အကြမ်းပတမ်း စမ်းချင်ရာစမ်း..
ဒီလောက် ကြံ့ခိုင်တဲ့ ကျုပ်မှာ
အရေပြားယားနာ ပေါက်တာနဲ့ 
ဆရာဝန်က သွေးစစ်တာ..
ဘုရား ဘုရား
HIV တဲ့ဗျာ..
HIV တဲ့ဗျာ..
လမ်းကြောင်း ၄ ခုကနေ HIV ကူးစက်သူ အရေအတွက် တိုးနေဆဲ
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ရောဂါပိုး ရှိသူ၏ သွေးသွင်းမိခြင်း၊ မူးယစ်ဆေး အကြောအတွင်း ထိုးသွင်းခြင်းနှင့် ရောဂါပိုး ရှိသူ ကိုယ်ဝန်ဆောင် မိခင်ထံမှ သားသမီးထံ ကူးစက်ခြင်း စတဲ့ လမ်းကြောင်း ၄ ခုကို ထိန်းချုပ်နိုင်ဖို့ အတွက် ခက်ခဲခြင်းကလည်း ရောဂါ ကူးစက်မှုနှုန်းကို တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မွေးကင်းစလေး၏ မွေးရာပါ ရန်သူ (နောက်ဆက်တွဲ)
HIV ခံစားနေရသည့် အသက် (၃၁) နှစ်ရှိ ဦးနော်ဆမ် (Salang Naw Sam) သည်လည်း သူ၏ သားဦးဖြစ်သည့် (၇) လသား ကလေးငယ်မှာ ခုထက်ထိ ကျန်းကျန်းမာမာ ရှိနေသေးသောကြောင့် ဆက်လက် အသက်ဆက်နိုင်ရန် အတွက် မျှော်လင့်ချက်များ ခိုင်မာနေ ဆဲဖြစ်သည်။
မွေးကင်းစလေး၏ မွေးရာပါ ရန်သူ
ဝေဒနာရှင်များ ဆေးဝါး မပြတ် စားသုံးရန် လိုအပ်သော်လည်း လမ်းပန်း ဆက်သွယ်ရေး အခက် အခဲကြောင့် ဇိုင်းအောင် စခန်းနှင့် ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ အချို့ဒုက္ခသည် စခန်းများတွင် HIV တိုက်ဖျက်ဆေးဝါးများ ပြတ်လပ်နေသည်။
ဆေးပညာ နှီးနှောဖလှယ်ပွဲ နှင့် ART ဆေးဝါးအသစ် မိတ်ဆက်ပွဲ ကျင်းပ
အခမ်းအနားအား HIV နှင့် AIDS ရောဂါ ကုသရန် အစွမ်းထက် ဆေးတစ်မျိုး ဖြစ်သော Viraday အမည်ရှိ ဆေးအား တင်သွင်း ဖြန့်ချိသည့် Cipla နှင့် Vimal Co., Ltd မှ ကူညီ ပံ့ပိုး ဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင်း HIV ပိုးကူးစက်မှုနှုန်း တစ်နေ့လျှင်၂၃ ဦးရှိ
“Sex Worker မှ ကူးတာ မဟုတ်ဘူး။ သာမန် အမျိုးသမီး ဘ၀နဲ့ ရပ်တည်နေရင်း ကူးစက်ခံရသူ အများကြီး ရှိတယ်။ တချို့ဆို အဖေ၊ အမေမှာရှိတဲ့ အတွက် မွေးလာတဲ့ ကလေးတွေမှာ ဒီရောဂါပိုး ပါလာရော။ အဲဒီလိုဆိုရင် လောကထဲကို HIV ပိုးရှိသူ အလိုလို ရောက်လာတာပဲလေ။ ဒီလိုဖြစ်တာ ကျန်းမာရေး အသိပညာ အားနည်းလို့ပါပဲ” ဟု ဒေါ်စုစုလှိုင်က ပြောကြားခဲ့သည်။
ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ
နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာအဲ့သ၀ါ က “HIV ဖြစ်နှုန်းက တိုးလာတယ်။ ဒါပေမယ့် တချို့ ပြောင်းရွှေ့ လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့ ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက် အိမ်တိုင် ရာရောက် စောင့်ရှောက် မှုပေးတာတွေတော့ လုပ်တယ်” ဟု ပြော သည်။
AIDS ကို ကုသပျောက်ကင်းနိုင်ရန် အခွင့်အလမ်းရှိကြောင်း HIV ပိုးကို တွေ့ရှိခဲ့သူမှ ပြောကြား
(၇) ကြိမ်မြောက် International AIDS Society မှ ကြီးမှူး ကျင်းပသည့် Conference on HIV Pathogenesis, Treatment and Prevention (IAS 2013) ကို မတ်လ (၂၂) ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပခဲ့ရာ HIV ရောဂါနှင့် ပတ်သက်သည့် အထင်ကရ မှတ်တမ်းအသစ်ကို ချပြနိုင်ခဲ့သည်။
မူးယစ်ဆေး တိုက်ဖျက်တဲ့ ကိုယ်ထူ ကိုယ်ထ “အမေများ အဖွဲ့”
တရုတ်တွေလည်း မပါတော့ဘူး။ ရောင်းတဲ့သူတွေက တခြားလူမျိုး၊ သောက်တဲ့သူတွေက တခြားလူမျိုး” ဖြစ်တယ် လို့ ဒေါ်အက်စ်သာ က ပြောပါတယ်။ မူးယစ်ဆေး သုံးစွဲမှုကြောင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ HIV/AIDS ဖြစ်ပွားတဲ့ သူတွေက မုန်းပေါ်တခွင်မှာ များပြားနေပြီး ရွာ ၁၆ ရွာမှာ ရောဂါသည် ၁၅၀ လောက် ရှိနေကြောင်း သိရပါတယ်။
HIV ပိုးတွေ့ပြီး ချက်ချင်း ကုသလျင် AIDS ပပျောက်နိုင်
ရောဂါကို စောကုသ လိုက်ခြင်း အားဖြင့် ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေ သိုလှောင်ထားလို့ မရတော့တဲ့ အပြင် ရောဂါပိုး သန္ဓေပါ ပြောင်းသွားတယ်လို့ သုတေသီတွေက ပြောပါ တယ်။ ရောဂါကို စောစီးစွာ အလျင်အမြန် ကုသလိုက်ခြင်းရဲ့ အကျိုးက ကိုယ်ခံအားကိုပါ ထိန်းသိမ်းထားရာ ရောက်တယ်လို့ ဆိုပါတယ်။
ကျန်းမာရှင်သန် ကူညီရေး အသင်း HIV ဝေဒနာရှင် ၆ဝ ဦးအား အာဟာရ ဒါနပြုမည်
HIV ပိုးရှိ၊ မရှိ သွေးစစ်လိုသူများ ရှိပါကလည်း ၄င်းအသင်းသို့ အခမဲ့ သွားရောက် စစ်ဆေးနိုင်ပြီး သွေးလာရောက် စစ်သူများကို ခရီးစရိတ် ပြန်ထုတ်ပေးကြောင်း ၄င်းက ပြော သည်။ သွေးစစ် လို၍ ဖြစ်စေ၊ လှူဒါန်းလို၍ ဖြစ်စေ ကျန်းမာရှင်သန် ကူညီရေး မာဃကျောင်းတိုက်၊ (င) ရပ်ကွက်၊ သန္တာ (၁၅) လမ်း၊ မြောက်ဥက္ကလာပ၊ ဖုန်း-ဝ၉-၇၃၂၁၃၃၅ဝ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
အကာအကွယ် မပါပဲ HIV ဖြင့် နေထိုင်သူ အမျိုးသမီးနဲ့ ဆက်ဆံမိရင်
ရောဂါရှိတဲ့ ကောင်လေးက ကောင်မလေးရဲ့ လိင်အင်္ဂါကို လျှာနဲ့ ဆက်ဆံရင် ကူးစက်နိုင်ခြေ နည်းပါတယ်။ ဥပမာ HIV ပိုးရှိတဲ့ ကောင်လေး ပါးစပ်မှာ ပြည်တည်နာတွေ ရှိတယ် ဆိုရင် ကောင်လေးရဲ့ တံတွေး ကနေ ကောင်မလေးရဲ့ လိင်အင်္ဂါ အတွင်းကို HIV ပိုးဝင်သွားနိုင်ပါတယ်။ ဒါကတော့ ဖြစ်နိုင်ချေ နည်းပါတယ်။

Follow me on: