အခက်အခဲ များစွာကို ရှင်းလင်းစေနိုင်မည်ဟု ခန့်မှန်းထားသည့် အဆိုပါ modified protein ကို AIDS ဝေဒနာရှင်များ ကုသရန် ဆက်လက်လေ့လာ သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ Nullbasic သည် HIV ကြီးထွားမှုကို သိသိ သာသာ ရပ်တန့်စေကြောင်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ တွေ့ရှိခဲ့ရသည့် ရလာဒ်အပေါ် HIV/AIDS ဝေဒနာရှင် များအတွက် ကာကွယ်ကုသဆေး ထုတ်လုပ်ရန် ဆေးပညာရှင်များမှ စိတ်အား ထက်သန်လျက် ရှိကြောင်း သိရသည်။
HIV Tests စမ်းသပ်နည်းများ (၂)
ELISA (enzyme-linked immunosorbent assay) Test စမ်းနည်းကို salvia or urine, blood တမျိုးမျိုးကို စမ်းတယ်။ အဲဒီ တမျိုးမျိုးထဲမှာ HIV antibodies (အိတ်ခ်ျအိုင်ဗွီ-အင်တီဘော်ဒီ) ပါ-မပါကို စမ်းတာ ဖြစ်တယ်။ ပဌမတခါစမ်းလို့ အပေါင်းပြသူဖြစ်ဖြစ် အနုတ်ပြသူဖြစ်ဖြစ် ဒုတိယတခါထပ်စစ်တယ်။ နှစ်ခါလုံး အနုတ်ဖြစ်သူကို သေခြာပေါက် ဆေး မစစ်ခင်အထိ HIV ကင်းရှင်းသူလို့ သတ်မှတ်တယ်။
နှစ်သစ် ဆုတောင်းနှင့် ၂၀၁၂ ခုနှစ် တင်ပြခဲ့မှုများ
၂၀၁၁၊ အောက်တိုဘာမှ ၂၀၁၂၊ သြဂုတ်လတွင်းတွင် ပုံမှန် ဝက်ဘ်စာမျက်နှာသို့ ဝင်ရောက်သူ အရေအတွက်မှာ ပျှမ်းမျှ ၄၀၀၀ နှင့် ၆၀၀၀ အကြားရှိပြီး၊ အနည်းဆုံးလမှာ ၂၀၁၂ ခုနှစ် ဧပြီလတွင် ၃၃၂ ဦးသာ လာရောက်ခဲ့သည်။၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့ရာ ၄၁၇၀ ဦးအထိရှိလာခဲ့သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ တွင် ၁၁၃၀၂ ဦးနှင့် ဒီဇင်ဘာလတွင် ၁၃၅၆၁ ဦးအထိ ဝင်ရောက်ခဲ့သည်။
ကချင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို အမေရိကန် သံအမတ်ကြီး သွားရောက် ကြည့်ရှု
HIV/AIDS ရောဂါဝေဒနာရှင်တွေကို ကုသပေးနေတဲ့ မြစ်ကြီးနားမြို့ မိုင်းလားရပ်ကွက်က HOPE Center ကို သွားရောက်ပြီး ဝေဒနာသည်တွေနဲ့ တွေ့ဆုံကာ အားပေး စကားပြောကြားခဲ့သလို ကချင်ပြည်နယ် အတွက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ကိုလည်း တွေ့ဆုံခဲ့ ပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ် နဲ့ အဖွဲ့ဟာ ဒီဇင်ဘာလ ၁၇ ရက် မနေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ ကိုရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံကာ တိုင်းရင်းသားရေးရာ ကိစ္စရပ်တွေဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
HIV/AIDS ကာကွယ်ရေးနှင့် စောင့်ရှောက်ရေး ဂေဟာသို့ ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း လာရောက်တွေ့ဆုံ
ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ သစ်တွင် ဖွင့်လှစ်ထားသော HIV/AIDS prevention and care centre သို့ UNAIDS ဌာန ကိုယ်စားလှယ် မစ္စာ မာဖီနှင့် ထိုင်းနိုင်ငံမှ ကြက်ခြေနီ အသင်းတို့ လာရောက်လေ့လာ ခဲ့ကြကြောင်း သိရှိရသည်။
AIDS စောင့်ရှောက်ရေး ဂေဟာသစ် ဒဂုံမှာ ဖွင့်မည်
ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် ကူညီစောင့်ရှောက်ရေး ဂေဟာတွေ ဖွင့်လှစ်ပြီး အကူအညီပေးနေပေမယ့် လူနာ အရေအတွက် များလာပြီး နေရာ မလုံလောက်တော့တဲ့ အတွက် တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်တာလို့ အန်အယ်လ်ဒီ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။
ဒုတိယ ဘ၀အတွက် အပျော်ရွှင်ရဆုံးအချိန်
လက်ရှိတွင် ရခိုင်ပြည်နယ်မှ HIV ဝေဒနာရှင်များအတွက် ဆေးဝါးထောက်ပံ့မှုကို စစ်တွေမြို့မှ Utopia Association မှ စီစဉ်ပေးနေသည်။ ရခိုင်ပြည်နယ်တွင် ART ဆေးသောက် သုံးနေရသည့် PLHIV စုစုပေါင်း (၃၃၀) ရှိပြီး ART ဆေးဝါး သောက်သုံးသင့်သူ (၂၈၅) ဦးရှိသည်ဟု သိရသည်။
မူလတန်းအဆင့် အေ့ဒ်စ်ပညာပေး ထိရောက်မှု နှေးကွေး
Unicef နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့၏ ပူးပေါင်းကောက်ယူခဲ့သော HIV/AIDS ရောဂါကူးစက် ခံရသူကလေးငယ်များ စာရင်းအရ ၂ဝဝ၉ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ အသက် ၁၅ နှစ်အောက် ကလေးငယ် ၄၆၅ဝ ဦးမှာ အဆိုပါ ရောဂါပိုး ကူးစက်ခံ ထားရပြီး ၄င်းတို့အနက် ထက်ဝက်ခန့်မှာ အသက် ငါးနှစ်အောက် ကလေးများဖြစ်ကြောင်း သိရသည်။
အမေးအဖြေ (၉၈) (၁၈ နှစ်ပြည့်မှ ဖတ်ပါ)
မိန်းကလေးဖြစ်တာနဲ့ အသက်တော့သိရပြီ။ ရာသီ မလာတာဖြစ်သူတိုင်းကို အိမ်ထောင်ရေး၊ ဆက်ဆံရေး မေးပါ လိမ့်မယ်။ ကိုယ်ဝန်မဟုတ်တာကို ဖယ်ထုတ်ရမယ်။ ဟော်မုန်း ကမောက်ကမဖြစ်လား သိချင်မယ်။ ကြာကြာထိုင်မရတာ ဘယ်လောက်ကြာနေပြီလဲ။ အရိုးနာလို့ ဓါတ်မှန်ရိုက်ဘူးလား။ ဆေးထိုးဘူးတာက ဘာဆေးလဲ၊ ဘာအတွက်လဲ။ ဗိုက်အောင့်တာ ဘယ်လောက်ကြာပြီလဲ။ ဗိုက်ရဲ့ ဘယ်နေရာလဲ။ ဆရာဝန်နဲ့ ပြောဆို ဆက်ဆံတဲ့အခါ သူငယ်ချင်းတွေဆီ ရေးသလို၊ ပြောသလို မသင့်ပါ။ တိတိ ကျကျ ဖြစ်သင့် ပါတယ်။
တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ
မနှစ်တုံးက ထောင်ကနေ ပြန်လွတ်လာပြီး အခုတော့ ဘေဂျင်မြို့မှာ အစောင့် ဝန်ထမ်းလုပ်နေပါတယ်.. ဆေးကု တာကိုတော့ ဘယ်သူမှ မသိအောင် သူလုပ်နေရပါတယ်.. တကယ်လို့ လူတွေက သူ့မှာ HIV ပိုး ရှိတယ်ဆိုတာကို လူတွေသိသွားရင် သူ အလုပ်ပြုတ်မယ်ဆိုတာကို သူသိနေလို့ ဖြစ်ပါတယ်.. ဒါပေမယ့် အစောင့် ဝန်ထမ်း လုပ်လို့ ရတဲ့ လစာက HIV/AIDS နဲ့ ဆက်နွယ်နေတဲ့ ဆေးဝါးတွေက ဆေးကြီး လွန်းတာကြောင့် ဘယ်လိုမှ မလုံလောက်နိုင်ပါဘူး.. အဲဒီအကြောင်း သူ အခုလို ဆက်ပြောပြပါတယ်….
HIV/ART နဲ့ အသက်ရှည်မှု အမေး၊ အဖြေ
ပုံမှန် ဆေးကုသမှုခံယူတာ၊ ဆရာဝန်/ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေးတာ လေ့ကျင့်ခန်း မှန်မှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစားအသောက် ဂရုစိုက်တာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်တာ၊ ဂီတ၊ ပန်းချီစတဲ့ စိတ်အပန်းဖြေစရာတွေ လုပ်တာ၊ မိတ်ဆွေတွေနဲ့ အခင်မင်မပျက် ပေါင်းသင်းနေထိုင်တာ၊ ဘာသာရေး လူမှုရေး လုပ်ငန်းတွေပါဝင်တာ မူးယစ်ဆေး၊ အရက်၊ ဆေးလိပ်စတာတွေ ရှောင်တာ လိင်ဆက်ဆံတိုင်း အမြဲ ကွန်ဒုံးသုံးတာ၊ ကာသလားရောဂါတွေရှိရင် အချိန်မီ ကုသတာ၊ ART ဆေးသောက်နေ သူဖြစ်ရင် ဆေးကို အချိန်မှန်မှန်သောက်တာ၊ ဆေးမီးတိုတွေနဲ့မကုပဲ ကျွမ်းကျင်တဲ့ ကျန်းမာရေး ၀န်ထမ်းတွေနဲ့ ကုသတာ…. စတာတွေက ရောဂါပိုးရှိသူရဲ့ သက်တမ်းကို ဆုံးဖြတ်ပါတယ်။
မြန်မာနိုင်ငံတွင် AIDS ရောဂါကြောင့် တစ်နာရီတွင် လူ ၂ ဦးနှုန်းသေဆုံး
မြန်မာနိုင်ငံ အိတ်(ခ်ျ)အိုင် ဗွီပိုးရှိသူများကွန်ရက်ကို ၂၀၀၆ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ရည်ရွယ်ချက်မှာ အိတ်(ခ်ျ)အိုင်ဗွီ၊ အေအိုင်ဒီအက်ဖြင့် အသက်ရှင်နေထိုင်သူများ၏ အခန်းကဏ္ဍ ကို မြှင့်တင်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုးရှိသူများ အချင်းချင်းဆက်သွယ်ပေးခြင်း၊ အိတ်(ခ်ျ)အိုင်ဗွီပိုး ရှိသူများ၏ ကိုယ့်အား ကိုယ်ကိုး အဖွဲ့များကို ဖွံ့ဖြိုးတိုးတက် စေခြင်းဖြစ်ကြောင်း သိရှိရသည်။

Follow me on: