25
Feb

AIDS ရောဂါ အကြောင်း (၂)

ဗိုင်းရပ်စ်ဟာ နေ့စဉ်နေ့တိုင်း လုပပ်နေကျဖြစ်တဲ့ လူမှု ဆက်ဆံရေး ကိစ္စများမှာ ထိတွေ့ခြင်းကြောင့် မကူးနိုင်ပါ။ ဥပမာ အတူတူနေခြင်း၊ အတူတူစားခြင်း၊ အူတူ ကစားခြင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်း၊ ဒါပြင် အစားအစာ၊ ရေ၊ ပိုးကောင် မွှားကောင် (ဥပမာ ခြင်ကောင် ကိုက်ခြင်း) အိမ်သာ၊ အများသုံး ခွက်များ၊ အများသုံး တယ်လီဖုန်း၊ အများသုံး ရေကူးကန်၊ ချွေးနဲ့ မျက်ရည်များမှ တဆင့်လည်း မကူးနိုင်ပါ။

18
Feb

အိတ်ခ်ျအိုင်ဗွီဖြစ်သူ လက်တွဲကူ၊ အမြန်ပေးဝေ ART ဆေးတွေ

HIV ပိုး ကူးစက်ခံရသူများ အေအာရ်တီဆေးရရန် ရှေ့ထွက် လာပြီး ကျန်းမာရေးဝန်ဆောင်မှု များခံယူရန် အတွက် အမှန်တကယ် လိုအပ်နေသည့် အခန်းကဏ္ဍများ နှင့် တာဝန်များအတွက် တာဝန်ခံ နိုင်မှုနှင့် အခြားသော ဖွံ့ဖြိုးရေး အပိုင်းများသို့ တိုးချဲ့လုပ်ကိုင်မှု များကို လုပ်ဆောင်နိုင်ရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။

17
Feb

စားတော့စားပါ.. ဒါပေမယ့် သတိလေးတော့ရှိပါ

တကယ်တော့ ကိုယ် ပျော်ပါးခဲ့ရတဲ့ ခဏတာအချိန်လေးကို မိသားစုဘ၀နဲ့ လဲခဲ့ရသလို ကိုယ်တစ်ယောက်ရဲ့ မှားယွင်းမှုကို အားလုံးက ပေးဆပ်ခဲ့ရတာပါ။ AIDS ရောဂါကို ကြောက်ရွံ့စရာ ရောဂါကြီးတစ်ခု၊ ရွံရှာဖွယ် ရောဂါကြီးတစ်ခုအဖြစ် ရှုမြင်နေဆဲဖြစ်တဲ့ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကြောင့်လည်း ဒီလို မိသားစုပျက်ခဲ့ရတဲ့ ဘ၀တွေ အများကြီးပါ။ တကယ့် တကယ်တော့ အစာအိမ်ရောဂါလည်း ရောဂါပါပဲ။

9
Feb

AIDS ရောဂါ ခံစားနေရသူ ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေ

မိုးကုတ်မြို့တွင် AIDS ရောဂါခံစားနေရသူ တစ်ဦး မိမိကိုယ်ကို မီးရှို့သတ်သေမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ (၆.၂.၂၀၁၅) ရက်နေ့ (၂၃း၀၀) အချိန်တွင် မိုးကုတ်မြို့တွင် လူတစ်ဦး မိမိကိုယ်ကို မီးရှို့သေဆုံးခဲ့ကြောင်း သတင်း ရရှိ၍ မြို့မ ရဲစခန်းမှူး (မိုးကုတ်) ဒုရဲမှူး သိန်းဝင်းနှင့် အဖွဲ့သည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေး ရာ သေဆုံးသူ မှာ ဦး —– (၅၁)နှစ်၊ ကျောက်သွေး လုပ်ငန်း (ဘ) ဦး —–ဖြစ်ပြီ ခန္ဓာကိုယ် တစ်ခုလုံးတွင် မီးလောင်ဒဏ်ရာ များဖြင့် သေဆုံး နေကြောင်း သိရှိရသည်။

4
Feb

ယောက်ျား အငှားလိုက်သည်

အပေါင်း အသင်း အသိထဲတွင် ထိုအလုပ်လုပ်နေရင်း AIDS ဖြစ်သွားသူ၊ ဘဝပျက် သွားသူစသည်ဖြင့် ရှိနေကြသည့်အတွက် ထိုအလုပ်ကို ကြောက်ကြောင်း၊ အရင်းအနှီးရလျှင် ဆက်မလုပ်တော့ဟု ဆိုသော်လည်း သူ့အသိထဲတွင် အလုပ်ဖြင့် ချမ်းသာသွားသူ သိပ်မရှိခဲ့ဟု ပြောသည်။

2
Feb

HIV/AIDS ရောဂါနှင့် တီဘီရောဂါများ အကြောင်း အသိပညာပေး ဟောပြော

စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့မှ ကြီးမှူး၍ အမျိုးသမီး အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ ယဉ်ကျေးမှု နယ်ချဲ့ခြင်း အန္တရာယ်၊ HIV/AIDS ရောဂါနှင့် တီဘီရောဂါများ အကြောင်း အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီခွဲက မုံရွာတက္ကသိုလ် အဆောင် (B) ၌ ကျင်းပသည်။

29
Jan

အိတ်ခ်ျအိုင်ဗီကြောင့် ထိခိုက်ခံစားရသောကလေးများ အိမ်နီးချင်းကလေးများနှင့် နှိုင်းယှဉ်ရာတွင် အစစအရာရာ နိမ့်ကျနေ

အာဟာရဖွံ့ဖြိုးမှု အတွက် ရေရှည်အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန်နှင့် မိခင်မှ ကလေးသို့ ရောဂါပိုးကူးစက်မှု ကာကွယ် တားဆီးရေး လုပ်ငန်းများကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း အိတ်ခ်ျအိုင်ဗီ/အေအိုင်ဒီအက်စ်ရောဂါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေသူ အဖွဲ့အစည်းအချို့က အကြံပြုပြောကြားသည်။

24
Jan

အများပြည်သူ အကျိုးအတွက် အလုပ်လုပ်သူ အကယ်ဒမီ ဆွေဇင်ထိုက်

“ခင်ဗျားက ဒီကိစ္စ (HIV/AIDS အသိပညာ ပေးရေး) မှာ ဘာဖြစ်လို့ဝင်လုပ်နေတာလဲ၊ ခင်ဗျားက ဆရာဝန် လည်း မဟုတ်ဘူး၊ ရုပ်ရှင်မင်းသမီးပဲ” လို့ အရင်အစိုးရက အရာရှိကြီးတယောက်က ကျမကို ဝေဖန်ဖူးပါတယ်။ ဒါပေမယ့် ကျမ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့ပါတယ်။

21
Jan

HIV infection stages HIV ကူးစက်ရောဂါအဆင့်များ

ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့ အဆင့်ဖြစ်တယ်။ ခံစားရလဲ နည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒီထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။

19
Jan

HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများအတွက် လုပ်ဆောင်မည့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများတွင် ကာယကံရှင်များကိုယ်တိုင် ပါဝင်မှုက အလွန်အရေးကြီးကြောင်း ယင်းစစ်တမ်းအရ တွေ့ရှိခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် HIV ပိုး ကူးစက်ခံထားရသူ ပေါင်း ၂ သိန်းနီးပါးရှိပြီး ARV ဆေးဝါး သောက်သုံးနေသူ ၁ သိန်း ၂ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၁၃ ခုနှစ် ကိန်းဂဏန်းများ အရ သိရသည်။

7
Jan

HIV ရောဂါသည်များကို စောင့်ရှောက်မှု တိုးတက်စေရန် အဖွဲ့သုံးဖွဲ့ ပူးပေါင်း ဆောင်ရွက်မည်

လက်ရှိတွင် နယ်စည်းမထား ဆရာဝန်များ အဖွဲ့သည် ပြည်တွင်းရှိ HIV/AIDS လူနာ ၃၅ဝဝဝ ကျော်ကို ဆေးကုသ ပေးလျက် ရှိပြီး အဆိုပါ အရေအတွက်မှာ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆေးကုသမှု ခံယူနေသော HIV/AIDS ရောဂါဝေဒနာရှင် စုစုပေါင်း အရေအတွက်၏ ထက်ဝက်ခန့် ရှိကြောင်း သိရသည်။

23
Dec

အေအိုင်ဒီအက်စ် နေ၀င်ချိန် ရောက်တော့မလား

ကုလသမဂ္ဂ အေအိုင်ဒီအက်စ် အဖွဲ့အစည်း UNAIDS ၏ စာရင်းအရ ၂၀၁၄ ဇွန်လအထိ ကမ္ဘာတစ်ဝန်း အေအာဗွီဆေး သောက်သုံးနေ သူပေါင်း (၁၃ ဒသမ ၆) သန်းထိ ရှိပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က ငါးသန်းသာ ရှိခဲ့ရာမှ တိုးလာခြင်းဖြစ်ရာ အေအိုင်ဒီအက်စ် ကျန်းမာရေး စောင့်ရှောက်မှု ကွန်ရက်များ ကျယ်ပြန့် အားကောင်းလာခြင်း အကျိုးဆက် ဖြစ်သည်။

Follow me on:

Back to Top