ဒေါ်ဖြူဖြူသင်းကား မာသာဖြူဖြူသင်းဟု ဆိုရလောက်အောင် အိတ်ခ်ျအိုင်ဗီရောဂါသည်များကို မိခင်ရင်း တစ်ဦးသဖွယ် စောင့်ရှောက်ကျွေးမွေးနေသူဖြစ်သည်။ အိတ်ခ်ျအိုင်ဗီရောဂါသည်ပေါင်း သုံးရာကျော်တို့သည် ကာကွယ်ဆေးထုတ်ရန် ရန်ကုန်သို့ လာကြရသည်။ ထိုဆေးကို ဟော်လန်နိုင်ငံမှ လှူဒါန်းပေးသည်။
ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ သင်တန်း ဘယ်သူတွေကို သင်ပေးနေတာလဲ
အလှူရှင် ဒေါ်ဥမ္မာတင်က သူ့အိမ်ကို လွန်ခဲ့တဲ့ ၂နှစ်ခွဲလောက်က လှူဒါန်းခဲ့ပြီးနောက် ဒေါ်ဖြူဖြူသင်းဦးဆောင်ပြီး HIV ဝေဒနာခံစားနေရတဲ့ အမျိုးသမီးနဲ့ ဝေဒနာရှင်မိသားစုထဲက အမျိုးသမီးတွေကို အခမဲ့စက်ချုပ်ပညာသင်ကြားပေးနေတာပါ။ နယ်က အခွင့်အလမ်းနည်းပါးတဲ့ အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့ အခုတော့ HIV ဝေဒနာနဲ့မဆိုင်တဲ့ အမျိုးသမီးလူငယ်တွေကိုပါ သင်တန်းတက်ဖို့ ဖွင့်လှစ်ပေးခဲ့တယ်လို့ ဦးရာဇာကဆိုပါတယ်။
လေမုန်တိုင်း ကြားထဲက ရွှေရောင် ဆီမီးငယ် (သို့မဟုတ်) မဖြူဖြူသင်း
သူ့နာမည်က ဖြူဖြူသင်းဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းကပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ တက်ကြွ သော လူငယ် အဖွဲ့ဝင် တဦး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းရှိ ခိုကိုးရာမဲ့ HIV လူနာများအတွက် ကူညီ စောင့်ရှောက်ရေး ဂေဟာ တခု ဖွင့်လှစ်ထားပြီး မိဘမဲ့ကလေးများကိုလည်း သူတတ်စွမ်းသမျှ ကူညီစောင့်ရှောက်လျက်ရှိသည်။
ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့
ယမန်နေ့က ကျရောက်တဲ့ (THE WORLD AIDS DAY’S) နေ့ အထိမ်းအမှတ် ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊ Hiv/Aids prevention and care center ကနေ ရန်ကုန်မြို့၊ ကျိုက္ကစံလမ်းပေါ်ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
HIV/AIDS ဝေဒနာရှင်များအတွက် ဂေဟာအသစ် ဆောက်လုပ်နေ
တောင်ဒဂုံနဲ့ မြောက်ဒဂုံရှိ HIV/AIDS စောင့်ရှောက်ရေးဂေဟာများမှာ ၂၀၁၀ ကာလက အိတ်ခ်ျအိုင်ဗွီဝေဒနာရှင် ၈၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်မှာ အိတ်ခ်ျအိုင်ဗွီဝေဒနာရှင် ၂၅၀ ကျော်တိုးမြင့်လာတဲ့ အတွက် နေရေးထိုင်ရေး အခက်အခဲ ရှိတယ်လို့ ဂေဟာ တည် ထောင်သူ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီဥပဒေ ထွက်လာဖို့ ဆောင်ရွက်နေ
“ကျမတို့ လွှတ်တော် နားတဲ့ကာလမှာ အိတ်ခ်ျအိုင်ဗီ ဥပဒေကို ဆွဲမယ်လို့ လုပ်နေတာ။ မဆွဲရသေးပါဘူး။ ကျမတို့ အခုမှစပြီး ပြင်ကာစပဲ ရှိပါသေးတယ်။ မဆွဲရသေး ပါဘူး။ ကျမတို့ လွှတ်တော် နားမယ့်အချိန်မှာ တွေ့မယ်လို့ စီစဉ်ထားတာပဲ ရှိပါသေးတယ်။ ကျမတို့ ဘယ်အတိုင်း အတာအထိ ဘာတွေ ထည့်မယ်ဆိုတာက အဓိက ဘယ်ဟာကို ဦးတည်ပြီး၊ ခွဲခြားဆက်ဆံခြင်းကို ဦးတည်ပြီး လုပ်မှာလား၊ ဘယ်ဟာကို လုပ်မှာလဲဆိုတာ ကျမတို့ မဆုံးဖြတ်ရသေးဘူး။”
အားလုံး တာဝန်ကိုယ်စီ နဲ့ ဝိုင်းဝန်းကြိုးစားကြဖို့
အဓိကတော့ ကျမတို့ နိုင်ငံမှာ HIV/AIDS အပြင် အခြားသော ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေလည်း အများကြီးရှိတယ်။ နောက် တချက်ကတော့ ဒီလိုပြဿနာတွေ ဖြေရှင်းဖို့ဆိုရင် အားလုံးမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ အားလုံးဆိုတာ အစိုးရပိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်သူ တဦးတယောက်ချင်းကလည်း တာဝန်ရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တဦးတယောက်ချင်းကလည်း ကိုယ့်ရဲ့  ရပိုင်ခွင့်တွေ၊ ကိုယ့်ရဲ့  အခွင့်အလမ်းတွေသိမှ ကိုယ်ဘာတွေ လိုအပ်ချက် ရှိနေတာလဲ။ အစိုးရပိုင်းက ဘာလုပ်ပေးနိုင်မလဲ။
HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ HIV/AIDS နေ့တွင် ဝေဒနာရှင်များ အတွက် ဆေးဝါး လုံလောက်စွာ ရရှိမှု၊ ပညာပေးမှု၊ ခွဲခြားဆက်ခံမှု ပပျောက်ရန် အစိုးရအနေနှင့် ယခုထက်ပိုမို လုပ်ဆောင် ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မှ ကြေငြာချက် တစ်စောင် ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။
လိင်လုပ်သား တချို့ရဲ့ဘ၀ ငရဲခန်း တမျှလေလား
အန္တရာယ်ရှိပြီး ရောဂါဖြစ်နိုင် ခြေများတာက လိင်ဆက်ဆံဖက် နည်းလို့ ကိုယ့်ကိုယ်ကိုယ် သန့်တယ်ထင်တဲ့ သူတွေလို့ ဆိုပါတယ်။ မင်္ဂလာတောင်ညွန့်မြို့နယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး HIV/ AIDS Prevention and Care Centre အဖွဲ့က ဒေါ်ဖြူဖြူသင်းကတော့ သူတို့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အနေအထားအရ HIV၊ အေ့ဒ်စ်ရောဂါဖြစ်နှုန်း က ပိုမြင့်လာတာကို တွေ့ရတယ်လို့ ပြောပါတယ်။
မဲဆောက်မြို့ရှိ HIV ဝေဒနာရှင်များအား စောင့်ရှောက်သည့် SAW သို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သွားရောက်လေ့လာ
SAW အဖွဲ့၏ တာဝန်ခံ တစ်ဦးဖြစ်သူ ကိုမျိုးလွင်က “ဒီနေ့ ဒေါ်အေးအေးမာနဲ့ ဒေါ်ဖြူဖြူသင်း၊ ဒေါ်ဇင်မာအောင်တို့ တွေ့ ကြတယ်။ ကျွန်တော်တို့က SAW ရဲ့ Activities တွေကို သူတို့ကို ရှင်းပြတယ်။ အဓိကကတော့ ကျွန်တော်တို့ ဆီမှာ HIV ဝေဒနာ ရှင်တွေကို ဘယ်လိုစောင့်ရှောက်လဲ။ ဆေးဝါးကို ဘယ်လိုရအောင် လုပ်လဲဆိုတာကို သူတို့ကို ပြောပြ တယ်။ သူတို့ကလည်း သူတို့ အတွေ့အကြုံကို ပြောပြတယ်။
HIV/AIDS ကာကွယ်ရေးနှင့် စောင့်ရှောက်ရေး ဂေဟာသို့ ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း လာရောက်တွေ့ဆုံ
ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ သစ်တွင် ဖွင့်လှစ်ထားသော HIV/AIDS prevention and care centre သို့ UNAIDS ဌာန ကိုယ်စားလှယ် မစ္စာ မာဖီနှင့် ထိုင်းနိုင်ငံမှ ကြက်ခြေနီ အသင်းတို့ လာရောက်လေ့လာ ခဲ့ကြကြောင်း သိရှိရသည်။
HIV ကူးစက်မှု လျှော့ချနိုင်သော်လည်း သေဆုံးနှုန်း မြင့်မားဆဲ
ကမ္ဘာပေါ်ရှိ HIV ကူးစက်မှုလျော့ချနိုင်သည့် နိုင်ငံ (၁၀) နိုင်ငံတွင် မြန်မာနိုင်ငံ ပါဝင်လာနိုင်သည်ဟု ဒီဇင်ဘာ (၂) ရက်နေ့ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ AIDS အထိမ်းအမှတ်နေ့တွင် UNAIDS မှတာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

Follow me on: