ကျွန်မနဲ့တွဲ လာခဲ့တဲ့ တစ်လျှောက်လုံး သူ့မှာ အိပ်ခ်ျအိုင်ဗွီမရှိဘူးလို့ ပြောခဲ့တယ်လို့ Enquirer ကို ဒိုင်နီကပြောပြပါတယ်။ ဒါပေမဲ့ ဆေးစစ်ကြည့်လိုက်တဲ့ အခါ ဒိုင်နီဟာ သူကိုယ်တိုင် အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံထားရသူတစ် ယောက်မှန်း သိရှိခဲ့ရပါတယ်။ ဆေးစစ်ချက် အဖြေထွက် တော့ ကြမ်းပြင်ပေါ် ကျွန်မဒူး ထောက်ကျသွား ခဲ့တယ်လို့ Enquirer ကို ပြောပြပါတယ်။
AIDS နဲ့ အမျိုးသမီးများ
မိန်းမကိုယ်တိုင်ကလည်း AIDS ဖြစ်နေပြီ ရောဂါအခြေအနေအရ အိပ်ရာထဲ မလဲသေးလို့သာ။ မိန်းမတို့ဘဝဆိုတာကတော့ ဗုံးဗုံးမလဲအချင်း ရုန်းကန်ပြီး တာဝန်ထမ်းနေရမှာပဲ။ ဒီလိုသာ တာဝန်သိသိနဲ့ အနှစ်နာခံရတယ် ဘယ်သူကမှလည်း အသိအမှတ်ပြုခြင်းတော့ မခံရပါဘူး။ “ဒါ မိန်းမအလုပ်ပဲ” လို့သာ ဆိုပြီး စာနာစိတ်မထားပဲ အမှတ်မဲ့ ပုံမှန် ကိစ္စလို မှတ်ယူထားနေကြတာပဲ။
ကလေးများ HIV မှတဆင့် AIDS ရောဂါရရှိခြင်း
ကလေးတွေမှာ HIV ရောဂါ ပိုးဝင်ပြီး AIDS (ခေါ်) ကိုယ်ခံစွမ်းအားကျရောဂါ အဓိကဖြစ်ရတာက ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ ဆီကနေတဆင့် ကူးနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ အခြား ဘယ်လိုနည်းတွေနဲ့ ကူးဆက်နိုင်ပါသေးလဲ။
ထိုင်းခရီးသွား လုပ်ငန်းနှင့် ဖူးခက် ကမ်းခြေမှ ပြည့်တန်ဆာများ
လူငယ်တွေကို အတွေးခေါ် အယူ အဆတွေ ရင့်ကျင့်သူတွေ ဖြစ်လာအောင် ပညာပေးမှုတွေ လုပ်ပေးနိုင်မှသာ အဲဒီလို ပတ်ဝန်းကျင်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခွဲခြား တတ်ကြမှာပါ။ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာခြင်းနဲ့အတူ ကောင်းကျိုး ဆိုးကျိုး တွေဟာလည်း ဒွန်တွဲနေတဲ့ အတွက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူ တချို့ကတော့ ဘ၀တွေ ပျက်စီးသွားကြသလို တချို့ကလည်း HIV/AIDS တွေ ဖြစ်သွားကြတယ်လို့ ပတောင် ဒေသခံတွေ က ပြောကြပါတယ်။
ဗစ်တိုးရီးယားဘက်ခမ်းကို UNAIDS ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်
ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက စပိုက်ဂဲလ် Spice Girl အဖွဲ့ဝင်ဟောင်းနဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ဦးဖြစ်သူ ဗစ်တိုးရီးယားဘက်ခမ်းကို HIV/AIDS နဲ့ ပတ်သက်ပြီး လှုပ်ရှား ဆောင်ရွက်နေတဲ့ (UNAIDS) ရဲ့ ချစ်ကြည်ရေး သံတမန်အဖြစ် စက်တင်ဘာလ (၂၅) ရက်နေ့က ခန့်အပ်လိုက်ပါတယ်။
MSF အဖွဲ့ က နှစ်နှစ်တာအတွင်း ကန်ဒေါ်လာ ၂၉ ဒသမ ၇ သန်း သုံးစွဲ သွားမယ်
နားလည်မှု စာချွန်လွှာအရ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ၊ တီဘီရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါနှင့် ငှက်ဖျားရောဂါတို့ကို MSF-H အနေနဲ့ ကျန်းမာရေး ဝန်ကြီးဌာန၊ အမျိုးသားခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့၊ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း၊ လုပ်ငန်းပိုင်းဆိုင်ရာ မိတ်ဖက်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
AIDS ရဲ့ ဂယက် (နိဂုံး)
AIDS ကာကွယ်ရေးမှာ အင်မတန်မှ သတိလက်ကိုင်ထားပြီး ကြည့်ထားရမယ့် ကိစ္စဖြစ်တယ်။ ၁၉၈၇ ခုနှစ်မှာဆိုရင် ဆွစ်ဇာလန်ပြည်က နယ်ကလေးတစ်ခုရဲက အကျဉ်းထောင်မှာ ၁၁% သော အကျဉ်းသားတွေဆီမှာ AIDS ဗိုင်းရပ်စ်ပိုး ရှိနေတယ်။ အီတလီမှာ အကျဉ်းသား အသစ်တွေ ပိုးစစ်ကြည့်တော့ ၁၆.၈ % မှာ တွေ့တယ်။ စပိန်ပြည်မှာ ၂၆%၊ ပြင်သစ်မှာတော့ အကျဉ်းထောင်အားလုံးရှိ အကကျဉ်းသားတွေအတွက် ကြိတ်နှုန်းဟာ ၆% တဲ့။
ကလေးများ HIV မှတဆင့် AIDS ရောဂါရရှိခြင်း
ကလေးတွေမှာ HIV ရောဂါ ပိုးဝင်ပြီး AIDS (ခေါ်) ကိုယ်ခံစွမ်းအားကျရောဂါ အဓိကဖြစ်ရတာက ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်တွေ ဆီကနေတဆင့် ကူးနိုင်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ထောက်ပြပြောဆိုကြပါတယ်။ အခြား ဘယ်လိုနည်းတွေနဲ့ ကူးဆက်နိုင်ပါသေးလဲ။
အိန္ဒိယနိုင်ငံသို့ ဆေးသွားကုသူ တစ်နေ့ ၃၀ ထက်မနည်းရှိနေ
ချင်းပြည်နယ်မြောက်ပိုင်း အပါအ၀င် ကလေးဒေသတွင် HIV ရောဂါဝေဒနာ ခံစားနေရသည့် ဦးရေမှာ ၂၀၀၃ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်းအရ ဦးရေ တစ်ထောင်ကျော် ရှိခဲ့သော်လည်း ဆေးဝါးကုသမှု လက်လှမ်းမမီခြင်းနှင့် ဝေဒနာရှင်များ စိတ်ဓာတ်ကျဆင်းမှုကြောင့် အသက်ဆုံးရှုံးသွားပြီး လက်ရှိတွင် ဝေဒနာရှင် ၇၀၀ နီးပါး ကျန်ရှိနေသေးသည်။
AIDS ရဲ့ ဂယက် (၁၀)
AIDS ကြောင့် ဝင်ငွေကျဆုံးလို့ ဖြစ်လာတဲ့ စီးပွားရေး ဆုတ်ယုတ်မှုကို ပိုပြီးခံခဲ့ရတဲ့ တိုင်းပြည်တွေကတော့ တိုရစ်စင်(မ)လို့ ခေါ်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကနေ ရတဲ့ နိုင်ငံခြားငွေအပေါ် အားထားနေရတဲ့ တိုင်းပြည်တွေ ဖြစ်တယ်။ ဒီ တိုရစ်စင်(မ) ဆိုတာကလည်း သေးတဲ့ စီးပွားရေး လုပ်ငန်း မဟုတ်ဘူး။ နိုင်ငံခြားငွေကို အင်မတန်လိုနေတဲ့ တတိယကမ္ဘာ တိုင်းပြည်တွေဟာ တိုးရစ်တွေကရတဲ့ နိုင်ငံခြားငွေကို အတော်အလေးထားပြီး သူတို့တိုင်းပြည်ရဲက ဘတ်ဂျက် ဘဏ္ဍာရေးရ သုံးငွေကို တွက်ချက် စီမံကြရတာ။
Sexy ပါတီ မြန်မာပြည်
ဒီရန်ပုံငွေပွဲက AIDS ဝေဒနာရှင်တွေ အတွက် ရည်ရွယ်တာကတော့ အလွန်ကောင်းတဲ့ အချက်ပါ။ ဒီလို ရန်ပုံငွေတွေ ရှာပြီး လိုအပ်တဲ့သူတွေကို ကူညီတာဟာ ဘယ်သူ မဆို ကြိုက်တယ်။ သို့သော် ဒီလိုအပြုအမူမျိုး ဒီလိုမျိုးဝတ်စားပြီး ယောက်ျားတကာ တွေရှေ့မှာ သရုပ်ပြရန်ပုံငွေ နာမည်တပ်ပြီး လုပ်တာကတော့ ရှာတဲ့ လူအတွက်ရော၊ ငွေထည့်လှူတဲ့လူအတွက်ရော၊ ငွေလက်ခံတဲ့ လူအတွက်ရော ဘယ်သူ့အတွက်မှ မကောင်းဘူး။ နောက်ဆုံး မြန်မာပြည်သူတွေ အတွက် မကောင်းဘူး။
ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခြင်းဖြင့် ပပျောက်နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း ရဲမှူးကြီးတစ်ဦးပြော
ကျွန်မတို့လဲ ဒီ အလုပ်ကို ဘယ်လုပ်ချင်မှာလဲ။ အရင်က လွှတ်တော်မှာ ကြားလိုက်မိတယ်။ ဒီလုပ်ငန်း တွေ တရားဝင် လုပ်ကိုင်ခွင့် ရဖို့လေ။ နောက် တော့ ဘာမှ မကြားရတော့ဘူး။ ဒီအလုပ်က နိုင်ငံတိုင်း နီးနီးမှာဆိုရင် တရားဝင်ခွင့်ပြုပေး ထားတယ်။ အဲဒီလိုလုပ်နိုင်မှလဲ AIDS ရောဂါကို လျှော့ချနိုင်မှာ” ဟု ယင်းကပြောသည်။

Follow me on: