12
Feb

အမေးအဖြေ (၁၁၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ရိုးရိုး မီးဖွါးသူက ဘာမှ ထူးပြီး ရှောင်စရာမလိုပါ။ ကလေးအတွက်သာ ပိုဂရုစိုက်ပါ။ အနေအထိုင်၊ အစားအသောက် ပုံမှန်နေလို့ စားလို့ရပါတယ်။ သွေးတိုး-ဆီးချို မရှိရင် မရှောင်ရပါ။ လူက ဝနေရင်တော့ အချိုဓါတ်နဲ့ အဆီ လျှော့ရမယ်။ ကလေး တလခွဲရောက်ရင် နောင် ကိုယ်ဝန်အတွက် မလိုချင်သေးရင် တားဘို့ နည်းလမ်းရွေးထားပါ။ ဆရာ့ ဆိုက်မျာ စောတွေ အားလုံးရေးထားပါတယ်။

8
Feb

အမေးအဖြေ (၁၁၇) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

STD က ကူးစက်လာနိုင်တဲ့ အခြေအနေမျိုး မရှိခဲ့ဘူးဆိုရင် စိုးရိမ်စရာ မရှိပါ။ ဒီလို ခံစားနေရတာ ကလဲ STD နဲ့ မတူလှပါ။ ဖါသာအာသာဖြေတာ၊ တကယ်ဆက်ဆံတာမှာ သက်ဆိုင်ရာနေရာတွေမယ် သက်ရောက်မှုဖြစ်စေတယ်။ ကြွက်သား၊ အကြောစတာတွေက လှုတ်ရှားမှုဖြစ်တယ်။ ဖိအားသက်ရောက် သလိုဖြစ်တယ်။ ဒါကြောင့် အရင် နာဘူးထားတဲ့ ဒဏ်ရှိရာမျာ နာလာမျိုးဖြစ်နိုင်တယ်။

5
Feb

အမေးအဖြေ (၁၁၆) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျွန်တော် HIV ပိုး သံသယရှိတဲ့ အချိန်ရဲ့ သုံးရက်အကြာမှာ ထူးထူးခြားခြား ကိုယ်မှာ ယားယားလာပါတယ်။ လည်ပင်းတွေ လက်တွေခြေထောက်တွေမှာ။ အဲ့ဒါရောဂါနဲ့ သက်ဆိုင်မှု ရှိပါသလား။ လေးရက်လောက် ရှိပါပြီး။ နောက်တစ်ခုက ကျွန်တော် HIV ပိုးကို စောစောသိချင်ပြီး ဆရာ့စာထဲက စစ်နည်းတွေကို ဖတ်ပြီးပါပြီး။ ဒါပေမယ့် သွေးစစ် နေရာတွေကို သွားစစ်တော့ သုံးလနေ စစ်တာနှင့် ပိုးကို တိုက်ရိုက် စစ်တာ နှစ် မျိုးပဲ ရှိကြောင်း ပြောပါသည်။

2
Feb

(ကလာမိုင်ဒီးယား) နဲ့ (ဂနိုးရီးယား) ခြားနာချက်

(STD) လိင်ကတဆင့် ကူးစက်ရောဂါ တခုဖြစ်တယ်။ Neisseria gonorrhoeae ခေါ်တဲ့ (ဗက်တီးရီးယား) ကနေ ဖြစ်စေတယ်။ ပူနွေး၊ စွပ်စိုရာမှာ ပေါက်ပွါးကြတယ်။ ကျား-မ လိင်လမ်းနေရာတွေ၊ ပါးစပ်၊ စအို။ လည်ချောင်းတွေမျာ နေနိုင်-ကူးနိုင်တယ်။ မအေကနေ ကလေးကိုလဲ ဗဂျိုင်းနာလမ်းကနေ မွေးရင် ကူးစက်လာနိုင်တယ်။

30
Jan

အမေးအဖြေ (၁၁၅) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

မိန်းကလေးမှာ ပိုးရှိနေရင်၊ ယောက်ျားလေးရဲ့ လိင်အင်္ဂါမှာ သွေး+အရည်ဝင်လာစေနိုင်မဲ့ အပါက်အပြဲ၊ အနာအဆာ ရှိနေရင်တော့ ပိုးဝင်ချင်ဝင်နိုင်တယ်။ သုက်ထွက်ခြင်းနဲ့တော့ မသက်ဆိုင်ပါ။ ပြောပြချက်အရ ထိစပ်ချိန်တော့ နည်းတယ်လို့မှတ်ယူနိုင်တာပေါ့။ ရာနှုန်းပြည့်တော့ မပြောနိုင်ပါ။ ဖြစ်ခဲ့ပြီးသားအတွက် မစိုးရိမ်ပါနဲ့။ အကာအကွယ်မပါဘဲ ဆက်ဆံမိတာတောင်မှ အခါတိုင်းကနေ မကူးတတ်ပါ။

28
Jan

ကျားလိင်အင်္ဂါ ဆေးထိုးခြင်း (၂)

ကျားလိင်အင်္ဂါထဲမှာ ရှိတာက ကြွက်သားမဟုတ်ပါ။ Corpora Cavernosa Penis အသားပွက အဓိက အများဆုံး ဖြစ် တယ်။ ဆေးထိုးရင် အဲဒီထဲရောက်မှာများတယ်။ သူ့ကို Fibrous envelope အရွှတ်လွှာ ၂ မျိုးနဲ့ ဖုံးထားတယ်။ Corpus Cavernosum Urethræ ဆိုတာက ဆီးထွက်လမ်း ဖြစ်တယ်။ ကျန်တာက သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ အာရုံကြောတွေ ရှိတယ်။

28
Jan

အမေးအဖြေ (၁၁၄) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

HIV စစ်ပြီးလို့ မတွေ့ရင် စိတ်အေးချမ်းသာရှိပါ။ အရေပြားဖြစ်တာကို တခြားအရေပြားရောဂါ တခုခုလို့ အာရုံစိုက်ရ ပါမယ်။ ပိုးတခုခုသာရှိရင် ပြောတဲ့ဆေးနဲ့ ပျောက်ပါမယ်။ (အလာဂျီ) သဘောဖြစ်နောအတွက် Cetrizine တည ၁ ပြားသောက်နိုင်ပါတယ်။ တော်တော်နဲ့ မပျောက်သေးရင် ဆေးတခုခုရွေးလိမ်းရမယ်။ လောလောဆည် Calamine lotion လိမ်းနိုင်တယ်။

23
Jan

အမေးအဖြေ (၁၁၃) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

အိမ်ထောင်ကျခါစက မိန်းမက အရေးပေါ်တားဆေး တစ်ခါသောက်ဖူး ပါတယ်။ အဲ့ဒီနောက် တစ်ခါမှ မသောက်တော့ပါဘူး။ ကျွန်တော် တီဘီဆေးသောက်ရင်း မိန်းမနဲ့ အတူနေလို့ ရပါသလား။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် 6 လ ငယ်ပါတယ်။ ကျွန်တော့် မိန်းမမှာ အခုထိ ကိုယ်ဝန် မရသေးပါ။ အဲ့ဒါ ကျွန်တော့်ကြောင့်လား။ ဆေးဆိုင်မှာ မေးကြည့်တော့ ဗီတာမင် E ဆေးလို့ ပြောပါတယ်။ ဆေးကတ် အစိမ်းလေးပါ။

22
Jan

ယောက်ျားသုံးဆေး (၁၈နှစ်ပြည့်မှဖတ်ပါ)

Tadalafil (တာဒါလာဖေးလ်) ဆေးကို Adcirca နဲ့ Cialis Tablets စားဆေးအနေနဲ့ ထုတ်လုပ်ရောင်းချတယ်။ ဆေးဝါးဗေဒ အရ ပြောရရင် Inhibition of phosphodiesterase type 5 (PDE5) အမျိုးအားဖြစ်တယ်။ အရင်ဆုံး သုံးခဲ့တာက Pulmonary arterial hypertension အဆုပ်ရောဂါ တမျိုး အတွက် ဖြစ်တယ်။ အခု ခေတ်စားလာတာကတော့ Erectile dysfunction ပန်းသေ-ပန်းညှိုး အတွက်ဖြစ်တယ်။

21
Jan

အမေးအဖြေ (၁၁၂) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ကျမ အစာကိုလည်း နည်းနည်းချင်း စားပေးပါတယ်။ အခု ကျမရဲ့ ဗယ်ဘက် နံရိုးအလယ် နားမှာ တခုခု လိမ်နေသလို ခံစားရပါတယ်။ မကြာမကြာဆိုသလို ခေါင်းလည်း မူးပါတယ်။ ကျမ ဘယ်လိုနေလို့ နေရမှန်းတောင် မသိတော့ပါဘူး။ ပြီးတော့ ကျမ အင်္ဂါမှ အရေကြည်တွေ ဆင်းနေပါတယ်။ အဲ့ဒီ့ဝေဒနာကို သက်သာအောင် ဘယ်လိုများ ကုသရမလဲ ဆိုတာ အကြံတချက် ပေးကြည့်စေချင်ပါတယ်ရှင့်။

21
Jan

အမေးအဖြေ (၁၁၁) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)

ရာသီရက်ကို ဟော်မုန်း ၂ မျိုးတွဲပါ၊ တနေ့ ၁ လုံး၊ တလ ၂၈ လုံးသောက်ရတဲ့ တားဆေးနဲ့ လုပ်လို့ရပါမယ်။ ပဌမသောက်ရတဲ့ ၂၁ လုံးကိုရပ်လိုက်ရင် သွေးဆင်းမယ်။ ရက်တိုဘို့သုံးကြတာထက် တလတခါ မဟုတ်ဘဲ၊ ၂ လ၊ ၃ လ တခါရာသီလာအောင် သုံးကြတာ များတယ်။ တချို့ မိန်းကလေးတွေက ရာသီလာချိန်မှာ အနေရ ခက်လောက်အောင် ခံစားရတယ်။ စိတ်မူပြောင်းတာက အဆိုးဆုံး။

19
Jan

ကျား-လိင်အင်္ဂါ ကောက်နေခြင်း

ကျား-လိင်အင်္ဂါအထဲမှာ အမာရွတ်လို Plaque ဒါမှမဟုတ် Hard lump မာနေတဲ့ အစိုင်အခဲ ရှိနေတာမို့ လိင်တံက ကောက်နေတာကို ခေါ်တယ်။ နဲနဲကောက်တာနဲ့ များများကောက်တာ ရှိမယ်။ ဖြေးဖြေးဖြစ် တာနဲ့ မြန်မြန်ဖြစ်တာ ရှိတယ်။ အင်္ဂါ သန်မာမှုဖြစ်ရင် နာတယ်။ ကြာရင် နာတာ သက်သာလာနိုင်တယ်။ ကောက်နေတာ ကျန်နေတယ်။ လိင် ဆက်ဆံရာမှာ အခက်အခဲရှိလာနိုင်တယ်။ နဲနဲဖြစ်သူတွေမှာ ပြဿနာ မရှိပါ။

Follow me on:

Back to Top