းပြာရဲ့ အိပ်မက်များကို ကြိုဆိုခြင်း

အမိမြန်မာနိုင်ငံကြီး ဆင်းရဲဒုက္ခထဲ ရောက်နေတဲ့ ကာလတွေမှာ ခိုကိုးရာ မဲ့ခဲ့တဲ့ ခလေးတွေ HIV ရောဂါရခဲ့တဲ့ ခလေးတွေ ပညာရေး မရရှိနိုင်တဲ့ ခလေးတွေ ကယ်သူမဲ့ ဘ၀များစွာ ရှိလာခဲ့ရပါတယ်။ သက်ကြီး ရွယ်အိုများရဲ့ ထောက်တည်ရာမဲ့ ဘ၀တွေနဲ့ ဆင်းရဲဒုက္ခ များစွာ ခံစားနေကြရပါတယ်။ ထိုများစွာသော ဘ၀တွေကို စာနာမှုနှလုံးသားနဲ့ လက်တွေ့ ကူညီမှုတွေနဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က နေ့စဉ် ကူညီစောင့်ရှောက်ပေးလို့ အားကိုး ရာမဲ့ ဘ၀များ အေးချမ်းမှု ရရှိခဲ့ကြပါတယ်။

5
Dec

HIV ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပ

ဒီဇင်ဘာ ၁ ရက် ရော့ခ်ဖျော် ဖြေပွဲနေ့တွင် ဇော်ဝင်းထွဋ်မှ စ၍ မြန်မာပြည်ရှိ ရော့ခ် တေးသံရှင်အား လုံးနီးပါး ပါဝင်ခဲ့ကြပြီး ဒီဇင်ဘာ ၂ ရက်နေ့ ဟစ်ဟော့ပ် ပွဲနေ့တွင် ဟစ်ဟော့ပ် အဖွဲ့ပေါင်းစုံ ဖျော်ဖြေခဲ့သည်။ အဆိုပါပွဲမှ ရရှိသော ငွေများကို HIV ဂေဟာများ၊ မိဘမဲ့ ကျောင်းများသို့ သွားရောက်လှူဒါန်းကြမည် ဖြစ်ကြောင်း သိရသည်။

14
Nov

ဒုက္ခရောက် ကလေးများအတွက် ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပမည်

New Zero Art Group၊ British Council တို့နှင့် Fashion Magazine နှင့် Event Master တို့မှလည်း အားဖြည့် ကူညီထားသည့် အပြင် အခြား အလှကုန်ပစ္စည်း ကုမ္ပဏီများ၊ လူ့ အသုံးအဆောင်ပစ္စည်း ကုမ္ပဏီများ၊ စားသောက်ကုန်ပစ္စည်း ကုမ္ပဏီ များ၊ NGO များကိုလည်း Sponsor အနေဖြင့် ပါဝင်ကူညီရန် မေတ္တာ ရပ်ခံထားကြောင်း သိရသည်။ ရရှိသော ရန်ပုံငွေကို HIV ဖြစ်နေသော ကလေးငယ်များ၊ မိဘ မဲ့ကလေးများနှင့် လမ်းပေါ် ရောက် နေသော ကလေးများအား လှူဒါန်း မည်ဟု သိရသည်။

12
Nov

အလှဖန်တီးရှင်များလည်း အလှမယ် ရွေးမယ်နဲ့ မီဒီယာ သမား တဖြစ်လဲ အနုပညာ ရှင်များ

အလှဖန်တီးရှင်များရဲ့ Miss Red Ribbon Beauty Contest ပြိုင်ပွဲကို ပထမအကြိမ်အဖြစ် ၂၀၀၉ ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တာပါ။ ဒီ ပြိုင်ပွဲကို ရိုက်ကူးထားတဲ့ အလွန်နာမည်ကြီး လူကြိုက်များခဲ့တဲ့ အခွေတွေ လည်း ခိုးကူးလောကမှာ အရောင်းရဆုံးစာရင်း ၀င်သွားခဲ့ပါ သေး တယ်။ ဒါ့အပြင် ဒီပြိုင်ပွဲကနေ ရရှိလာတဲ့ ရန်ပုံငွေတွေ ကိုလည်း HIV/AIDS ဝေဒနာရှင်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

7
Nov

HIV/AIDS လုပ်ငန်းများ အတွက် လိုအပ် ငွေ၏ ၉၅ ရာခိုင်နှုန်းအား အပြည်ပြည်ဆိုင်ရာ အလှူရှင် အဖွဲ့အစည်း များမှ တစ်ဆင့် လှူဒါန်းလျက်ရှိ

အခု လက်ရှိ ပြည်တွင်း HIV/AIDS လုပ်ငန်းများ ဆောင်ရွက် ရာမှာ လိုအပ်တဲ့ ငွေရဲ့ ၉၅ ရာခိုင်နှုန်း ခန့်ဟာ အပြည်ပြည်ဆိုင်ရာ အလှူရှင် အဖွဲ့အစည်းများရဲ့ လှူဒါန်းမှု များမှ တစ်ဆင့် ရရှိနေတာ ဖြစ်တယ် လို့ မြန်မာနိုင်ငံ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ ဆိုင်ရာ အမျိုးသား မဟာဗျူဟာ စီမံကိန်း အရ သိရပါတယ်။ အဲ့ဒီလို ဆောင်ရွက် ရာမှာ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့ The Global Fund ဟာ ၂၀၁၁ ခုနှစ်က စတင်ပြီး ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာ ကာလ စီမံကိန်း အတွက် ရန်ပုံငွေ ထောက်ပံ့ ပေးဖို့ သဘော တူခဲ့ပြီး ဖြစ်ပါတယ်။

7
Nov

HIV/AIDS ရောဂါ မဟာဗျူဟာ စီမံချက်ကို အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ကုန်ကျခံ ဆောင်ရွက် လျက်ရှိ

စီမံကိန်းမှာ ဆောင်ရွက် လျက်ရှိတဲ့ လုပ်ငန်းစဉ်များ အနေနဲ့ အန္တရာယ် ရှိတဲ့ လိင်ဆက်ဆံမှုနဲ့ မူးယစ်ဆေးဝါး ထိုးသွင်းမှု တို့ကြောင့် HIV ပိုးကူးစက်ခြင်းကို ကာကွယ်ရေးနဲ့ HIV ပိုးကူးစက် ခံရသူများ၊ AIDS လူနာများ အတွက် စဉ်ဆက်မပြတ် ပြီးပြည့်စုံတဲ့ ပြုစု ကုသ စောင့်ရှောက်ရေး လုပ်ငန်းများ ပါဝင်ပါတယ်။ ဒါ့အပြင် HIV ပိုးကူးစက် ခံရသူများ AIDS လူနာများနဲ့ ၎င်းတို့ရဲ့ မိသားစုများ အပေါ် ဆိုးကျိုး သက်ရောက်မှုများ လျော့နည်း စေရေးနဲ့ HIV ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းစဉ်များကို ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

25
Sep

၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ လှူဒါန်းမှုများ

ဦးကျော်သူရဲ့နာရေး ကူညီမှုအသင်း (ရန်ကုန်)နဲ့ ဒေါ်ဖြူဖြူသင်းရဲ့HIV ဝေဒနာ သည်တွေကို ထားရှိ တဲ့ ဂေဟာအတွက် ကျပ်ငွေ ၂၅ သိန်းစီကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က စက်တင်ဘာလ ၂၄ ရက်နေ့က သွားရောက် လှူဒါန်း ခဲ့ကြပါတယ်။

Follow me on:

Back to Top