29
Jan

AIDS နှင့် ကမ္ဘာ (၅)

သွေးနဲ့ သွေးပစ္စည်းသွင်းမှုကြောင့် AIDS ရောဂါ ရလာသူဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဘယ်လောက်ရှိမလဲဆိုတဲ့ အဖြေမှန်ကိုတော့ ၁၉၉၂-၁၉၉၅ လောက်မှ သိရမယ်။ ဒါတောင် မှတ်တမ်းတွေ ကောင်းကောင်းထားနိုင်မှ သိမှာ၊ ပြဿနာကတော့ မသေးတာ အမှန်ပါပဲ။ ၁၉၈၁ ခုနှစ်မှာ CDC (စီဒီစီ) ကနေ AIDS ဟာ မူးယစ်ဆေးဝါး ထိုးသူတွေမှာ ရနိုင်တယ်ဆိုတာ သိပြီးနောက် ဒီကူးစက်နည်းဟာ AIDS ပြန့်ပွားရေးမှာ အခရာ ဖြစ်တယ် ဆိုတာကို တစ်နေ့တခြား ပိုပြီး ထင်ရှားလာပါတယ်။

27
Jan

AIDS နှင့် ကမ္ဘာ (၄)

AIDS ရောဂါပိုး စဝင်တဲ့ အချိန်နဲ့ AIDS ရောဂါ တကယ်ဖြစ်လာမယ့် အချိန်ဟာလည်း ရှည်ကြာတော့ သွေးပစ္စည်း သွင်းထားသူ တစ်ယောက်ဟာ AIDS ဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာကို တိုတောင်းတဲ့ အချိန်အတွင်းမှာ မသိနိုင်ဘူး။ ဒီတော့ ပြဿနာဟာ လောလော ဆယ်မှာ ပြတ်သွားတာမျိုး မဟုတ်ဘူး။ ဒီတော့ ပြဿနာဟာ လောလောဆယ်မှာ ပြတ် သွားတာမျိုး မဟုတ်ဘူး။ AIDS ရောဂါပိုး (ဗိုင်းရပ်စ်) သွေးထဲမှာ ရှိ၊မရှိ ကိုတော့ စစ်ကြည့်ရင် သိနိုင်ပါတယ်။

25
Jan

AIDS နှင့် ကမ္ဘာ (၃)

AIDS ရောဂါ လက္ခဏာတွေက AIDS ပိုးဝင်ပြီး နှစ်အတော်ရမှ ပေါ်လာတတ်တာဆိုတော့ ၁၉၈၃ ခုနှစ် ဝန်းကျင်လောက်မှ “သွေးသွင်း AIDS” တွေ များများစားစား တွေ့ရတော့တာပေါ့။ အမေရိကန်မှာ သွေးသွင်းလို့ AIDS ရတဲ့ လူနာတွေ အနက် ၁၀၀ မြောက် လူနာကတော့ တင်ပါးဆုံရိုး အတုထည့်ခြင်း ခံရတဲ့ အသက် ၇၁ နှစ်ရှိ အမျိုးသမီးကြီး ဖြစ်တယ်။

24
Jan

AIDS နှင့် ကမ္ဘာ (၂)

ဒီလို ငြင်းလိုက်ရင် ပြဿနာဟာ ခေတ္တခဏလောက် ဖြစ်ဖြစ် ပျောက်နေမှာပဲလို့ ထင်နေကြတယ်။ ဒီလို “တို့ဆီမှာတော့ ဖြစ်မှာမဟုတ်ဘူး” လို့ ယူဆနေတဲ့ အချိန်မှာပဲ AIDS ကတော့ အရပ်ရပ် အနယ်နယ်ကို ပြန့်စပြုနေ ပါပြီ။ AIDS ကို ကနဦး ဖော်ထုတ်နိုင်ခဲ့တဲ့ ၁၉၈၁ ခုနှစ် အရင် ၂ နှစ်လောက်မှာ တမူထူးခြားတဲ့ လက္ခဏာ ရှိတဲ့ လူနာအချို့ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုမြို့ တွေမှာ တွေ့ခဲ့ကြတယ်။

22
Jan

AIDS နှင့် ကမ္ဘာ (၁)

ဆစ်ဖလစ် ပြန့်ပွားမှုကတော့ AIDS လောက် မမြန်ဘူး။ ဒါဟာလည်း မျက်မှောက်ခေတ်ရဲ့ တိုးတက်မှု တစ်ရပ်ဖြစ်တဲ့ ဆက်သွယ်ရေးနဲ့ ကူးလူးဆက်ဆံရေး ကောင်းမွန်လွယ်ကူ မြန်ဆန်ခြင်း ကြောင့်ပဲ။ ဒါကတော့ အကောင်းနဲ့ အဆိုးဟာ အများအားဖြင့် တစ်ခုတည်း ပေါ်မလာဘူး။ ဒွန်တွဲပြီး လာတယ်ဆိုတာကို သတိရစေတဲ့ အချက်တစ်ခုပဲ။ အဲဒီအချိန်ကလည်း အခု AIDS မှာ ဖြစ်သလိုပဲ ရုရှတွေဟာ ပိုလန်သားတွေဆီက ရတာလို့ ဆိုတယ်။

18
Jan

သမိုင်းဝင် ကပ်ရောဂါများ (၆)

ကပ်ရောဂါတိုက်ရာမှာ သိပ္ပံပညာ / ဆေးပညာကို လုံးလုံးပုံ အားကိုးပြီး လုပ်လို့ မရဘူး။ ဥပမာ ရောဂါပျောက်အောင် ကုသရေးနဲ့ ကာကွယ်ရေးအတွက် သိပ္ပံအပိုင်းကနေပြီး ပြည့်စုံစွာ (သို့) ကျေနပ် ဖွယ်ကောင်းလောက်အောင် ဖန်တီးတီထွင် ပေးနိုင်ပေမယ့် လည်း ရောဂါကို အပြီးအပြတ် ရှင်းလို့ မရခဲ့ပါဘူး။ (ဆစ်ဖလစ်ကိုသာ ကြည့်ပါ) လူတွေရဲ့ အပြုအမှု၊ လူနေမှု၊ ဆက်ဆံရေး၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ စတဲ့ လူမှုရေး ကဏ္ဍနဲ့ နိုင်ငံရေး ကဏ္ဍတို့ဟာ အရေးကြီးတဲ့ အပိုင်းတွေ ဖြစ်ပါတယ်။

16
Jan

သမိုင်းဝင် ကပ်ရောဂါများ (၅)

ကာလဝမ်းလို့ ခေါ်တဲ့ Cholera ရောဂါဟာ မြန်မာတို့ ယဉ်ပါးပြီးသား ရောဂါကြီး ဖြစ်ပါတယ်။ အဆိုးဝါးဆုံးသော ကပ်ရောဂါ တစ်ခုလို့လည်း ကမ္ဘာ့သမိုင်းမှာ သတ်မှတ်ခြင်း ခံထားရတဲ့ ရောဂါပါ။ နာရီပိုင်းအတွင်းမှာ များစွာသော လူတို့ကို အုပ်စုလိုက် အပြုံလိုက် အတုံးအရုံး သေဆုံး သွားစေခဲ့တာမို့ လူတွေ အကြောက်ကြီးကြောက်ခဲ့ကြပါတယ်။ ကာလဝမ်းဟာ ဘယ်လောက်ဆိုးတယ် ဆိုတာကို မှတ်မိနေပြီး အခုပြန်ပြောရင်တောင် ကြောက်နေကြသေးတဲ့ လူတွေ မြန်မာမှာ အခုထိ အသက်ရှင်လျက် ရှိနေကြသေးတယ်။

14
Jan

သမိုင်းဝင် ကပ်ရောဂါများ (၄)

ရောဂါသည်တွေဟာ လူတွေရဲ့ စက်ဆုပ်ရွံရှာမှုနဲ့ ဖယ်ကြဉ်ခြင်းကို ခံခဲ့ကြရတယ်။ AIDS နဲ့ ကွာတဲ့ အချက်တစ်ခုကတော့ ဆစ်ဖလစ်က ကူးစက်ဖို့ရာ ပိုပြီး လွယ်တယ်။ ဆစ်ဖလစ်မှာ ရောဂါကို ကုစားဖို့ တကယ် ထိရောက်တဲ့ဆေးကို နှစ်ပေါင်း ရာနဲ့ ချီပြီး ရှာခဲ့ရတယ်။ ကာကွယ်ဆေး vaccine (ဗက်စင်း) ဆို အခုအထိ ပေါ်မလာသေးဘူး။ အခအခြေအရ မှန်းပြောရရင်တော့ ဒီရောဂါဟာ လူသားတွေကို ဆက်ဒုက္ခ ဝေးနေ ဦးမယ့် ရောဂါပါ။

11
Jan

သမိုင်းဝင် ကပ်ရောဂါများ (၃)

ဆစ်ဖလစ်၊ ဂနိုရီးယား စတဲ့ “ကာလသားရောဂါ” ရှိနေသူတွေဟာလည်း AIDS ဖြစ်ဖို့ရာ အကြောင်း ပိုရှိတယ်။ ဆစ်ဖလစ် ရောဂါဟာ AIDS ရောဂါနဲ့ တူတဲ့ အချက်တွေ ရှိပါတယ်။ လိင်စပ်ယှက်ရာမှ ကူးစက်နိုင်တယ်။ မိဘကနေ ကလေးကို ပေးနိုင်တယ်။ ပေါ်စက တစ်ခါမှ မတွေ့ဘူးခဲ့တဲ့ ရောဂါ အသစ်စက်စက်မို့ ဆရာဝန်တွေ မျက်စိလည်ပြီး မလုပ်တတ် မကိုင်တတ် ဖြစ်ခဲ့ရတယ်။

10
Jan

သမိုင်းဝင် ကပ်ရောဂါများ (၂)

သိရသလောက်တော့ မြန်မာနဲ့ ဗီယက်နမ်မှာ ပလိပ်ရောဂါဟာ စိတ်မချရသေးတဲ့ လူထုကျန်းမာရေး ပြဿနာအဖြစ် အခုထိ တည်ဆဲဖြစ်တယ်။ ဒါကြောင့် ကာကွယ်ရေး ကိစ္စတွေကို သတိရှိစွာနဲ့ ဆက်လက်လုပ်ဖို့ လိုသေးတယ်လို့ ယူဆရတယ်။ ၁၄၉၃ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ ထင်ရှားတဲ့ နှစ်တစ်နှစ်ပါ။

9
Jan

သမိုင်းဝင် ကပ်ရောဂါများ (၁)

AIDS ဆိုတဲ့ ကမ္ဘာရဲ့ နောက်ဆုံး ကပ်ရောဂါ အကြောင်းကိုတော့ တစေ့တစောင်း တင်ပြခဲ့ပြီးပါပြီ။ ကပ်ရောဂါတွေရဲ့ ကြီးမား ဆိုးရွားတဲ့ ဘေးဥပဒ် အန္တရာယ်ရဲ့ အတိုင်းအတာ၊ အတိမ်အနက်၊ အကျယ်အပြန့်ကိုတော့ သာမန်ကာ လျှံကာပဲ စဉ်းစားသူအတွက်တော့ သိသာထင်ရှားလာမှ မဟုတ်ဘူး။ ဒါ့ပြင် ကပ်ရောဂါကြီးတစ်ခု ကမ္ဘာမှာ ဖြစ်လာပြီဆိုရင် လူသားတွေကို ဝေဒနာဒုက္ခအပြင်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အပါအဝင် ကဏ္ဍအသွယ်သွယ်ကို ဘယ်လောက် နှောက်မွှေသွားနိုင်သလဲ ဆိုတာကို သိပ်ပြီး ခေါက်မိမယ် မဟုတ်ဘူး။

8
Jan

AIDS ဆိုတာဘာလဲ (၁၁)

AIDS ဗိုင်းရပ်စ်ပိုး ဝင်ပြီး သူတွေရဲ့ ကိုယ် (သွေး) ထဲမှာ ဒီ ဗိုင်းရပ်စ်ကို တိုက်ဖျက်ဖို့ အတွက် ထုတ်ထားတဲ့ Antibody “ပဋိပစ္စည်း” ရှိတယ်၊ ဒီ ပဋိပစ္စည်းကို တစ်နည်းနည်းနဲ့ မျက်မြင် သက်သေဖြစ်လာအောင် ဖော်ထုတ်ရန် ဖြစ်တယ်။ တစ်နည်း ဆိုရင်တော့ ဒီပဋိပစ္စည်းဟာ ဗိုင်းရပ်စ်ကို ကိုယ်စားပြုတဲ့ သင်္ကေတပဲ ဖြစ်တယ်။ ယခု သုံးနေတာကတော့ နည်း ၂ မျိုး ရှိတယ်။

Follow me on:

Back to Top