“နယ်တွေဆိုတော့ မြို့က ကျဉ်းတယ်။ လူသိသွားခဲ့ရင် သူတို့တင်မကဘူး သူတို့မိသားစုပါ ကြဉ်ဖယ်ခံရမှာမို့ အသိမခံချင်ကြတာ။ အဲဒီအတွက် အခုလို ကိုယ့်မြို့မှာ ဆေးထုတ်ရမယ်ဆိုတော့ သွားကို မထုတ်ကြတဲ့သူတွေ၊ ဆေးသောက်ပျက်တဲ့သူတွေရှိတယ်” လို့ Myanmar Positive Group ရဲ့ အကြံပေးပုဂ္ဂိုလ် ကိုဗညားဦးက ဒီဗွီဘီကို ပြောပါတယ်။
HIV-AIDS links in my new Blog
ဆရာ ကျွန်တော်သွေးလှူနေကျပါ။ ဟိုတနေ့ကသွေးလှူဘဏ်ကခေါ်လို့သွားတော့ HIV positive ရှိတယ်လို့ပြောပါတယ်။ အဲဒီရောဂါအကြောင်းနဲ့ ရှ့ဆက် ဘာတွေ လုပ်သင့်တယ် ဆိုတာလေး ပြောပြခင်ဗျာ။
ART နဲ့ ဂျင်ဇင်း၊ PLH တစ်ယောက်ကို လက်ထပ်မယ်ဆိုရင် (အမေးအဖြေ)
ဂျင်ဇင်း က HIV ပိုးရှိသူတွေ (ART သောက်နေသူအတွက်ရော၊ မသောက်သူ) အတွက် လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ HIV ရှိသူတွေမှာ ဂျင်ဇင်းနဲ့ ပက်သက်တဲ့ သုတေသန ခိုင်ခိုင်မာမာမရှိ သေးပါဘူး။ သုံးမိရင် တချို့လူတွေမှာ ရုတ်တရက် ကိုယ်ခံအား ကျသွားပြီး ရောဂါ အခြေအနေ ဆိုးတက်ပါတယ်။
ကင်ဆာရောဂါကုသဆေးက ငုပ်လျှိုးနေသော HIV ဗိုင်းရပ်စ်များကို ထွက်ပေါ်လာစေနိုင်
ဓာတ်ခွဲခန်းတွင် ဖန်တီးထားသောဆဲလ် များနှင့် HIV ဗိုင်းရပ်စ်ရှိနေသူများထံမှ ကိုယ်ခံအားစနစ်များကိုယူ၍ စမ်းသပ်ခဲ့ကြသည်။ PEP005 ဆေးသည် အသက်အဝင်ဘဲ ငုပ်လျှိုးပုန်းအောင်းနေသော HIV ဗိုင်းရပ်စ်များကို ပြန်လည်နှိုးဆွရာတွင် အာနိသင်မြင့်မားကြောင်း သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။
HIV flushed out by cancer drug
Anti-retroviral therapy (ART) ဆေးကနေ ပိုးတွေကို သေစေနိုင်တယ်။ ဒါပေမယ့် ဆေးနဲ့ မတွေ့နိုင်တဲ့ ပိုးတွေကိုတော့ ဘာမှ မတတ်နိုင်ပါ။ Mississippi baby မစ်စစ်စပီ ကလေးမလေးကို ကြည့်ရင် ပိုးအား ခိုအောင်းနေနိုင်စွမ်း ရှိတာ သိသာတယ်။
အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံ ပြင်သစ်သူ ဆေးမကုဘဲ ရောဂါသက်သာ
လက်ရှိ ၁၈ နှစ်အရွယ် (ကျင့်ဝတ်အရ အမည်မဖော်တဲ့) ပြင်သစ် အမျိုးသမီးတဦးဟာ မိခင်ထံကနေ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာဖြစ်ပြီး သုံးလသား အရွယ်ကနေ ခြောက်နှစ်အရွယ်ထိ ဗိုင်းရပ်စ် ထိန်းချုပ်ဆေးတွေဖြစ်တဲ့ ဇီဒိုဗူဒင်းနဲ့ အေဇက်တီ ဆေးတွေကို သောက်ခဲ့ ရသူဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။
HIV ဆေးမသောက်ပဲနေပေမဲ့ ရောဂါလျှော့နည်းလာတယ်
လွန်ခဲ့တဲ့ ၂ နှစ်တုံးက အမေရိကမှာ အဲလိုပိုးရှာမတွေ့တဲ့ ကလေးမကို Mississippi baby လို့ခေါ်ပါတယ်။ ဒါပေမယ့် ၂၇ လ အကြာ ၂ဝ၁၄ ဇူလိုင်လထဲမှာ HIV ပြန်ပေါ်နေပါတယ်။ အခုထိ လူနာ တဒါဇင်လောက်မှာ ပိုးရှာမတွေ့တဲ့ကာလ ၁ဝ နှစ် အထိ ရှိဖူးထားပါပြီ။ အခု ပြင်သစ်သူကတော့ ပိုထူးနေတာပါ။
HIV ပိုး ရှိနေသူတွေကို ဆေးကုသပေးဖို့ မျှော်မှန်းချက်ပြည့်မီ
လက်ရှိ ကိန်းဂဏန်းတွေက လက်ခံနိုင်ဖွယ်တော့ မရှိသေးပါ။ ဆာဟာရအောက်ပိုင်းဒေသတွေမှာ လူနာသစ် အားလုံးရဲ့ ၆၆% ရှိနေသေး ပါတယ်။ အဲဒီမှာ လူနာပေါင်း ၂၅ ဒဿမ ၈ သန်းရှိတယ်။ တကမ္ဘာလုံးမှာ ၃၆ ဒဿမ ၉ သန်းရှိတယ်။ သည်အတိုင်းသာဆိုရင် HIV က ၂ဝ၃ဝ ဆိုရင် ကပ်ရောဂါလို့ ဖြစ်တော့မှာ မဟုတ်ပါ။
HIV ပျောက်ကင်းစေရန် အာမခံသည့်ကြော်ငြာများ အရေးယူပေးပါ
HIV ကူးစက်မှုအများစုမှာ ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးဝါးထိုးသွင်းသုံးစွဲသူများ၊ အမျိုးသားချင်း လိင်ဆက်ဆံ သူများနှင့် ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူများ၊ လိင်အလုပ်သမားများတွင် ကူးစက်လွယ်ပြီး ၂၀၁၄ ခုနှစ်ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၌ HIV ဖြင့်နေထိုင်သူ (၂) သိန်းခန့်ရှိကြောင်း သိရသည်။
ART medicines price ဆေးဈေး
လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက HIV ဆေးတွေကို ပြိုင်ဆိုင်ထုတ်လုပ်လာခဲ့တယ်။ တက်ကြွလှုတ်ရှားသူတွေကနေ အစိုးရနဲ့ ဆေးကုမ္ပဏီတွေ အပေါ် ဆေးနာမည်ရင်းအတိုင်း ထုတ်ဖို့နဲ့ ဈေးနှုန်း သက်သာဖို့ရာ ဖိအားတွေပေးနေကြတယ်။ အဲဒီကျေးဇူးနဲ့ အခုနေအခါ မချမ်းသာသေးတဲ့ တိုင်းပြည်တွေက လူနာတွေပါ လက်လှမ်း မီလာကြပါတယ်။ လူနာပေါင်း ၈ သန်းလောက်က ART ဆေးလိုနေကြတယ်။
ART ဆေးနဲ့ နယ်စပ်တိုက်ပွဲ
HIV အတွက် အသိအမှတ်ပြုထားတဲ့ ART ဆေး (၂ဝ) ရှိတယ်။ တချို့က ဆေးတွေရောထားတယ်။ အများဆုံး သုံးနေတာတခုက Truvada ဖြစ်တယ်။ Emtricitabine နဲ့ Tenofovir ဆေး (၂) မျိုးရောထားတယ်။ အများစုမှာ ဆေးနာမည် (၃) မျိုးပါတယ်။ ဥပမာ AZT (Zidovudine) ဆေးဖြစ်တယ်။ Retrovir လို့လည်းခေါ်တယ်။ ZDV လို့လည်းခေါ်သေးတယ်။
Cuba stamps out mother-to-child HIV ကျူးဘားမှာ မိခင်ကနေ မွေးလာတဲ့ကလေးဆီ HIV ကူးစက်မှု ပယ်ဖျောက်နိုင်ပြီ
စောစောလေးကပဲ ထိုင်းမှာ အလုပ်လုပ်နေကြတဲ့ စုံတွဲတခုမှာ ဇနီးမှာ ကိုယ်ဝန်ရှိလို့ ကိုယ်ဝန်အပ်မှ နှစ်ယောက်လုံးမှာ HIV ကူးစက်ခံနေကြတာသိရတယ်။ စိုးရိမ်လို့ ဘယ်လိုနည်းနဲ့မွေးရမလည်း၊ ကလေးနို့တိုက်ရင် ဘယ်လိုလည်း မေးလို့ ဖြေလိုက်ရတာ မိနစ်ပိုင်းသာရှိသေးတယ်။ မြန်မာပြည်မှာလည်း ကျူးဘားလိုဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းရပါတယ်။

Follow me on: