4
Dec

ကမ္ဘာ့ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးနေ့မှာ ပရဟိတ လုပ်ခဲ့တဲ့ တော်ဝင် မင်းသား ဟယ်ရီ

ဟယ်ရီနှင့် အတူ ပါဝင်ဆောင်ရွက် ကြသည့် ထိပ်တန်း စာရင်းဝင် သူများကလည်း ကမ္ဘာ့ အနှံ့အပြားရှိ HIV ဝေဒနာ ခံစားနေရ သူများအား အားပေးစကား ပြောခြင်း၊ လိုအပ်သည် များကို ရှာဖွေ ထောက်ပံ့ ပေးခြင်းဖြင့် HIV ကြောင့် ရရှိလာခဲ့သည့် အမည်းစက်နှင့် အရှက် တရားများကို ကာကွယ်ပေးရာ တွင် တိုးတက်လာရန် မျှော်လင့် ထားသည်ဟု ဆိုသည်။

3
Dec

HIV/AIDS ခံစားနေရသူများ စိတ်ဒဏ်ရာ မရရှိအောင် နေထိုင်ပါက ရောဂါ ကုသမှုအတွက် အထောက်အကူဖြစ်

HIV/AIDS ကူးစက်ခံနေရသူ အများစုဟာ အသက် (၁၄) နှစ်ကနေ (၂၅) နှစ်အတွင်းဖြစ်ပြီး လိင်ဆက်ဆံမှုကနေ အများဆုံး ကူးစက်ခံနေရကာ နေ့စဉ် (၁၉) ဦးနှုန်းခန့် ကူးက်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ခံနေရသူ တစ်သိန်းရှစ်သောင်း ငါးထောင်ဝန်းကျင်မှာ ART ဆေးကုထုံး လိုအပ်မှုရှိသူဟာ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး ART ဆေးကုထုံးကိုတော့ (၅၄) ရာခိုင်နှုန်းသာ ထောက်ပံ့မှု ရရှိနေတယ်လို့ သိရပါတယ်။

3
Dec

ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံလုပ်သား များအား အခမဲ့သွေးစစ်ပေး

HIV/AIDS နဲ့ပတ်သက်ပြီး ၀ါးတန်းဆိပ်ကမ်း ပြည်တွင်းပြည်ပ ကုန်တင် ကုန်ချဌာနခွဲ (၂) က လုပ်သား ၁၀၀ ကျော်ကို သွေးဖောက် စစ်ဆေးမှုတွေပြုလုပ်ပေးခဲ့သလို ပန်းဆိုးတန်းဆိပ်ကမ်းမှာလည်း HIV/AIDS အကြောင်း အသိပညာပေး လက်ကမ်း စာစောင် တွေနဲ့ ကွန်ဒုံးတွေ ကိုလည်း ဖြန့်ဝေခဲ့ကြပါတယ်။

2
Dec

အေအိုင်ဒီအက်စ်ရောဂါ ကမ္ဘာကြီးကို စိုးမိုးနေဆဲလား

ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည်ဟု ဆိုရိုး စကားရှိသလို ရောဂါပိုး ခန္ဓာတွင်းသို့ ဝင်ရောက် ကူးစက်မခံရခင်က ကြိုတင် ကာကွယ်ထားလေ့ ရှိသော အသိပညာ ဗဟုသုတနှင့် အလေ့အကျင့် ကောင်းများရှိနေပါက ပိုမို၍ လုံခြုံစိတ်ချရတဲ့ ဘဝကို ပိုင်ဆိုင်မှာမို့ လိင်အပျော်အပါးရှောင်ပါ။ မိမိ၏ဇနီး၊ ခင်ပွန်းအပေါ်သစ္စာရှိပါ။ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးပါ။ မရှောင်နိုင်လျှင် ကွန်ဒုံး (Condom) သုံးပါဟု အကြံပြုပြောဆို လိုက်ရပါသည်။

2
Dec

ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့

ယမန်နေ့က ကျရောက်တဲ့ (THE WORLD AIDS DAY’S) နေ့ အထိမ်းအမှတ် ပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၊ Hiv/Aids prevention and care center ကနေ ရန်ကုန်မြို့၊ ကျိုက္ကစံလမ်းပေါ်ရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

1
Dec

မနှင်းဆီ ပါးလိုက်တဲ့ HIV သတင်းစကား

“ဘဝတူတွေကို ကျမပြောချင်တာကတော့ အမျိုးသမီး Sex Worker တွေအနေနဲ့ ဘယ်လို အခြေအနေဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။ ပိုက်ဆံ ဘယ်လောက်ပေးပေး ကွန်ဒုံးမသုံးရင် လက်မခံပါနဲ့။ ချစ်သူရည်းစားဆိုလည်း ကွန်ဒုံးသုံးပါ။ အခမဲ့ ကူညီပေးနေတဲ့ စင်တာတွေကို ဆက်သွယ်ပြီး သွေးစစ်ပါ။ HIV မရှိလည်း ၃ လတကြိမ်စစ်ပါ။ HIV ရှိခဲ့ရင် လည်း စိတ်ဓာတ်ကျစရာမလိုဘဲ ART ဆေးသောက် ပြီး ဘဝကို အကောင်းဆုံးရင်ဆိုင်ပါလို့ သတင်း စကားပါးလိုက်ချင်ပါတယ်” ဟု ဆိုပါသည်။

26
Nov

HIV ဗိုင်းရပ်စ်အား အလိုအလျောက် ပျောက်ကင်းခဲ့သူများ၏ ဇီဝဖြစ်စဉ်ကို တွေ့ရှိခဲ့

HIV ဗိုင်းရပ်စ်မှာ လူ၏ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်သွားပြီး လျှင် CD4 ခုခံအားစနစ်ဆဲလ်များ အတွင်း နေထိုင်ပြီး CD4 ဆဲလ်များ အား ပြုပြင်ပြောင်းလဲပြီး ဗိုင်းရပ်စ် ထုတ်ပေးသောစက်ရုံအဖြစ် ပြောင်းလဲ ပစ်လိုက်လေသည်။ ယင်းကဲ့သို့ HIV ကူးစက်ခံထားရသူများထဲတွင် ၁% ထက်နည်းသောသူများသည် ဗိုင်းရပ်စ်ပြန့်ပွားမှုအား ထိန်းချုပ်ကာ သွေးထဲ၌ ဗိုင်းရပ်စ်အားမတွေ့နိုင် လောက်သည်အထိ ထိန်းထားနိုင် လေသည်။

20
Nov

မြန်မာတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများအား ART ကုထုံးပေးရန် တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ၅၄ ရာခိုင်နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ

အိတ်ခ်ျအိုင်ဗီပိုးကို နည်းလမ်းသုံး မျိုးနှင့် ကူးစက်ခံ ရနိုင်ပါသည်။ မသန့် ရှင်းသော ဆေးထိုးအပ် သုံးပြီး သွေးသွင်းခြင်း၊ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားသူ နှင့် အကာအကွယ်မဲ့ လိင်ဆက် ဆံခြင်း၊ ပိုးရှိသည့် မိခင်မှ တစ်ဆင့် ကလေး မွေးချိန် နှင့် နို့ချို တိုက်ကျွေးခြင်းမှ ကူးစက် ခံရနိုင်သည်။ ဆေးပညာရှင် များ၏ အဆိုအရ ဦးတည် အုပ် စု များဖြစ်သော မူးယစ်ဆေး ထိုးသွင်းသူ၊ အမျိုးသမီး လိင် အလုပ်သမ နှင့် အမျိုးသားချင်း လိင် ဆက်ဆံသူများ ဖြစ်သည်ဟု ဆိုပါသည်။

19
Nov

HIV-AIDS at glance ပိုးနဲ့ရောဂါ

၂ဝ၁၂ အကုန်မှာ လူပေါင်း ၃၅.၃ သန်းမှာ HIV ပိုးရှိနေကြတယ်။ ၂.၁ သန်းက လူငယ်လူရွယ်တွေဖြစ်ကြတယ်။ ၉.၇ သန်းဟာ ဆင်းရဲ (သို့) မဖွံ့ဖြိုးတဲ့ဒေသတွေကဖြစ်ကြပြီး antiretroviral therapy (ART) ဆေးရနေကြတယ်။ အမှန်က ၁၉ သန်းလောက်က ဆေးရနေသင့်ပေမဲ့ ဆေးမရကြသေးဘူး။ ART ဆေးကြောင့် HIV-positive ပိုးရှိနေသူတွေ အသက် ပိုရှည်လာကြတယ်။ ဒါ့ပြင် သူတို့ကနေ ကူးစက်မှာကိုလဲ သက်သာစေတယ်။ ART ဆေးတွေဆိုတာ ဆေး ၃ မျိုးပါမယ်။ တချို့နေရာတွေမှာ ပိုပါတယ်။

15
Nov

HIV ပိုးရှိ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားခံရပါက လူ့အခွင့်အရေး ကော်မရှင်က တစ်လအတွင်း ဖြေရှင်းပေးမည်

၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် HIV ဖြင့်နေထိုင်သူ ပျှမ်းမျှ ၁သိန်းရှစ်ထောင့်ငါးရာခန့် ရှိနေပြီး ART ကုထုံးဖြင့် ကုသရန်လိုအပ်သူ ၁ သိန်းနှစ်သောင်းကျော် ရှိကာ ၎င်းတို့အထဲမှ ၅၄ ရာခိုင်နှုန်းကိုသာ ART ကုထုံးဖြင့် ဆေးဝါးထောက်ပံ့ပေးနိုင်သေးသည်ဟု အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး (NAP 2013) အစီရင်ခံစာအား ကိုးကား၍ UNAIDS အစီရင်ခံစာတွင် ဖော်ပြထားသည်။

14
Nov

HIV/AIDS အသိနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများကို ဒုတိယအကြိမ် အဖြစ် (၃) ရက်ကြာသင်တန်းပေး

UNAIDS နဲ့  Internews (Europe) တို့ ပူးပေါင်းပြီး HIV/AIDS အသိနဲ့ ပတ်သက်တဲ့ ရက်တိုသင်တန်းကို ပြည်တွင်းရှိ ရုပ်သံ၊ ရေဒီယို သတင်းဌာနတွေ အပါအ၀င် သတင်းမီဒီယာ အားလုံးနဲ့ ဇာတ်ညွှန်းရေး ဆရာတွေကို ဒီကနေ့ နိုဝင်ဘာ (၁၃) ရက်ကနေ (၁၅) ရက်အထိ သင်ကြား ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

11
Nov

HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခု နိုဝင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပမည်

HIV ပညာပေးအခမဲ့ ဖျော်ဖြေပွဲတစ်ခုအဖြစ် Red Ribbon Hours Youth Concent 2014 World AIDS Day ကို ယခုလ (၂၈) ရက်နေ့ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်သွားမယ်လို့ နိုဝင်ဘာ (၁၀) ရက်နေ့က မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှာ ပြုလုပ်တဲ့ အကြိုစာနယ်ဇင်း ရှင်းလင်းပွဲက သိရပါတယ်။

Follow me on:

Back to Top