10
Dec

ရန်ကုန်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ၏ ၂၀ ရာခိုင်နှုန်း AIDS ဝေဒနာ ခံစားနေရဟုဆို

ဒေါက်တာညိုညိုသင်းက ပြည်တွင်း အခြေစိုက် ဆာဒါးအမည်ရှိ HIV/AIDS ရောဂါ ဝေဒနာရှင်များ ပြုစုစောင့်ရှောက်ရေး အဖွဲ့၏ သုတေသန ပြုချက်အရ ရရှိလာသော အချက်အလက်ပေါ်တွင် အခြေပြု မေးမြန်းခြင်း ဖြစ်ကြောင်း ဒေါက်တာ ညိုညိုသင်းက ဆိုသည်။ “ဝန်ကြီးက ကျွန်မမေးတာကို သေချာ သဘောမပေါက်ဘူး ထင်တယ်၊ ပြန်ဖြေတာမှာ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ မပါဘူး” ဟု ၎င်းကဆိုသည်။

9
Dec

HIV ရောဂါပိုး ကူးစက်မှု အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား အများဆုံးဖြစ်

HIV ရောဂါပိုး ကူးစက်မှုမှာ အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြား အများဆုံးဖြစ်ပြီး မူးယစ်ဆေးဝါးအကြောထဲ သွင်းခြင်းနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်မှုများကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ခုခံအား ကျဆင်းရေးနှင့် ကာလသား ရောဂါ တိုက်ဖျက်ရေးဌာနမှ အထူးကု ဆရာဝန်ကြီး ဒေါက်တာ မျိုးသန့်က ပြောကြားခဲ့သည်။

9
Dec

၉ ကြိမ်မြောက် AIDS ဗဟုသုတပွဲတော် ပြုလုပ်ခဲ့

၉ ကြိမ်မြောက် AIDS ဗဟုသုတ ပွဲတော်ကို ဒီဇင်ဘာလ ၈ ရက်နေ့က မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီ ဗဟုသုတ ပွဲတော်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်ခဲ့တဲ့ World AIDS Day အထိမ်းအမှတ် အဖြစ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုပြုလုပ်တဲ့ ပွဲကိုတော့ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ လူငယ် ဖွံ့ဖြိုးမှု အစီအစဉ်မှ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့၊ Twin Center, Maxmate နဲ့ Calsome က ပူးပေါင်းပြီး ပြခန်းများ၊ ဟောပြောပွဲများနဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနား များကို ပါဝင်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

7
Dec

HIV ကူးစက်နှုန်း ၃ ပုံ ၁ ပုံထိ လျော့ကျလာပြီ

ကုလသမဂ္ဂ အစီရင်ခံစာအရ HIV ကူးစက်မှု များပြားသော ဝင်ငွေအလယ်အလတ်နှင့် ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၉.၇ သန်းမှာ ယမန်နှစ်အတွင်းက ART ဆေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် ၇ နှစ်ကမူ အဆိုပါနိုင်ငံများမှ HIV ပိုး သယ်ဆောင်ထားသူ ၁.၃ သန်းကိုသာ ART ဆေး ဖြန့်ဖြူးပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂသည် ၂၀၁၅ ခုနှစ်တွင် HIV ပိုး သယ်ဆောင်ထားသူ ၁၅ သန်းကို ART ဆေးများ ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ထားသည်။ လက်ရှိစာရင်းဇယားများအရ ART ဆေး လိုအပ်သူ ၂၈.၃ သန်း၏ ၃၄ ရာခိုနှုန်းကို အဆိုပါဆေးများ ပေးဝေနိုင်ပြီဖြစ်ကြောင် သိရသည်။

6
Dec

ရခိုင်ပြည်နယ်မှာ HIV/AIDS အကြောင်း အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုညိုဝေလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကျန်းမာရေး ဦးစီဌာနမှူး ဒေါက်တာ ကျော့သာစိန်က (HIV) ရောဂါပိုး ဖြစ်ပွားရခြင်း အကြောင်းအရာများ၊ (HIV) မဖြစ်အောင် နေထိုင်ရမယ့် အကြောင်းအရာများ၊ (AIDS) ရောဂါ ဖြစ်ပွားနေသူတွေကို ကူညီ စောင့်ရှောက်ဖို့ အတွက် သိကောင်းစရာတွေကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့တယ်လို့ သိရပါတယ်။

6
Dec

က​မ္ဘာ့အေ​အိုင်​ဒီ​အက်စ်​နေ့ အ​ထိမ်း​အ​မှတ် ​လမ်း​လျှေက်​ပွဲ ​ကျင်း​ပ

မြန်​မာ​နိုင်​ငံ​မှာ HIV ​ရော​ဂါဝေ​ဒ​နာ​ရှင်​ပေါင်း ၂ ​သိန်း​ခွဲဝန်း​ကျင် ​ရှိ​နေ​တယ်​လို့ ​ကျန်း​မာ​ရေး ၀န်​ကြီး​ဌာ​န​က ​ခန့်မှန်း​ပါ​တယ်။ က​မ္ဘာ​ပေါ်​က ​အ​သက် ၁၀ ​နှစ်​နဲ့ ၁၉ ​နှစ်​အ​ရွယ် ​ဆယ်​ကျော်​သက် ​လူ​ငယ်​အ​ယောက် ၂ ​သန်း​ဟာ HIV ​ရော​ဂါ​ပိုး ​ကူး​စက်​ခံ​နေ​ရ​ပြီး ​အ​များ​အား​ဖြ​င့် ​ကျန်း​မာ​ရေး​ စောင့်ေ​ရှာက်​မှု​တွေ ​မ​ရ​ဘူး​လို့လည်း ​ဆို​ပါ​တယ်။ ၂၀၁၂ ​ခု​နှစ်​ အ​တွင်း​မှာ ​က​လေး​သူ​ငယ် ၂ ​သိန်း ၁ ​သောင်း​ဟာ AIDS ​ရော​ဂါ​ကြော​င့် ​သေ​ဆုံး​ကြောင်း WHO ​က ​ထုတ်​ပြန်​ထား​ပါ​တယ်။

5
Dec

ကမ္ဘာ့ AIDS နေ့ အခမ်းအနား NLD ရုံးချုပ်မှာကျင်းပ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေးကို အမျိုးသားရေး အဆင့်အထိမြှင့် တင်ပြီး နိုင်ငံတော်အနေနဲ့ တိကျသေချာစွာ လုပ်ဆောင်ပေးမယ်လို့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကတိပေးခဲ့ပေမယ့် အခုချိန်ထိ ကျန်းမာရေး ၀န်ကြီးဌာနက စီမံချက် ချမှတ်ဆောင်ရွက်တာ မရှိကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြ ထားပါတယ်။

5
Dec

AIDS တိုက်ဖျက်ရေး ခွဲခြားဆက်ဆံမှု ဖျောက်ဖို့လို

ကမ္ဘာ့အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ကတော့ Getting to Zeroဖြစ်ပြီး HIV ပိုးကူးစက်မှု သုံည ခွဲခြားနှိမ်ချဆက်ဆံမှု သုံည၊ AIDS နဲ့ ဆက်စပ်သေဆုံးမှု သုံည အထိကျဆင်းဖို့ ရည်ရွယ်ထားတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ကာတွန်း၊ စာစီစာကုံးနဲ့ ကဗျာပြိုင်ပွဲတွေလည်း မယ်တော်ဆေးခန်းက ကမကထပြုပြီး ကျောင်းသူကျောင်းသားတွေကို စာမူဖိတ်ခေါ် ပြိုင်ပွဲပြုလုပ်ပေးခဲ့ပါတယ်။

4
Dec

ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂ဝ၁၃ ခုနှစ် ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂ဝ တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ မြို့တော်ခန်းမ၌ ”ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေး ART (အေအာတီ) ဖြင့် ကုသပေး” ဆောင်ပုဒ်နှင့်အညီ ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် မိဘများ တက်ရောက်ကြကြောင်း သိရသည်။

2
Dec

သြစီက HIV/ AIDS အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ

“ကျမတို့မှာ မတူကွဲပြားမှုဆိုတာ ရှိနေကြမှာပဲ။ ဒါတွေကို အသိအမှတ်ပြုရပါ့မယ်။ ဘာလို့လည်းဆိုတော့ ဒီမတူကွဲပြားမှု ဆိုတာက ပိုပြီး လူသား ပီသလာစေဖို့ ကျမတို့ အတွက် အခွင့်အရေး တခုပဲ ဖြစ်သင့်တယ်လေ” လို့ ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။

2
Dec

ကမ္ဘာ့ AIDS နေ့ အမြင်များ

နှစ်စဉ် ဒီဇင်ဘာ ၁ ရက်သည့် ကမ္ဘာ့ AIDS နေ့ ဖြစ်သည်။ ထိုနေ့တွင် တကမ္ဘာလုံး၌ AIDS ရောဂါ ကာကွယ် တားဆီးရေး လှုံ့ဆော်ပွဲများ၊ အခမ်းအနား များကို ပြုလုပ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း AIDS/HIV ကူးစက် ခံရနှုန်း လျော့ကျစေရေး အကူညီပေးနေသည့် အဖွဲ့အစည်း အသီးသီးက ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ်ကို ကျင်းပကြသည်။

2
Dec

ဒေါ်အောင်ဆန်းစုကြည်နှင့် UNAIDS တို့ HIV/ AIDS ရောဂါသည်များကို ခွဲခြားမှု ကင်းစင်ရေး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ၏ အေအိုင်ဒီအက်စ်ရောဂါ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် UNAIDS တို့ ပူးပေါင်းပြီး ကမ္ဘာပေါ်တွင် အေအိုင်ဒီအက်စ် ရောဂါသည် များကို ခွဲခြားဆက်ဆံမှု ကင်းစင် ရေးအတွက် ကမ္ဘာ့အေအိုင် ဒီအက်စ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၁ ရက်က တောင်းဆိုလိုက်သည်။

Follow me on:

Back to Top