1
Jul

အေအိုင်ဒီအက်စ် ကူးစက်ခံ မိဘမဲ့ မြန်မာကလေးများဂေဟာ ဖွင့်လှစ်

ဆွေမျိုးသားချင်းဘိုးဘွားတွေ မရှိတော့တဲ့ အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ ကလေးတွေ အခုအချိန်မှာ တနေ့တခြား များလာနေပြီး ကူညီစောင့်ရှောက်ပေးမယ့်သူ မရှိသလောက် ဖြစ်နေပါတယ်။ ကူမာမိုတိုခရိုင်ရှိ ၀ိုင်အမ်စီအေအုပ်စု ခေါင်းဆောင် ဟီရူးဆုဆူမီက အေအိုင်ဒီအက်စ် ကူးစက်ခံထားရတဲ့ မိဘမဲ့ကလေး အယောက် ၄၀ လောက် ဂေဟာကို ထပ်ရောက်လာဖို့ ရှိပြီး အကူညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

20
Jun

ရှင်တို့ကရဲတွေပဲ ဖမ်းပေါ့

မည်သည့်အချိန် ကာလမှပင် ပျောက်ကွယ်သွားမည် မဟုတ်သည့် ပြည်တန်ဆာ ပပျောက်ရေး လုပ်ငန်းကို ပြည်သူ့ရဲများက စနစ်တကျစီမံ ကိန်းများ ချမှတ်စဉ် ဆက်မပြတ် လုပ်ဆောင်နေခြင်း ဟုတ်ဘဲ အလျဉ်းသင့် သလို အခါအခွင့်သင့်သလို ကြုံလျင် ကြုံသလို ပြည်တန်ဆာများကို ဖမ်းဆီးလေ့ရှိပြီး ဖမ်းဆီးမှုတော်တော် များများကိုလည်း အသွင်ယူ သက်သေများဖြင့် ပျော်ပါးပြီးမှသာ ဖမ်းဆီးလေ့ရှိကြသည်။

28
May

အေ့ဒ်စ်ကြောင့် သေဆုံးသူများအတွက် ဆုတောင်းခဲ့တဲ့ မီးထွန်းပွဲ

ဆုတောင်းမီးထွန်းပွဲတွေကို ကွယ်လွန်၊ သေဆုံး၊ အသက်စွန့်ခဲ့ရသူတွေ၊ ကလေးငယ်တွေ၊ မသန်စွမ်းသူတွေ၊ အနှိမ်ခံ၊ အပယ်ခံ၊ ချို့တဲ့နိမ့်ပါးသူတွေ၊ မတရားပြူမှုခံရသူတွေအတွက် ကျင်းပလေ့ရှိပြီး AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေ အတွက် ဆုတောင်းမီး ထွန်းပွဲတွေကိုတော့ နှစ်စဉ် မေလတတိယပတ် တနင်္ဂနွေနေ့မှာ နိုင်ငံပေါင်း ၁၁၀ က ကျင်းပခဲ့တာ နှစ် ၃၀ ရှိပြီ ဖြစ်ပါတယ်။

27
May

HIV/AIDS ဖြင့် သေဆုံးသွားသူများအတွက် အရက်ဖက် အဖွဲ့အစည်းများမှ ဆုတောင်းပွဲ လားရှိုး၌ ပြုလုပ်

“ကျွန်မတို့ကတော့ ရောဂါနဲ့ အသက်ရှင်နေသူတွေပါ။ ကျွန်မတို့ လူကြီးတွေကတော့ စိတ်ဓါတ်မကျတော့ ပါဘူး။ ဒါပေမယ့် ကျောင်းသားတွေနဲ့ ကလေးအရွယ်လေးတွေကိုတော့ ၀ိုင်းဝန်ပြီး ကူညီပေးကြပါ။ ပစ်မထား ကြပါနဲ့။ ART ဆိုတဲ့ ပိုးထိန်းဆေးကို ပုံမှန်သောက်သွားမယ်ဆိုရင် သက်တန်းစေ့နေနိုင်ပါပြီ။’’ ဟု PLHIV မမျိုးသူဇာက ပြောသည်။

21
May

HIV ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ခုခံကာကွယ်နိုင်မယ့် မော်လီကျူအသစ် ရှာဖွေတွေ့ရှိ

HIV ဟာ ကလပ်စည်းများနဲ့ ဖွဲ့စည်းထားတဲ့ အာရုံကြောနှစ်ခုမှ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင် ရောက် လာပါတယ်။ သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ အသစ်အသားဓါတ်ဟာ ဗိုင်းရပ်စ်ပိုးဝင်ရောက်ရှင်သန် နေ ထိုင်တဲ့ အာရုံကြောနှစ်ခု အပေါက်တွေကို ၀င်ပေါက်မရှိအောင် တားဆီးပိတ်ပင်ပေးပါတယ်။

12
May

လိင်လုပ်ငန်းလုပ်တဲ့ မင်းသမီး ၂၀၀ ကို အင်ဒို အရေးယူ

မင်းသမီးနဲ့ ​မော်ဒယ်လ် ​အယောက် ​၂၀၀ ​ရဲ့ ​နာမည်ကို ​အင်ဒိုနီးရှား ရဲတွေက ​ရရှိထားတာဖြစ်ပြီး ​အဲဒီ ​celebrity ​တွေဟာ ​သူတို့နဲ့ ​အတူတူ ​အိပ်လိုတဲ့ ​အမျိုးသားတွေကို ​ဒေါ်လာ ​ထောင်နဲ့ချီ ​တောင်းခံ ကြသူတွေ ​ဖြစ်တယ်လို့ ​သိရပါတယ်။

8
May

ကလဲ့စားချေတဲ့ အနေနဲ့ အမျိုးသား ၃၂၄ ယောက်ကို HIV ကူးစက်စေခဲ့ကြောင်း Kenya ကျောင်းသူဝန်ခံ

အနည်းဆုံး အမျိုးသား ၂,၀၀၀ ကို HIV ရောဂါကူးစက်စေဖို့ သူမ ရည်ရွယ်ချက်ဖြစ်တယ်လို့ အဲဒီ အမျိုးသမီးက ထုတ်ပြောသွားပါတယ်။ ပါတီတစ်ခုမှာ သူမတွေ့ဆုံခဲ့တဲ့ အမျိုးသားတစ်ယောက်ထံ ၄င်းကူးစက်ရောဂါ ရရှိမှုအတွက် ပြန်ကလဲ့စားချေတာ တရားမျှတတဲ့ လုပ်ရပ်ဆိုတာ သူမ ခံယူချက်ဖြစ်ပါတယ်။

5
May

ရန်ကုန်ပက်ပုန်းလမ်း

“တစ်လကို ဝင်ငွေသုံးသိန်းလောက် ရပါတယ်။ ဒါပေမဲ့ ဆိုင်က အပြင်ပေးမထွက်ဘူး။ ပစ္စည်းပေးမဝယ်ဘူး။ သူတို့ဆိုင်က ပိုင်ရှင်မမတွေ ရောင်းတဲ့ ပစ္စည်းပဲ ဝယ်သုံးရတယ်” ဟု စမ်းချောင်းမြို့နယ် အတွင်းရှိ ဇိမ်ခန်းတစ်ခုတွင် နေထိုင်သည့် လိင်အလုပ်သမ တစ်ဦး ဖြစ်သူ မသော်တာက ဆိုသည်။

4
May

ပြည့်တန်ဆာခေါင်း မားမားစံ (ခေါ်) ဒေါ်စံစံနှင့် တွေ့ဆုံခြင်း

သူတို့ဘာသာ သူတို့ဆို ဖောက်သည်ချိတ်ရဖို့ မလွယ်ဘူးလေ။ ဒီတော့ ထိုက်သင့်တဲ့ အကျိုးအမြတ်တော့ အန်တီက ယူတယ်။ တချို့ဆို တစ်ထောင်ရရ၊ နှစ်ထောင်ရရ ဒီနေ့တော့ တစ်ယောက်လောက် ရှာပေးပါဆိုတဲ့ ကလေးမတွေ ရှိတယ်။ အများစုက ကိုက်နေကြပြီ။ (HIV ပိုး ကူးစက် ခံထားရခြင်းကို ဆိုလိုသည်)။

28
Apr

HIV လမ်းညွှန်ချက်သစ်

လက်ရှိ မြန်မာနိုင်ငံမှာ HIV ပိုး ရှိနေသူပေါင်း ၁ သိန်း၊ ၉ သောင်းနီးပါးရှိနေတယ်။ ART ဆေးလိုအပ်နေသူက ၁ သိန်း၊ ၂ သောင်းကျော် ရှိနေတယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်က ဆိုတယ်။ မြန်မာပြည်မှာ HIV/AIDS ကျဆင်း၊ ပျောက်ကင်းနိုင်ပါစေ။

26
Mar

HIV news

ပြင်သစ်မှာပဲ HIV ရှိနေတဲ့ အမျိုးသမီးတွေကနေ တရားရုံးမှာ လျှောက်ချက်တင်ကြတယ်။ သူတို့ကို အတင်း သားကြောဖြတ်ခိုင်းလို့ လျှော်ကြေး ရလိုမှု ဖြစ်ပါတယ်။ တရားရုံးကနေ ကိုယ့်လိင်ဆက်ဆံဖက်ကို ကိုယ့်မှာ HIV ရှိနေတာကို ထုတ်ပြောဖို့ဆိုတာ ဖွဲ့စည်းပုံနဲ့ မညီဖူးလို့ ဆုံးဖြတ်ပါတယ်။

6
Mar

လိင်လုပ်သားတွေ အကြမ်းဖက်ခံနေရတာ ဘယ်လိုကာကွယ်မလဲ

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၄ ခုမှာစတင်ခဲ့တဲ့ လေ့လာချက်စစ်တမ်းရဲ့ သုတေသနတွေ့ရှိချက်အရ ဒေသအတွင်းဖြစ်ပွားနေတဲ့ လိင်လုပ်သားတွေ အပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အကြမ်းဖက်ခံနေရတဲ့ အကြောင်း လေ့လာ သုံးသပ် ထားတာဖြစ်ပြီး အကြမ်းဖက်ခံရသူ လိင်လုပ်သားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေလည်း မရှိတာကြောင့် တိုင်တန်းမယ်ဆိုရင် အမှုပိုကြီးသွားတာမို့ သည်းခံနေနေရတယ်လို့ မကေသီက ဆိုပါတယ်။

Follow me on:

Back to Top