တစ်ချို့က ၃ လကျော်လို့ သွေးစစ်ပြီး မရှိဘူးဆိုရင် မကူးစက်တော့ဘူးလို့ ထင်တတ် ကြပါတယ်။ တကယ်တော့ သေချာချင်ရင် ၆ လ အထိ စောင့်ပြီး သွေးစစ်သင့်ပါတယ်။ အဲဒီ ၃ လနဲ့ ၆ လကြားမှာ အထက်ကပြောခဲ့တဲ့ အပြုအမူတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။
သွားကြားထိုးတန် ဆူးရာကနေ HIV ကူးစက် တတ်ပါသလား
HIV ပိုးပါတဲ့ သွေးတစ်စက်က ကားလမ်းမပေါ် ကျတယ်ဆိုပါစို့။ ဒါဆိုရင် ဒီသွေး တစ်စက်က ပြင်ပ အပူချိန်ကြောင့် အမြန်ခြောက်သွားရင် ပိုးလည်း သေသွားနိုင် ပါတယ်။ အဲဒီသွေးက အဲယားကွန်းရှိတဲ့ အခန်းထဲမှာ ကျနေတယ် ဆိုရင်တော့ အခန်းက အေးနေတော့ သွေးလဲ ခဲနေနိုင်ပြီး ပိုးအတွက် အသက်ရှင်ဖို့ အချိန်နည်းနည်း ပိုရမှာပါ။ HIV ပိုးက အေးခဲထားတဲ့ သွေး ခဲတွေ၊ သွေးအိတ်တွေမှာ ရက်ပိုင်းအထိ အသက်ရှင်နေနိုင်ပါတယ်။
ART ဆေး သောက်သင့်ပြီလား...
ကျနော့် အနေနဲ့ ART ဆေးသောက်ဖို့ကို စိတ်မလောစေချင် ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီဆေးက စသောက်ပြီးရင် တစ်သက်လုံး မပြတ်တမ်းသောက် ရမှာပါ။ ဆေးမှာ ဘေးထွက် ဆိုးကျိုးတွေလည်း များပါတယ်။ အထူးသဖြင့် အသည်း၊ ကျောက်ကပ်နဲ့ အာရုံကြောကို ထိခိုက်ပါတယ်။ အခုလို အလုပ် လုပ်နိုင်တုန်းမှာ ဆေး စသောက်ရင် မလိုအပ်ပဲ အပိုငွေ ကုန်မှာလည်း စိုးရိမ်ပါတယ်။ အပြင်မှာ ဆေးဝယ်သောက် ရင်တော့ ငွေပိုကုန်ပါတယ်။
PLH တစ်ယောက်ရဲ့ ယားယံသည့်နေရာအား လက်အိတ် မပါပဲ ပွတ်သပ် ပေးရုံဖြင့် HIV ကူးစက်နိုင်ပါ သလား
မိတ်ဆွေအနေနဲ့ ရောဂါသည်ကို အခြေအနေ တစ်ခုအထိ ပြုစုပေးခဲ့တဲ့ အတွက် ဂုဏ်ယူကြောင်း ပြောပါရစေ။ ရောဂါ သည်တွေ အပေါ် ကြင်နာမှုပြသခြင်းဟာ သူတို့အတွက် အသက်ရှင်သန်စေမှုကို အားဖြစ်စေပါတယ်။ အခုကိစ္စမှာ HIV ကူးနိုင်ခြေ မရှိပါဘူး။ ဒီတော့ သံသယတွေ ရှင်းပြီး နောက်တစ်ခါ ရောဂါ သည်နဲ့ ပြန်တွေ့ရင်လည်း အရင် တစ်ခေါက်လို ပြုစုပေးပါလို့ တိုက်တွန်းပါတယ်။
HIV ပိုးထိမ်းဆေး TRIOMUNUE ဆေးနဲ့ ဆက်စပ်၍
ဒီဆေးတွေက ဘေးထွက် ဆိုးကျိုးလည်းရှိပါတယ်။ အဖြစ်များတာတွေကတော့ အသည်းကို ထိခိုက်ခြင်း၊ အာရုံကြောများ ထိခိုက်ခြင်းနဲ့ အရေပြားမှာ အကွက် ထခြင်းတို့ ဖြစ်ပါတယ်။ ဒီဆေးကို ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးကို အချိန် မှန်မှန် သောက်သင့်ပြီး သောက်နေစဉ် ကာလတွေမှာ ဆရာဝန်နဲ့ ပြသပြီး ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိ/ မရှိကို အမြဲ စစ်ဆေးသင့်ပါတယ်။
PLH တစ်ယောက်နဲ့ ဆက်ဆံရင်း ကွန်ဒုံး ကျွတ်သွားခဲ့ရင်
နောက်တစ်ချက်က မိတ်ဆွေမှာ HIV ပိုးရှိနေတာ မိန်းကလေးကို အသိပေးထားပါ သလား၊ သူမက သိနေတယ် ဆိုရင်တော့ စိတ်သောက သက်သာစေဖို့ တတ်ကျွမ်းတဲ့ သူတွေနဲ့ နှစ်သိမ့် ဆွေးနွေး တာမျိုး ပြုလုပ် သင့်ပါတယ်။
HIV ဆေးနဲ့ အမေးအဖြေ (၂)
ART ဆေးတွေကို သောက်တဲ့အခါမှာ ဆရာဝန်တွေက အချိန်မှန်အောင် သောက်ဖို့ ပြောလေ့ ရှိပါတယ်။ ဒါဟာ ဆေးတွေရဲ့ အာနိသင်ဟာ နာရီပိုင်းနဲ့ ကိုယ်ထဲမှာ အစွမ်းပြပုံ မတူကြလို့ပါ။ ဖြစ်နိုင် ရင် သောက်တဲ့ အချိန်ကို သတ်မှတ်ထားသင့်ပါတယ်…
ပိုးထိန်းဆေး သောက်နေတဲ့ သူနဲ့ အကာအကွယ်မပါပဲ နေမယ်ဆိုရင်
HIV ပိုးရှိတဲ့သူက ART (Anti-retro viral Therapy) ဆေးသောက်နေတယ် ဆိုတာ HIV ပိုးတွေကို ART ဆေးက လုံးဝ သေအောင်သတ်တာ မဟုတ်ပါဘူး။ HIV ပိုးတွေ ကိုယ်ထဲမှာ မျိုးပွားတာကို ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီတော့ ဆေးသောက်နေတဲ့ လူနာရဲ့ ကိုယ်ထဲမှာ HIV ပိုးတွေက အသက်ရှင်သန် နေဆဲပါ။ ဆေးသောက်လို့ ပိုးတွေ လုံးဝ မရှိတော့ ဘူးဆိုတာ မဟုတ်ပါဘူး။
အကာအကွယ် မပါပဲ HIV ဖြင့် နေထိုင်သူ အမျိုးသမီးနဲ့ ဆက်ဆံမိရင်
ရောဂါရှိတဲ့ ကောင်လေးက ကောင်မလေးရဲ့ လိင်အင်္ဂါကို လျှာနဲ့ ဆက်ဆံရင် ကူးစက်နိုင်ခြေ နည်းပါတယ်။ ဥပမာ HIV ပိုးရှိတဲ့ ကောင်လေး ပါးစပ်မှာ ပြည်တည်နာတွေ ရှိတယ် ဆိုရင် ကောင်လေးရဲ့ တံတွေး ကနေ ကောင်မလေးရဲ့ လိင်အင်္ဂါ အတွင်းကို HIV ပိုးဝင်သွားနိုင်ပါတယ်။ ဒါကတော့ ဖြစ်နိုင်ချေ နည်းပါတယ်။
HIV ဆေးနဲ့ အမေးအဖြေ (၁)
HIV ပိုးကို တားဆီးထားလို့ ရတယ်ဆိုတာက HIV ပိုး ရှိတဲ့သူမှာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းထား တာပါ။ ဆေးတွေသောက်ရ ပါတယ်။ မိတ်ဆွေ သိထားတဲ့ ART ဆိုတာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းတဲ့ ဆေးတွေကို ပြောတာပါ။ ဒီဆေးတွေကို HIV ပိုး ရှိသူတိုင်း သောက်စရာ မလိုပါဘူး။ သူ့ရောဂါ အဆင့်နဲ့သူ လိုအပ်မှ ဆရာဝန်တွေက ပေးတာပါ။ အသေးစိတ်ကို ART အကြောင်း သိကောင်းစရာ ဆိုတဲ့ HIM ရဲ့ စာမျက်နှာမှာ အသေးစိတ် ဖတ်စေချင် ပါတယ်။
Aphaw Gel သုံးရင် Condom သုံးစရာ မလိုဘူးဆိုတာ ဟုတ်ပါသလား
ကိုယ့်အမျိုးသမီးနဲ့ အတူနေပြီး ကလေးလည်း လိုချင်တယ်ဆိုရင် ကွန်ဒုံး သုံးစရာမလိုပဲ ဂျယ်လေးသုံးပြီ သာသာယာယာ စခန်းသွားလို့ ရပါတယ်။ ဒီလိုမဟုတ်ပဲ အပြင်က ကြေးစား မိန်းကလေးနဲ့ သွားမယ်ဆိုရင်တော့ ကွန်ဒုံးကို ရောဂါ ကာကွယ်ဖို့ သုံးရမှာဖြစ်ပြီး လိင်ကိစ္စ သာယာစေဖို့ ဂျယ်ကို သုံးလို့ ရပါတယ်။
HIV/ART နဲ့ အသက်ရှည်မှု အမေး၊ အဖြေ
ပုံမှန် ဆေးကုသမှုခံယူတာ၊ ဆရာဝန်/ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးတာ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစားအသောက် ဂရုစိုက်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်တာ၊ ဂီတ၊ ပန်းချီစတဲ့ စိတ်အပန်းဖြေစရာတွေ လုပ်တာ၊ မိတ်ဆွေတွေနဲ့ အခင်မင်မပျက် ပေါင်းသင်းနေထိုင်တာ၊ ဘာသာရေး လူမှုရေး လုပ်ငန်းတွေပါဝင်တာ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်စတာတွေ ရှောင်တာ လိင်ဆက်ဆံတိုင်း အမြဲ ကွန်ဒုံးသုံးတာ၊ ကာသလားရောဂါတွေရှိရင် အချိန်မီ ကုသတာ၊ ART ဆေးသောက်နေ သူဖြစ်ရင် ဆေးကို အချိန်မှန်မှန်သောက်တာ၊ ဆေးမီးတိုတွေနဲ့မကုပဲ ကျွမ်းကျင်တဲ့ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ကုသတာ…. စတာတွေက ရောဂါပိုးရှိသူရဲ့ သက်တမ်းကို ဆုံးဖြတ်ပါတယ်။

Follow me on: