မည်သည့်အချိန် ကာလမှပင် ပျောက်ကွယ်သွားမည် မဟုတ်သည့် ပြည်တန်ဆာ ပပျောက်ရေး လုပ်ငန်းကို ပြည်သူ့ရဲများက စနစ်တကျစီမံ ကိန်းများ ချမှတ်စဉ် ဆက်မပြတ် လုပ်ဆောင်နေခြင်း ဟုတ်ဘဲ အလျဉ်းသင့် သလို အခါအခွင့်သင့်သလို ကြုံလျင် ကြုံသလို ပြည်တန်ဆာများကို ဖမ်းဆီးလေ့ရှိပြီး ဖမ်းဆီးမှုတော်တော် များများကိုလည်း အသွင်ယူ သက်သေများဖြင့် ပျော်ပါးပြီးမှသာ ဖမ်းဆီးလေ့ရှိကြသည်။
အပျိုစစ်စစ် အပျိုရည် ရောင်းရန်ရှိသည်
အပျိုရည်ဟာ ဒီလိုဆိုရင် သိပ်တန်ဖိုးမရှိဘူး ထင်ရပေမယ့် နောက်တစ်နည်းအရ တော်တော်တန်ဖိုးကြီးတဲ့အရာ ဖြစ်နေပြန်ပါတယ်။ လိင်မုဆိုးတွေက အပျိုစင်တစ် ယောက်နဲ့ တစ်ပတ်အတူနေဖို့အတွက် ဒေါ်လာ ၈၀၀ ကနေ ၄,၀၀၀ ကြား ပေးဝယ်ကြတယ်။ ဒါပေမဲ့ မိန်းကလေးရဲ့ အချိုးအစား၊ အလှအပနဲ့ သူတို့ သုံးနိုင်တဲ့ ငွေပမာဏအပေါ်လည်း မူတည်ပါသေးတယ်။
Cervarix သားအိမ်ဝကင်ဆာ ကာကွယ်ဆေး
အခုအထိတော့ ကာလဘယ်လောက်ကြာကြာ ကာကွယ်မလဲဆိုတာ မပြောနိုင်သေးပါ။ သုတေသနတွေအရ အသက် ၁၅ နှစ်ကနေ ၂၅ နှစ်ရှိ မိန်းကလေး-အမျိုးသမီးတွေကို ပဌမတကြိမ် ထိုးလိုက်ရင် ၆့၎ နှစ်အထထိ ကာကွယ်နိုင်တာကို သိရပြီ။ ဒိနောက်မှာ ထပ်ထိုးဘို့ လို-မလို မပြောနိုင်သေးပါ။
ပဋိသန္ဓေတည်ခြင်း လက္ခဏာများ အပိုင်း(၁)
မိမိ၏ ကျန်းမာရေး မကောင်းလို့၊ ခန္ဓာကိုယ်တွင်း အင်အားဓါတ်လျော်နည်းနေလို့၊ သွေးအားနည်းလို့၊ စိတ်ဖိမှုများလို့ စသဖြင့်သော အကြောင်းကြောင်းကြောင့် ဓမ္မတာရပ်ဆိုင်းခြင်း၊ နောက်ကျခြင်းများ ဖြစ်နိုင်သလို ကိုယ်ဝန်ရှိနေခြင်းကြောင့် ဓမ္မတာ ရပ်ဆိုင်းခြင်းလည်း ဖြစ်နိုင်သည်။
အမျိုးသမီးသုံး ကွန်ဒုံးအသစ် တစ်မျိုး ဈေးကွက်တွင် ဖြန့်ချိ
ကွန်ဒုံး ဒီဇိုင်းမှာ အစဉ်အလာ အမျိုးသမီးသုံး ကွန်ဒုံးရာဘာ အစွပ် များနှင့် အလွန်တရာ ကွာခြားခဲ့သည် ဆိုသည်။ ယခင်က ၁၉၉၀ နှစ်များ အတွင်း ထုတ်လုပ်ခဲ့သည့် အမျိုးသမီးသုံး ကွန်ဒုံးများမှာ လိင်ဆက်ဆံရာတွင် ဆူညံသံ ထွက်ပြီး လိင်အင်္ဂါမှ ပြန်ချော်ထွက်မည့်ပုံ ရှိကြောင်းလည်း သတင်းက ဖေါ်ပြသည်။
တားဆေး အားကိုးနဲ့ ကမ္ဘာခြားမှာ သေမလောက် ကြောက်ကြသူများ
ကိုယ်ဝန် ဖျက်ချင်သူ အများစုဟာ ဆယ်ကျော်သက် အရွယ်တွေ ဖြစ်ကြ ပါတယ်။ ကျန်းမာရေး အသိ၊ တာဝန်ယူစိတ် နည်းကြတယ်။ ကိုယ့်စိတ် ကို မနိုင်နင်း သူတွေလဲ ဖြစ်တယ်။ အချိန်ကို မကြည့်ကြဘူး။ လိုချင်တာကို ရအောင် ယူတယ်။ ကွန်ဒုံးလို အကာအကွယ် မသုံးစွဲ ချင်ဘူး။ ကမ္ဘာခြားမှာ သေမလောက် ကြောက်ကြသူတွေ ဖြစ်ပါတယ်။
နီကာရာဂွါတွင် လိင်အလုပ်သမားများကို လူတန်းစားအဆင့်သစ် သတ်မှတ်
လိင်အလုပ်သမား ၁၈ ယောက် ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို သူတို့ရဲ့ အသက်မွေး လုပ်ငန်းမှာ အဖြစ်အများဆုံး မတော်မတရားပြုမှုတွေနဲ့ ဥပေက္ခာပြု လျစ်လျူရှု ခံရခြင်းတွေနဲ့ အတူ ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေကို တာဝန်ယူ စီမံ ထိန်းသိမ်းနိုင်စေဖို့ နည်းပညာနဲ့ တရားရေး ဆိုင်ရာ လေ့ကျင့်မှုတွေ စီစဉ် ပံ့ပိုးပေး ထားပါတယ်။
ချင်းလူမျိုးများကြား AIDS ရောဂါခံစားနေရသူ (၅၀၀) ၀န်းကျင်ရှိ၊ အမျိုးသမီးအများစု ခံစားနေရ
ချင်းပြည်နယ်တွင် HIV/AIDS ရောဂါသည်များအား ပြုစုစောင့်ရှောက်သည့် အဖွဲ့အနေဖြင့် Charity Social Service (CSS) တစ်ခုတည်းသာ ရှိပြီး အဆို ပါအဖွဲ့အစည်း၏ အကူအညီဖြင့် ART ဆေးသောက်သုံးသူ ကလေးမြို့ တွင် ( ၄၀၀) ကျော်၊ ဖလမ်းမြို့တွင် (၁၅) ဦး၊ ဟားခါးမြို့တွင် (၄၀) ကျော်၊ တီးတိန် မြို့တွင် (၂၅) ဦး၊ ထန်တလန်မြို့တွင် (၂၀) ဦး စုစုပေါင်း (၅၀၀) ၀န်းကျင်ရှိကာ အဓိကအားဖြင့် အသက် (၂၀) မှ (၅၀) ၀န်းကျင် လူများဖြစ်သည်။
အမျိုးသမီးချင်း လိင်တူဆက်ဆံခြင်း နောက်ကွယ်မှ အန္တရာယ်များ
လေ့လာမှုတခုအရ အမျိုးသမီးချင်းသာ လိင်တူဆက်ဆံခဲ့တဲ့ အမျိုးသမီးတွေထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီး အင်္ဂါက အရည်ဆင်းတဲ့ရောဂါ ရနေတယ်လို့ တွေ့ရှိခဲ့ရ ပါ တယ်။ ဒီရောဂါကြောင့် တင်ပါးဆုံတွင်း အင်္ဂါများ ယောင်ရမ်းတဲ့ ရောဂါ ဖြစ်စေနိုင်သလို တခြားလိင်ဆက်ဆံမှုကြောင့် ကူး စက်နိုင်တဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။
အမျိုးသမီးပြီးခြင်း (၂)
သုတေသနအဖွဲ့ ခေါင်းဆောင် ပါမောကက္ခ Barry Komisaruk ကနေပြောတာက “ကျွန်တော်တို့ဟာ ဦးနှောက်ထဲကအစိတ်အပိုင်းတွေ အသက်ဝင်လာ၊ တိုးတက်လာတာတွေကို အာရုံစိုက်လေ့လာခဲ့ပါတယ်။ အံ့သြစရာကောင်းလောက်အောင် အပြုအမူတွေနဲ့ အာရုံခံတွေ အများကြီး အသက်ဝင်လာကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိတာ နည်းနည်းလေးရှိသေးတယ်။”
လျစ်လျူမရှုသင့်သော ကိုယ်ဝန်ဆောင်လက္ခဏာများ
ကိုယ်ဝန်ဆောင်နေစဉ် အတွင်း ဆောင်ရန်၊ ရှောင်ရန် အကြံပြု ချက်များစွာကို သင်ကြားရပေလိမ့်မည်။ ယင်းအကြံပြုချက် အားလုံးကို လိုက်နာစရာ မလိုသော်လည်း လျစ်လျူမရှုသင့်သည့် (သို့မဟုတ်) ဘေးအန္တရာယ် ကင်းရှင်းကြောင်း သေချာစေရန် စစ်ဆေးမှု ခံယူရမည့် လက္ခဏာ အချို့ရှိသည်။
သားအိမ်ဝကင်ဆာကာကွယ်ဆေး
မိန်းကလေးတွေ အခမဲ့ ကာကွယ်ဆေး ထိုးပေးပါတယ်။ ဒါပေမယ့် အစိုးရ သဘောထားကိုတော့ ပြောပြဖို့ လိုလာပါတယ်။ ၂ဝ၁၄ ဖေဖေါ်ဝါရီလ ၂၅ နဲ့ ၂၆ နေ့က HPV Vaccines ကာကွယ်ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးတွေ အကြောင်း အစိုးရက ဦးစီးပြီး Public Hearing လူထုကြားနာပွဲ လုပ်ခဲ့ပါတယ်။

Follow me on: