သတင်းမီဒီယာများနှင့် မီဒီယာအဖွဲ့အစည်းများကို အသေးစား ထောက်ပံ့ကြေးပေးရသည့် ဦးတည်ချက်မှာ HIV နှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများ ပိုမိုရေးသားလာစေရန်၊ သတင်း အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်၊ HIV နှင့် လူ့အခွင့်အရေးဆိုင်ရာ သတင်းများကို နားလည်သဘောပေါက်စွာ ရေးသားတင်ပြမည့် သတင်းများ ပေါ်ထွက်လာစေရန် ဖြစ်သည်။
ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ သင်တန်း ဘယ်သူတွေကို သင်ပေးနေတာလဲ
အလှူရှင် ဒေါ်ဥမ္မာတင်က သူ့အိမ်ကို လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က လှူဒါန်းခဲ့ပြီးနောက် ဒေါ်ဖြူဖြူသင်းဦးဆောင်ပြီး HIV ဝေဒနာခံစားနေရတဲ့ အမျိုးသမီးနဲ့ ဝေဒနာရှင်မိသားစုထဲက အမျိုးသမီးတွေကို အခမဲ့စက်ချုပ်ပညာသင်ကြားပေးနေတာပါ။ နယ်က အခွင့်အလမ်းနည်းပါးတဲ့ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ အခုတော့ HIV ဝေဒနာနဲ့မဆိုင်တဲ့ အမျိုးသမီးလူငယ်တွေကိုပါ သင်တန်းတက်ဖို့ ဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးရာဇာကဆိုပါတယ်။
HIV ကူးစက်ခံနေရသူများအတွက် လိုအပ်ချက်များတောင်းဆိုသွားမည့် 8th National PLHIV Forum 2014
မြန်မာနိုင်ငံမှာတော့ HIV ကူးစက်ခံနေရသူများရဲ့ (၅၀) ရာခိုင်နှုန်းသာ ART ဆေးရရှိဖို့ သာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများ အသင်းအနေနဲ့ တိုင်းနဲ့ပြည်နယ် (၁၄) ခုမှာ အဖွဲ့ (၁၅၉) ဖွဲ့နဲ့ အဖွဲ့ဝင် (၉၀၀၀) ကျော်ရှိတယ်လို့ သိရပြီး မြန်မာနိုင်ငံမှာတော့ HIV ကူးစက်ခံနေရသူ တစ်သိန်းခွဲကျော် ရှိတယ်လို့ သိရပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ကျန်းမာရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲ ၍ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland (Medicins Sans Frontieres – Holland (AZG) အဖွဲ့၏ လုပ်ငန်းအားလုံးကို လုံးဝရပ် ဆိုင်းစေပြီး လူနာများ အား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ်ဆိုင်းတော့ မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန် သိရှိစေရန် အောက်ပါ အတိုင်း အသိပေးအပ်ပါသည်။
သမိုင်းဝင် ကပ်ရောဂါများ (၅)
ကာလဝမ်းလို့ ခေါ်တဲ့ Cholera ရောဂါဟာ မြန်မာတို့ ယဉ်ပါးပြီးသား ရောဂါကြီး ဖြစ်ပါတယ်။ အဆိုးဝါးဆုံးသော ကပ်ရောဂါ တစ်ခုလို့လည်း ကမ္ဘာ့သမိုင်းမှာ သတ်မှတ်ခြင်း ခံထားရတဲ့ ရောဂါပါ။ နာရီပိုင်းအတွင်းမှာ များစွာသော လူတို့ကို အုပ်စုလိုက် အပြုံလိုက် အတုံးအရုံး သေဆုံး သွားစေခဲ့တာမို့ လူတွေ အကြောက်ကြီးကြောက်ခဲ့ကြပါတယ်။ ကာလဝမ်းဟာ ဘယ်လောက်ဆိုးတယ် ဆိုတာကို မှတ်မိနေပြီး အခုပြန်ပြောရင်တောင် ကြောက်နေကြသေးတဲ့ လူတွေ မြန်မာမှာ အခုထိ အသက်ရှင်လျက် ရှိနေကြသေးတယ်။
လိင်ဖျော်ဖြေသူ အမျိုးသမီးများက အခက်အခဲများကို ပြန်ပြောရန် စိုးရွံ့ခြင်းကြောင့် ယင်းတို့၏ အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဖြစ်နေ
အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပြင်ဦးလွင်၊ မလှိုင်၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့်ဒေသ များတွင် ကျေးလက်ဒေသများ တိုင်အောင် ဆောင်ရွက် ပေးလျက် ရှိသည်။
အားလုံး တာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့
အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက် တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူ တဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့  ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့  အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက် ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။
ထိုင်းက မြန်မာ လိင်အလုပ်သမားများ ဘဝ ခက်ခဲကြမ်းတမ်း
ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော AIDS ဆိုင်ရာ အာရှနှင့် ပစိဖိတ်ဒေသ ၁၁ ကြိမ်မြောက် နိုင်ငံတကာ ကွန်ဂရက် (ICAAP11) သို့ နိုင်ငံပေါင်း (၈၀) မှ ကိုယ်စားလှယ် ၄၀၀၀ နီးပါး တက်ရောက်ပြီး HIV ကာကွယ်တားဆီးရေး အတွက် ဆွေးနွေးခဲ့ကြသည်။ အာရှနှင့် ပစိဖိတ်ဒေသတွင် လူ ၄.၉ သန်းခန့် HIV ပိုး ကူးစက်ခံထားရသည်ဟု UNAIDS ၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရန် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမည်
ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရသူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ်လည်း ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။
၂၀၁၄ ခုနှစ်တွင် AIDS လူနာ ခုနစ်သောင်းခွဲကျော် ART ဆေးရမည်
ကျန်းမာရေး ဝန်ကြီးဌာနနှင့် မိတ်ဖက် အရပ်ဘက် အဖွဲ့အစည်းများ ထောက်ပံ့ပေးနေသော HIV/AIDS ဝေဒနာ ရှင်များသည် ၂၀၁၂ ခုနှစ်တွင် ၅၃,၇၀၉ ဦးနှင့် ၂၀၁၃ ခုနှစ်တွင် ၆၀,၆၁၈ ဦးတို့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ART ဆေးသောက်သုံးရန် နှစ်စဉ် လိုအပ်သူ ဦးရေသည် ၁၂၅,၀၀၀ ဝန်းကျင် ရှိကြောင်း အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းအရ သိရသည်။
MANA ဘာလုပ်နေလဲ အပိုင်း (၁၀)
ပြည်တွင်းပြည်ပမှ အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ချရေးနှင့် အန္တရာယ်လျော့ချရေး လုပ်ငန်းစဉ်များကို စီမံကိန်းများ ချမှတ်ကာ အန္တရာယ် အများဆုံး ရှိနိုင်သည့် နေရာဒေသများကို စီစစ်ရွေးချယ်ကာ ဆောင်ရွက်လျက် ရှိပါသည်။
ကွန်တော့် ဝန်းကျင်က သူတို့ဘဝ (၂)
HIV ရောဂါပိုး ရှိနေပေမယ့် ကျန်းမာရေး ကောင်းမွန်စွာနဲ့ နေထိုင်လှုပ်ရှားနေကြတဲ့ သူတွေ အများကြီး ရှိနေပါတယ်။ လက်ရှိ အခြေအနေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ပါတယ်။ နောက်ဆိုရင်လည်း ကုသနိုင်တဲ့ ဆေးဝါး အသစ်တွေ ပေါ်ထွက်လာစရာ အကြောင်းတွေ ရှိနေပါတယ်။ ဒါကြောင့် HIV ရောဂါပိုးမျိုး ရှိနေတယ်ဆိုပေမယ့် “ဘဝ မျှော်လင့်ချက်” အပြည့် ရှိနေသေးတယ် ဆိုတာကိုတော့ သတိပြုကြ စေလိုပါတယ်။

Follow me on: