လတ်တလော ပြောနိုင်တာကတော့ ဒီကလေးဆီမှာ ရှိတဲ့ HIV ရောဂါပိုးကို တိုက်ဖျက် လိုက်နိုင်ပြီလို့ AIDS ရောဂါ သုတေသန ဖောင်ဒေးရှင်းက Dr. Rowena Johnston က ပြောပါတယ်။ အခု ကုထုံးဟာ မွေးကင်းစ ကလေးငယ်တွေ အတွက်သာ ဖြစ်ပြီး နည်းနည်းကြီးသွားတဲ့ ကလေးတွေနဲ့ လူကြီးတွေ အတွက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါမဖြစ်အောင်ကြိုတင် ကာကွယ်တဲ့ နည်းကသာ အထိရောက်ဆုံး ကုသမှုအဖြစ် ရှိနေပါသေးတယ်။
HIV ဆေးနဲ့ အမေးအဖြေ (၁)
HIV ပိုးကို တားဆီးထားလို့ ရတယ်ဆိုတာက HIV ပိုး ရှိတဲ့သူမှာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းထား တာပါ။ ဆေးတွေသောက်ရ ပါတယ်။ မိတ်ဆွေ သိထားတဲ့ ART ဆိုတာ HIV ပိုးတွေ မျိုးမပွားအောင် ထိန်းတဲ့ ဆေးတွေကို ပြောတာပါ။ ဒီဆေးတွေကို HIV ပိုး ရှိသူတိုင်း သောက်စရာ မလိုပါဘူး။ သူ့ရောဂါ အဆင့်နဲ့သူ လိုအပ်မှ ဆရာဝန်တွေက ပေးတာပါ။ အသေးစိတ်ကို ART အကြောင်း သိကောင်းစရာ ဆိုတဲ့ HIM ရဲ့ စာမျက်နှာမှာ အသေးစိတ် ဖတ်စေချင် ပါတယ်။
HIV ဗိုင်းရပ်စ် ကူးစက်မှု၏ အဓိက ပရိုတိန်း ဓာတ်တွေ့ရှိ
HIV ဗိုင်းရပ်စ်သည် သေးငယ်သော်လည်း လူသားဆဲလ်များရှိ ပရိုတိန်း အမျိုးအစား ၃၀,၀၀၀ ကျော်ကို ရောယှက်ပေါင်း စပ်၍ ထိခိုက်စေနိုင်သော ပရိုတိန်း ၁၅ မျိုးခန့် ပါဝင်သည့် ဆိုးရွားပြင်းထန်သည့် ရောဂါပိုးတစ်မျိုး ဖြစ်ပါသည်။ သဘာဝ အားဖြင့် APOBEC3G အမည်ရှိ လူသား ပရိုတိန်းသည် HIV ပိုး၏ မျိုးဗီဇ တည်ဆောက် ပုံကို ပြောင်းလဲစေကာ ရောဂါ အဖြစ် မကူးစက်အောင် ကာကွယ်နိုင်စွမ်း ရှိသည်။
ကာမထကြွဆေး အတုများ သတိထားပါ
အမျိုးသမီများ အသုံးပြုရန် အင်္ဂါ ကျဉ်းမြောင်းစေသည့် ဆေးဝါးများလည်း ပေါ်ထွက်နေပြီး အဆိုပါဆေးဝါးများကို မည်သည့် ကျန်းမာရေး အဖွဲ့အစည်းများ၏ ဆေးဝါး ထောက်ခံ ချက် မပါရှိပဲ ထုပ်လုပ်ဖြန့်ဖြူးနေသည်မှာ အသုံးပြု သူများ၏ အန္တရာယ်ကို ဂရုမစိုက်ပဲ မိမိအကျိုးအမြတ် တစ်ခုတည်းကိုသာ ရှေးရှု လုပ်ဆောင်ခြင်းဖြစ်ပြီး အရွယ်မရောက်သေး သူများနှင့် ကာမ ဘီလူးများအား အားပေးသလို ဖြစ်နေကြောင်း သိရှိရသည်။
HIV နဲ့ နေထိုင်သူတွေမှာ ဆေးမတိုးတဲ့ ရောဂါတွေ ဖြစ်လာဖွယ်ရှိ
HIV နဲ့ လူနာတစ်ယောက် (ဘွဲ့တော့ ရတယ်၊ ပညာတတ်မတတ်တော့ မသိဘူး) လာပြတယ်။ သူရောဂါ ရှိမှန်းကို HIV အထူးကုက ရှင်းပြပြီးသား။ ဆေးရုံတက်ဖို့ လိုတော့မှ ကျနော်နဲ့ ပြပြီး တက်တာ။ သူ HIV အတွက် ဆေးသောက် ချင်တယ်တဲ့။ သောက်လဲ သောက်ရမဲ့ အနေအထားကိုး။ ဆေးရုံက ဆင်းပြီး ၅ ရက်နေရင် ပြန်ပြပါ။ အဲဒီအချိန်မှာ ညွှန်ကြားမယ်လို့ ပြောလိုက်တယ်။
ယောက်ျားသုံးဆေး (၁၈နှစ်ပြည့်မှဖတ်ပါ)
Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်းချတယ်။ ဆေးဝါးဗေဒ အရ ပြောရရင် Inhibition of phosphodiesterase type 5 (PDE5) အမျိုးအားဖြစ်တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါ တမျိုး အတွက် ဖြစ်တယ်။ အခု ခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုး အတွက်ဖြစ်တယ်။
AIDS ဝေဒနာရှင်များ အတွက် အလားအလာရှိသည့် ကာကွယ် ကုသဆေး တွေ့ရှိ
အခက်အခဲ များစွာကို ရှင်းလင်းစေနိုင်မည်ဟု ခန့်မှန်းထားသည့် အဆိုပါ modified protein ကို AIDS ဝေဒနာရှင်များ ကုသရန် ဆက်လက်လေ့လာ သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ Nullbasic သည် HIV ကြီးထွားမှုကို သိသိ သာသာ ရပ်တန့်စေကြောင်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ တွေ့ရှိခဲ့ရသည့် ရလာဒ်အပေါ် HIV/AIDS ဝေဒနာရှင် များအတွက် ကာကွယ်ကုသဆေး ထုတ်လုပ်ရန် ဆေးပညာရှင်များမှ စိတ်အား ထက်သန်လျက် ရှိကြောင်း သိရသည်။
ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ
ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူ ဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြား လာသော်လည်း ပြင်ပဆေးဆိုင် များမှ ART ဆေး ၀ယ်ယူသောက်သုံးသူ များလည်း ရှိနေသေးကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။
ဒုတိယ ဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်
လက်ရှိတွင် ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှုကို စစ်တွေမြို့မှ Utopia Association မှ စီစဉ်ပေးနေသည်။ ရခိုင်ပြည်နယ်တွင် ART ဆေးသောက် သုံးနေရသည့် PLHIV စုစုပေါင်း (၃၃၀) ရှိပြီး ART ဆေးဝါး သောက်သုံးသင့်သူ (၂၈၅) ဦးရှိသည်ဟု သိရသည်။
တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ
မနှစ်တုံးက ထောင်ကနေ ပြန်လွတ်လာပြီး အခုတော့ ဘေဂျင်မြို့မှာ အစောင့် ဝန်ထမ်းလုပ်နေပါတယ်.. ဆေးကု တာကိုတော့ ဘယ်သူမှ မသိအောင် သူလုပ်နေရပါတယ်.. တကယ်လို့ လူတွေက သူ့မှာ HIV ပိုး ရှိတယ်ဆိုတာကို လူတွေသိသွားရင် သူ အလုပ်ပြုတ်မယ်ဆိုတာကို သူသိနေလို့ ဖြစ်ပါတယ်.. ဒါပေမယ့် အစောင့် ဝန်ထမ်း လုပ်လို့ ရတဲ့ လစာက HIV/AIDS နဲ့ ဆက်နွယ်နေတဲ့ ဆေးဝါးတွေက ဆေးကြီး လွန်းတာကြောင့် ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး.. အဲဒီအကြောင်း သူ အခုလို ဆက်ပြောပြပါတယ်….
စစ်ပြေး ဒုက္ခသည် TB နှင့် HIV ဝေဒနာသည်များ ဆေးဝါး လိုအပ်နေ
လေးလခန့်ကြာ ဆေးဝါး ပြတ်တောက်ခဲ့သဖြင့် TB ရောဂါခံစားနေရသူ တဦးနှင့် HIV/AIDS နှင့် နေထိုင်သူ တဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။ လွယ်ဂျယ်မြို့နယ်ခွဲ မိုင်ဂျာယန်မြို့ရှိ ဇိုင်းအောင် ဒုက္ခသည် စခန်းတွင် TB ရောဂါ ခံစားနေရသူ ၂၂ ဦးရှိပြီး HIV ရောဂါပိုးနှင့်နေထိုင်သူ ၁၁ ဦး ရှိနေသည်ဟု ဆိုသည်။
ကုန်ကျစရိတ် အသက်သာဆုံးဖြင့် HIV ရောဂါ စမ်းသပ် ရှာဖွေမှု ပြုလုပ်နိုင်တော့မည်
ကင်ဆာရောဂါ သို့မဟုတ် ဗိုင်းရပ်စ်ရှိ/ မရှိကို စမ်းသပ် ဆေးရည် အရောင်ပြောင်းလဲ မှုဖြင့် ဖော်ပြသည်။ အဆိုပါ ပစ္စည်းသည် HIV နှင့် အခြားရောဂါများ ရှာဖွေစမ်း သပ်မှုတို့ အတွက် ရှေ့တန်းသို့ ရောက်ရှိလာနိုင် သည်ဟု လန်ဒန် တော်ဝင် ကောလိပ်မှ တီထွင်သူ ပညာရှင်များက ပြောကြားသော်လည်း စမ်းသပ်မှုများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သွားရန် လိုအပ် နေပါသည်။

Follow me on: