အိန္ဒိယမှာ HIV surveillance centres စောင့်ကြည့်စင်တာပေါင်း ၁၇ဝဝဝ ရှိတာကို အသည်းရောင်ရောဂါတွေ အတွက်ပါ အသုံးပြုသင့်တယ်လို့လဲ တခြားပညာရှင်တဦးက အကြံပေးပါတယ်။ အတူနေသူတယောက်မှာ (ဘီ)၊ (စီ) ပိုးရှိနေရင် အတူနေသူတွေကို ကျကျနနစောင့်ကြည့်စစ်ဆေးရမယ်။ တခြားပညာရှင်တဦးက ရောဂါတွေနဲ့ ဆိုင်တဲ့ သတင်းအချက်အလက်တွေက မှန်ကန် လက်ခံနိုင်စေရမယ်လို့ ထောက်ပြပါတယ်။
ခေါင်းပြန်ထောင်လာမှာ စိုးရိမ်နေရသော အိပ်ခ်ျအိုင်ဗွီ
အိမ်ထောင်ဖက် မဟုတ်သူနှင့် လိင်ဆက်ဆံလျှင် ကွန်ဒုံးသုံးရန် ပညာပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီ စမ်းသပ် စစ်ဆေးပေးခြင်း၊ အိပ်ခ်ျအိုင်ဗွီရှိသူများနှင့် အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွားနိုင်ခြေ အလွန်များသူများကို အေအာတီဆေးများ တိုက်ကျွေးခြင်း၊ ဆေးထိုးအပ်များ မျှဝေ မသုံးစွဲအောင် ပညာပေးခြင်း နည်းလမ်းများဖြင့် အိပ်ခ်ျအိုင်ဗွီ အသစ် ကူးစက်မှု ထိန်းချုပ်နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လမ်းညွှန်သည်။
အေအိုင်ဒီအက်စ် တိုက်ဖျက်နိုင်တော့မည်ဟု ရဲရဲ ပြောနိုင်ပြီ
သုတေသနများက ဝေဒနာရှင်တစ်ဦးချင်းစီ၏ မျိုးဗီဇကိုယူကာ အိပ်ခ်ျအိုင်ဗွီဒဏ် ခံနိုင်သည့် မျိုးဗီဇများအဖြစ် ဓာတ်ခွဲခန်းတွင် ပြောင်းလဲပြီး နောက် ဝေဒနာရှင်ထံ ထည့် သွင်းပေးကာ အိပ်ခ်ျအိုင်ဗွီကို တိုက်မည့်နည်းကိုလည်း စမ်းသပ်နေကြပြီ။ ထိရောက်သော လက်တွေ့နည်းတစ်ရပ်အဖြစ် ပေါ်လာဖို့ အချိန်ယူ လုပ်ကိုင်ဖို့တော့ လိုသေးသည်။ တစ်နည်းမဟုတ် တစ်နည်းဖြင့်တော့ အိပ်ခ်ျအိုင်ဗွီကို မလွှဲမသွေ တိုက်ဖျက်နိုင်လာလိမ့်မည်။
AIDS ရောဂါတိုက်ဖျက်ရေးမှာ နှိမ့်ချဆက်ဆံမှု အဓိက အဟန့်အတား
HIV ပိုး ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ လူငယ်တွေကို ပညာပေးတာ၊ သုတေသန လုပ်ငန်းတွကို ထောက်ပံ့တာ၊ HIV ပိုး ရှိနေသူတွေကို ခရီးသွားလာခွင့် ကန့်သတ်ချက်တွေကို ဖယ်ရှားတာ၊ ကူးစက်ရောဂါတွေကို တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ Global Fund အဖွဲ့ကြီးကို ထောက်ပံ့တာ စတဲ့ အချက်တွေကိုလည်း အမေရိကန် သံအမတ်ကြီးက ပြောသွားပါတယ်။
HIV/AIDS နဲ့ ပတ်သက်ပြီး တိုးတက်မှု ဘယ်လောက်ရှိလာပြီလဲ
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ တနင်္ဂနွေနေ့ကစပြီး ၂၀ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ AIDS ညီလာခံကို ကျင်းပနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ AIDS နဲ့ ပတ်သက်တဲ့ အကြောင်း၊ ဘယ်လောက်အထိ တိုးတက်မှုတွေ ရှိလာပြီလဲ ဆိုတဲ့ အကြောင်းတွေကို တင်ပြပေးထား ပါတယ်။ ကမ္ဘာပေါ်က လူသန်းပေါင်း ၃၅ သန်းလောက်ဟာ AIDS ရောဂါဖြစ်လာစေတဲ့ HIV ဗိုင်းရပ်စ်ပိုး ကူးစက် ခံရသူတွေ ဖြစ်ကြပါတယ်။
AIDS ရဲ့ ဂယက် (၆)
AIDS ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကို အဘက်ဘက်က ထိနိုင်တဲ့ ရောဂါပါ။ (နာတာရှည် ကူးစက်ရောဂါလည်း ဖြစ်ပြီး လူမှုရေးကိုလည်း ထိခိုင်တယ်။) လူအဖွဲ့အစည်းမှာ အမျိုးသမီးတွေဟာ ဘယ်လိုဘက်စုံ ပါနေရသလဲဆိုတာ တွေးကြည့်ရင် သိသာမှာပါ။ မိသားစုအတွက် ငွေကြေး မရှာရသည့်တိုင် (အခုခေတ်မှာတော့ အများစုဟာ ရှာကြရပါတယ်) အိမ်မှာ ယောက်ျားကအစ သားသမီး မိဘ အတူနေဆွေမျိုး စသည်တို့ကို ပြုစုစောင့်ရှောက်မှု ပေးခြင်း၊ အိမ်မှုကိစ္စအဝဝကို ဆောင်ရွက်ခြင်း၊ နှစ်သိမ့်မှု ပညာပေးမှုကို ပြုရခြင်း စသည်တို့ကို မအားအလပ် လုပ်နေရတဲ့ စောင့်ရှောက်မှု မျိုးစုံကို ပေးသူပါ။
မြန်မာနိုင်ငံမှာ HIV ဝေဒနာရှင် ၂ သိန်းနီးပါးရှိ
သူ့အနေနဲ့ HIV/AIDS ရောဂါကာကွယ်တိုက်ဖျက်ရေးအစီစဉ်မှာ ဆောင်ရွက်လာတဲ့ သက်တမ်း (၁၇)နှစ်အတွင်း အမျိုးသမီးတွေကို ရောဂါ ကူးစက်တဲ့နှုန်းဟာ ပိုပြီးများလာတာတွေ့ရတယ်လို့ ကိုရှိုင်းက ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လိင်တူခြင်း ဆက်ဆံမှုနှုန်း များလာတာဟာ ရောဂါ ကူးစက်မှုနှုန်းကို ပိုပြီး တိုးလာစေတယ်လို့လည်း ပြောပါတယ်။
AIDS ရဲ့ ဂယက် (၅)
လူဆင်းရဲ အုပ်စုမှာ ပါဝင်နေသူ အများစုကတော့ အမည်းတွေနဲ့ လက်တီနို လို့ ခေါ်တဲ့ စပိန်စကားပြောတဲ့ အနီးပတ်ဝန်းကျင် တိုင်းပြည်တွေ ကနေပြီး အမေရိကန်မှာ လာနေကြသူတွေပဲ။ အမေရိကန် အဖြေူတွေ (လူကြီးတွေ၊ ကလေးတွေမပါ) ထဲမှာဆိုရင် AIDS ရောဂါ ဖြစ်နှုန်းဟာ လူဦးရေ တစ်သန်းမှာ ၁၈၉ ယောက်ရှိတယ်။ အမည်းတွေမှာဆိုရင် ၅၇၈ ယောက်ဖြစတယ်။ “လက်တီနို” တွေထဲမှာ ၅၆၄ ယောက် ရှိတယ်။ ဒီတော့ အကြမ်းအားဖြင့် ဆိုရင် အမည်းတွေနဲ့ လက်တီနိုတွေမှာ AIDS ဖြစ်နှုန်းဟာ အဖြေူတွေထက် ၃ ဆလောက် ရှိတယ်။ မိန်းမတွေမှာ ပိုပြီး အဖြစ်ဆိုးသေးတယ်။
HIV/AIDS ကို ဘယ်လို ကာကွယ်ကြမလဲ (အမေးအဖြေ)
တကယ်ရောဂါဖြစ်လာတော့မှ တစ်ကြိမ်တစ်ခါဟာလည်း အန္တရယ်ပဲဆိုပြီး သဘောပေါက်တော့တယ်။ ဒါကြောင့် လိင်ဆက်ဆံရာ ကနေ ရောဂါပိုး မကူး ရအောင် အိမ်ထောင် ပြင်ပမှာ လိင်ဆင်ဆံတိုင်း ကွန်ဒုံးသုံးပါ။ ရောဂါ ရနိုင်တဲ့ အမူအကျင့်ရှိသူတွေ၊ ရောဂါပိုး ရှိနေသူတွေဟာ မိမိရဲ့ အိမ်ထောင်ဖက်ကို မကူးစက်အောင် အိမ်ထောင်ဖက်နဲ့ လိင်ဆက်ဆံတဲ့ အခါမှာလည်း ကွန်ဒုံးကို သုံးရပါမယ်။
ခရီးသွားလာမှုနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)
အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိဆိုတာ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ပဲ သက်ဆိုင်ပါတယ်။ နိုင်ငံခြားမှာနေနေ၊ ကိုယ့်ပြည်တွင်းမှာပဲ နေနေ ရောဂါ ကူးနိုင်တဲ့ နည်းလမ်းတွေ၊ အပြုအမှုတွေက အတူတူပါပဲ။ မြန်မာပြည်မှာ ၁၉၈၈ ခုနှစ်က အိတ်ခ်ျအိုင်ဗွီပိုးကို နိုင်ငံခြားပြန် သင်္ဘောသား တစ်ယောက်မှာ စတွေ့ခဲ့လို့ တစ်ချို့နိုင်ငံခြား ပြန်တွေမှာမှ အိတ်ခ်ျအိုင်ဗွီပိုး ရှိတယ်လို့ ထင်ကြပါတယ်။ ဒီထင်မြင်ချက်ဟာ အခုလုံးဝ မမှန်တော့ပါဘူး။
AIDS နှင့် အသည်းရောင် ရောဂါကို ရှာဖွေ ကုသ ပေးနိုင်သည့် ကိရိယာများ အီဂျစ် စစ်တပ် တီထွင်
အသည်းရောင်ရောဂါ စီနှင့် AIDS ရောဂါကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းရောဂါများကို ကုသပေးနိုင်ရန် တီထွင် ထားသော Complete Cure Device အမည်ရှိ ကိရိယာများကို စမ်းသပ်မှုပြုလုပ်ရန် အချိန် ခြောက်လကျော် လိုအပ်နေသေးကြောင်း ဇွန် ၂၉ ရက်တွင် အီဂျစ် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့က ပြောကြားခဲ့သည်။
(၂၂) ကြိမ်မြောက် အာဆီယံ အေအိုင်ဒီအက်စ်ရောဂါ တားဆီးရေး လုပ်ငန်းအဖွဲ့ မန္တလေးတွင် လုပ်ငန်းညှိနှိုင်း
မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ ဖြစ်ပွားမှုနှုန်း ၂ဝ၁၃ ခုနှစ်မှာ သုည ဒသမ ၄၇ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်နှစ်မှာ သုည ဒသမ ၉၄ ရာခိုင် နှုန်း ရှိတာတွေ့ရတယ်။ ဦးတည်အုပ်စုတွေထဲက ပြည့်တန်ဆာ ၈ ဒသမ ၁ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံသူများ ၁ဝ ဒသမ ၂ ရာခိုင်နှုန်း မူးယစ်ဆေးသုံးစွဲသူ ၁၈ ဒသမ ၆ ရာ ခိုင်နှုန်းရှိပါတယ်။

Follow me on: