AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။ HIV ပိုး ကူးစက်နေတဲ့ လူနာ တဒါဇင်ထံက သွေးနမူနာကို ထုတ်ယူပြီး HIV ပိုးကို တွယ်စေတဲ့ ပရိုတိန်းဓါတ်ကို ဖယ်ရှားပေးတဲ့နည်းကို အသုံးပြုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက နံမည်ကျော် New England ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။
MSF ကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက HIV/AIDS လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူမည်
နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများကို ခေတ္တ ရပ်နားထားပေမဲ့ ရခိုင်ပြည်နယ် အတွင်းက (HIV/AIDS) လူနာ (၇၀၀) ကျော် အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဆက်လက် တာဝန်ယူကာ (ART) ဆေးဝါးထောက်ပံ့မှုတွေကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
AIDS နှင့် မြန်မာ (၆)
မူးယစ်ဆေး ကုသမှု (ကာကွယ်မှု) စီမံကိန်းကောင်း တစ်ခုကို ကောင်းမွန်ထိရောက်စွာ အကောင်အထည်ဖော်ပြီး တက်ကြွတဲ့ သူတွေကို အသုံးပြုရမယ်။ ဒီလို လူမျိုးတွေ များများလိုတယ်။ မူးယစ်ဆေးဝါး ကုသမှုဟာ စိတ္တဇအထူးကု ဆရာဝန်မှသာ လုပ်ရမယ့် အလုပ် မဟုတ်ပါဘူး။ အချို့နေရာတွေမှာဆိုရင် မူးယစ်ဆေးဝါး ပြတ်ပြီး သူတွေက စေတနာ့ ဝန်ထမ်းအဖြစ်နဲ့ ကူပြီး ဆေးမပြတ်သေးသူတွေကို ရှာပေးခြင်း၊ ကုသဖို့ရာ တိုက်တွန်းခြင်း စသည်တို့ လုပ်ဆောင်ပေး ကြတယ်။
Hepatitis B vaccine ဘယ်ကနေထုတ်သလဲ
HIV ကို မသိကြသေးချိန်မှာ ဖြစ်တယ်။ အဲဒီကာလမှာသုံးတဲ့ Hepatitis B surface proteins ဆိုတာထဲမှာ HIV ပါကောင်း ပါနေနိုင်တယ်။ ဆေးထုတ်ပြီးစ လူနာအများစုကို စမ်းသပ်တဲ့ ကာလမှာ AIDS epidemic ရောဂါများတာ အတွက် အပြစ်ဖို့ခဲ့ကြတယ်။ ဘီပိုး ကာကွယ်ဆေးထဲမှာ HIV ပါနေမလားလို့ မေးခွန်း ထုတ်နိုင်ပေမဲ့ ကင်းစင်တယ်လို့ လက်ခံ ထားကြပါတယ်။ Purification process ဆေးသန့်စင်ရေးဖြစ်စဉ်ကနေ ရှိရှိသမျှ ဗိုင်းရပ်စ်တွေ အားလုံးကို သေစေခဲ့တာမို့ HIV ပိုးလဲ ပါခဲ့အုံးတော့ သေပြီ။ ၁၉၈၁ မှ ဘီပိုး ကာကွယ်ဆေးကို အသိအမှတ်ပြုခဲ့ပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်
ကျန်းမာရေး ဝန်ကြီးဌာနသည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပမှ လူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲ ၍ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ အသင်းအဖွဲ့များအနက် MSF Holland (Medicins Sans Frontieres – Holland (AZG) အဖွဲ့၏ လုပ်ငန်းအားလုံးကို လုံးဝရပ် ဆိုင်းစေပြီး လူနာများ အား ဆေးဝါးများ ထောက်ပံ့နေမှုများ ရပ်ဆိုင်းတော့ မည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ ပြည်သူများ အဖြစ်မှန် သိရှိစေရန် အောက်ပါ အတိုင်း အသိပေးအပ်ပါသည်။
မြန်မာနိုင်ငံက လုပ်ငန်းများ ရပ်ဆိုင်းခံရမှု MSF အံ့အားသင့်
မြန်မာနိုင်ငံ အတွင်းက ရခိုင်၊ ရှမ်း၊ ချင်းပြည်နယ်တွေနဲ့ ရန်ကုန်မြို့တို့မှာရှိတဲ့ သူတို့လုပ်ငန်းတွေ ပိတ်ပင်ခံလိုက်ရတဲ့ အတွက် HIV/AIDS ဝေဒနာရှင်တွေကို ဆေးကုသမှု မပေးနိုင်တော့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တီဘီရောဂါ ဝေဒနာသည်တွေလည်း သူတို့ အသက်ကို ကယ်တင်နိုင်မယ့် ဆေးဝါး ကုသမှုတွေ ခံယူလို့ မရတော့ဘူးလို့ ဆိုပါတယ်။
AIDS နှင့် မြန်မာ (၅)
ဒီဆေးစွဲတယ်ဆိုတဲ့ ကိစ္စဟာ ဝင်လို့တော့ ရတယ်။ ထွက်လို့မရတဲ့ ကိစ္စ”လို့ စစ်(လ)ဗားနားက စိတ်ပျက်စွာနဲ့ မှတ်ချက်ချလိုက်တယ်။ သူလည်း AIDS ရောဂါ ပြန့်ပွားမှာ စိုးပါတယ်၊ မလိုလားပါဘူး။ အဲဒီအချိန်မှာ သူ့ဂလင်းအကြိတ်တွေ ကြီးနေပြီ။ ညအိပ်ရင်လည်း ချွေးတွေ ထွက်ထွက်နေလို့ အိပ်ကောင်းခြင်း မအိပ်ရဘူး။ တစ်နေ့လုံး အချိန်မပြတ် နုံးချည့်ချည့်နဲ့ မောနေတယ်။ သူ့မှာ AIDS အစပျိုးနေပြီ။ ဒါဖြင့် ဘာကြောင့် ဒီည ဒီအလုပ် လုပ်ဦးမှာလဲ။ သူ့အတွက် အခြားငွေရှာတဲ့နည်း မရှိဘူး၊ မသိဘူး၊ ဒါကြောင့်ပဲ။
AIDS နှင့် မြန်မာ (၄)
AIDS ပိုးစစ်ဖို့အတွက် လိုတဲ့ ပစ္စည်းကလည်း ဈေးကြီးတယ်။ လိုသလောက် ဖောဖောသီသီ မရနိုင်ဘူး။ ဒီတော့ ရှိတာကို ဘယ်လိုအများဆုံး အသုံးချထိုက်တယ် ဆိုတာကိုလည်း တွက်ချက်ပြီးမှ သုံးကြရမှာ။ ဒီတော့ AIDS အရှိအများဆုံးထင်တဲ့ နေရာဒေသမှာ ရှိတဲ့ ပြည့်တန်ဆာတွေကို ဦးစာပေး အစီအစဉ်ဆွဲပြီး စစ်ကြည့်ရမှာ။ ပိုးဝင်ပြီးသူတွေကို အခြားသူများနည်းတူ ပြုစုစောင့်ရှောက်ရမယ် ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူး။
AIDS နှင့် မြန်မာ (၃)
AIDS ကာကွယ်ရေး အတွက်တော့ မြန်မာမှာလည်း အခြားနိင်ငံများနည်းတူ AIDS အတွက် စီမံကိန်းတွေရေးဆွဲပြီး လုပ်ကိုင်နေကြပါတယ်။ ကမ္ဘာရှိ AIDS စီမံချက်တွေ အားလုံးရဲ့ ဦးတည်ချက်တွေကတော့ AIDS ရောဂါအကြောင်း သိသင့်စရာတွေကို သိစေပြီး ပညာပေးခြင်း၊ AIDS မရအောင် ကိုယ်ကိုယ်တိုင် ဘယ်လိုကာကွယ်ဆောင်ရွက်နိုင်တယ် ဆိုတာတွေနဲ့ အခြားသူများကို AIDS ဘယ်လို ကာကွယ်ရမယ်ဆိုတာတွေကို ထပ်ဆင့် ပညာပွားပေးဖို့ပဲ ဖြစ်တယ်။
အချစ်ကို အလွဲသုံးစား မလုပ်ကြေး
မျိုးပွားအင်္ဂါမှာ ရောဂါပိုးကြောင့် ဖြစ်တတ်တဲ့ အနာလိုမျိုးကအစ ဆီးလမ်းကြောင်း၊ မျိုးပွားအင်္ဂါ လမ်းကြောင်း တွေမှာ ပိုးဝင်တတ်တဲ့ ကာလသားရောဂါ ပေါင်းစုံ (ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို)၊ နောက်တော့ အသည်းရောင်အသားဝါ ဘီ၊စီ အစရှိတာတွေက ကျန်းမာရေးချို့တဲ့မှု အသေးစားကနေ အသက်အန္တရာယ် အထိ ဖြစ်စေတာပါ။ အဆိုးဆုံးကတော့ အခုခေတ် လူတိုင်းကြောက်ရွံ့ကြရတဲ့ HIV/ AIDS လို သေမိန့်ကျ ရောဂါကလည်း လိင်ကတဆင့် ကူးစက်စေတာပါပဲ။
အိတ်ခ်ျအိုင်ဗွီရောဂါပိုးရှိသည့် ကိုယ်ဝန်ဆောင်များအား အစိုးရဆေးရုံများမှ မွေးဖွား စရိတ်တောင်းခံပါက ကျန်းမာရေး ဦးစီးဌာနသို့ တိုင်ကြားနိုင်
အိတ်ခ်ျအိုင်ဗွီပိုးရှိသော မိခင်များ ခွဲစိတ်ပြီးမွေးဖွားရာတွင် မီးဖွား စရိတ်အား နှစ်ဆယူလိုက်ခြင်းအားဖြင့် မိခင်မှ ကလေးသို့ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်သည့်နှုန်းကို မြင့်မားလာအောင် တွန်းပို့သကဲ့သို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ တစ်ဝန်းမှ အိတ်ခ်ျအိုင်ဗွီ ပိုးရှိသော အမျိုးသမီး ၃ဝဝဝ ခန့် အဖွဲ့ဝင်ထားသော Myanmar Positive Women Network မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
AIDS နှင့် မြန်မာ (၁)
၁၉၈၄ ခုနှစ်မှာ ထိုင်းမှာ ပထမဆုံး AIDS ရောဂါရှင်ကို တွေ့တယ်။ ၁၉၈၅ မှာ ဂျပန်၊ တရုတ်ပြည် ဟောင်ကောင်နဲ့ ဖိလစ်ပိုင်မှာ AIDS ရှိနေပြီ၊ ၁၉၈၆ မှာ အိန္ဒိယ၊ စင်္ကာပူ၊ သီရိလင်္ကာ။ ၁၉၈၇ မှာ အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ ပါကစ္စတန်မှာ ရှိပြီလို့ မှတ်တမ်းရှိတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြေညာတဲ့ မှတ်တမ်းမှာ ၁၉၈၆ ခုနှစ် AIDS ရှိတဲ့ တိုင်းပြည်စာရင်းမှာ မြန်မာ မပါခဲ့ဘူး။ ၁၉၈၈ ခုနှစ်မှာတော့ တစ်ယောက်၊ နှစ်ယောက်လောက်မှာ AIDS ပိုး ရှိနေပြီလို့ ပြောသံ ကြားရတယ်။

Follow me on: