13
Jan

ပုသိမ်တွင် လိင်တူချစ်သူများအတွင်း အိတ်ခ်ျအိုင်ဗီကူးစက်ခံရမှု အမြင့်ဆုံးဖြစ်နေဟုဆို

‘‘ကူးစက်ခံရတဲ့ အကြောင်း အရင်းကို ဖြေရှင်းနိုင်ရင် ကူးစက်ခံရနှုန်းက ကျဆင်းသွားမယ်။ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံတော့ အပွင့်ကနေ အပုန်းဖြစ်ကုန်ရော။ ကျန်းမာရေးအသိမရတော့ ကူးစက်ခံရနှုန်းက တက်လာရော။ သူတို့ကို ကြည်ဖြူစာနာရင် ဒါတွေကို ပညာပေးနိုင်ဖို့လိုတယ်။ ဒါကြောင့် နှစ်သိမ့်ဆွေးနွေးပညာပေးတွေ လုပ်ပေးဖို့လိုတယ်’’ ဟု အနှစ် (၂၀) ကျော်ကြာ ကျန်းမာရေးပညာပေး လုပ်ကိုင်ခဲ့သည့် စာရေးဆရာ ဒေါက်တာ ထွန်းဝင်းက ဆိုသည်။

13
Jan

အေအာရ်တီဆေး လက်လှမ်းမီရရှိရန် အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရက အေအာရ်တီဆေးပေးမှုကို ၂၀၀၅ မှ စတင်ခဲ့၍ ၂၀၁၃ တွင် အိတ်ခ်ျအိုင်ဗီဖြစ်ပွားသူ လူနာပေါင်း တစ်သိန်းကိုးသောင်းခန့်ရှိသည်။ ၎င်းတို့ထဲမှ အေအာရ်တီဆေးပေးရန် လိုအပ်သည့် လူနာပေါင်း တစ်သိန်းနှစ်သောင်းခန့် ရှိသော်လည်း ခုနစ်သောင်းခွဲကိုသာ ဆေးပေးနိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

13
Jan

အိတ်ခ်ျအိုင်ဗီဝေဒနာရှင်များကို ပိုမိုနှစ်သိမ့်ဆွေးနွေးပညာပေးနိုင်ရန် ရုံးခွဲခြောက်ရုံး တိုးချဲ့ဖွင့်လှစ်မည်

လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီရောဂါခံစားရသူ တစ် သိန်းကိုးသောင်းခန့်ရှိကာ အေအာရ်တီဆေး လိုအပ်နေသူ တစ်သိန်းနှစ် သောင်းကျော်ရှိနေသော်လည်း ၂၀၁၃ ၌ လူဦးရေ ခုနစ်သောင်းခွဲကိုသာ ဆေးပေးနိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Follow me on:

Back to Top