လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီရောဂါခံစားရသူ တစ် သိန်းကိုးသောင်းခန့်ရှိကာ အေအာရ်တီဆေး လိုအပ်နေသူ တစ်သိန်းနှစ် သောင်းကျော်ရှိနေသော်လည်း ၂၀၁၃ ၌ လူဦးရေ ခုနစ်သောင်းခွဲကိုသာ ဆေးပေးနိုင်သေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
မူးယစ်ဆေးဝါး၊ HIV နှင့် အနာဂတ်ပျောက်လူငယ်တို့၏ နေ့ရက်များ
စစ်ဘေးဒုက္ခသည် စခန်းမှာလဲ ရောဂါဖြစ်နေသူ၊ ကူးစက်ခံရသူတွေ ရှိနေတာပဲ။ ဒါကို ART ဆေးရဖို့ ကျွန်တော်တို့ ကျန်းမာရေးဌာနက သူနာပြုဆရာမတွေလဲ ဒုက္ခသည်စခန်း လိုက်နေရတာပဲ။ သူတို့ကိုယ်တိုင်လဲ ရွာတွေ ပျက်တော့ နေစရာမရှိတော့ ဒုက္ခသည်ဖြစ်နေရတာပဲ” ဟု ဒေါက်တာထက်အောင် (မိုးမောက် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး) က မချိစကားဆိုသည်။
ART ဆေးဝါး ရောဂါပိုးရှိသူတွေကို ဘယ်လောက်ထောက်ပံ့နိုင်ကြသလဲ
မြန်မာ လူ့အဖွဲ့အစည်းထဲမှာ HIV ရောဂါပိုးနဲ့ပတ်သက်လို့ အမြင်ကျယ်လာတာကြောင့် ရောဂါပိုးရှိသူတွေကို ပစ်ပယ်မှုက အရင်ကလောက် မရှိတော့ပေမယ့် ရောဂါပိုးရှိသူတွေကို အလုပ်ထုတ်တာ၊ အလုပ်မပေးတာမျိုးတွေ ရှိနေဆဲဖြစ်တာမို့ လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒတစ်ခုတော့ လိုအပ်နေပြီလို့ ဦးမျိုးသန့်အောင်က ပြောပါတယ်။
အေအိုင်ဒီအက်စ် နေ၀င်ချိန် ရောက်တော့မလား
ကုလသမဂ္ဂ အေအိုင်ဒီအက်စ် အဖွဲ့အစည်း UNAIDS ၏ စာရင်းအရ ၂၀၁၄ ဇွန်လအထိ ကမ္ဘာတစ်ဝန်း အေအာဗွီဆေး သောက်သုံးနေ သူပေါင်း (၁၃ ဒသမ ၆) သန်းထိ ရှိပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်က ငါးသန်းသာ ရှိခဲ့ရာမှ တိုးလာခြင်းဖြစ်ရာ အေအိုင်ဒီအက်စ် ကျန်းမာရေး စောင့်ရှောက်မှု ကွန်ရက်များ ကျယ်ပြန့် အားကောင်းလာခြင်း အကျိုးဆက် ဖြစ်သည်။
ART ဆေးဝေငှသည့်နေရာများ ၀န်ဆောင်မှု အားနည်းချက်ကြောင့် ဆေးထုတ် ယူသူများ အခက်ကြုံ
အမျိုးသား အေအိုင်ဒီအက်စ် ကာကွယ်ရေး စီမံချက်က ဦးဆောင်ပြီး မြန်မာနိုင်ငံ HIV နှင့် နေထိုင်သူများ အသင်းနဲ့ ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) က ကျွမ်းကျင်သူတွေ ပါဝင်သုတေသနပြုလုပ် ရေးသားခဲ့တာ ဖြစ်ပါတယ်။
အိပ်ခ်ျအိုင်ဗီပိုးရှိသူများကို အေအာတီဆေး တိုးချဲ့ပေးရန် စီစဉ်ထား
အမျိုးသား ခုခံအားကျ ကာလသား ရောဂါတိုက်ဖျက်ရေး စီမံကိန်း၏ ၂၀၁၃ ခုနှစ်တွင် လေ့လာချက်များအရ လိင်တူအမျိုးသားချစ်သူများ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်အလုပ်သမား ၇ ဒသမ ၁ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရနိုင်ခြေရှိကြောင်း တွေ့ရသည်။
မွန်ပြည်နယ်တွင် HIV/AIDS ဝေဒနာရှင် ပိုများလာ၍ ART ဆေးတိုးမြှင့် ဖြန့်ဖြူးနိုင်ရေး ညှိနှိုင်း
အစည်းအဝေးသို့ မွန်ပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ မျိုးဝင်း HIV/AIDS ရောဂါ တိုက်ဖျက်ရေး အဖွဲ့ေ ခါင်းဆောင် ဒေါက်တာသန့် ဇင်မင်း၊ ကျိုက်ထို၊ သထုံ၊ မော်လ မြိုင်၊ ရေး၊ ချောင်းဆုံ၊ သံဖြူဇရပ် မြို့နယ်များမှ မြို့နယ် ကျန်းမာရေး ဦးစီးမှူးများ၊ သူနာပြု ဆရာမ ကြီးများ၊ INGO အဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။
အေ့ဒ်တိုက်ဖျက်ရေး အထိမ်းအမှတ် ကန်တော်ကြီးမှာ ဖျော်ဖြေ
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန် ကန်တော်ကြီး Mini Zoo မှာ အဆိုတော်တွေရဲ့ ဖျော်ဖြေပွဲနဲ့ အတူ AIDS ရောဂါနဲ့ ကွယ်လွန်သွားသူတွေကို အောက်မေ့သတိရ ဆုတောင်းခြင်း၊ ဖဲကြိုးနီပုံစံ ဆီမီးထွန်းခြင်းနဲ့ ဆွေးနွေးပွဲ၊ တေးသရုပ်ဖော်အကတွေနဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ တင်ဆက်ခဲ့ပါတယ်။
HIV/AIDS ခံစားနေရသူများ စိတ်ဒဏ်ရာ မရရှိအောင် နေထိုင်ပါက ရောဂါ ကုသမှုအတွက် အထောက်အကူဖြစ်
HIV/AIDS ကူးစက်ခံနေရသူ အများစုဟာ အသက် (၁၄) နှစ်ကနေ (၂၅) နှစ်အတွင်းဖြစ်ပြီး လိင်ဆက်ဆံမှုကနေ အများဆုံး ကူးစက်ခံနေရကာ နေ့စဉ် (၁၉) ဦးနှုန်းခန့် ကူးက်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ခံနေရသူ တစ်သိန်းရှစ်သောင်း ငါးထောင်ဝန်းကျင်မှာ ART ဆေးကုထုံး လိုအပ်မှုရှိသူဟာ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး ART ဆေးကုထုံးကိုတော့ (၅၄) ရာခိုင်နှုန်းသာ ထောက်ပံ့မှု ရရှိနေတယ်လို့ သိရပါတယ်။
မနှင်းဆီ ပါးလိုက်တဲ့ HIV သတင်းစကား
“ဘဝတူတွေကို ကျမပြောချင်တာကတော့ အမျိုးသမီး Sex Worker တွေအနေနဲ့ ဘယ်လို အခြေအနေဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။ ပိုက်ဆံ ဘယ်လောက်ပေးပေး ကွန်ဒုံးမသုံးရင် လက်မခံပါနဲ့။ ချစ်သူရည်းစားဆိုလည်း ကွန်ဒုံးသုံးပါ။ အခမဲ့ ကူညီပေးနေတဲ့ စင်တာတွေကို ဆက်သွယ်ပြီး သွေးစစ်ပါ။ HIV မရှိလည်း ၃ လတကြိမ်စစ်ပါ။ HIV ရှိခဲ့ရင် လည်း စိတ်ဓာတ်ကျစရာမလိုဘဲ ART ဆေးသောက် ပြီး ဘဝကို အကောင်းဆုံးရင်ဆိုင်ပါလို့ သတင်း စကားပါးလိုက်ချင်ပါတယ်” ဟု ဆိုပါသည်။
အမျိုးသား ပြည့်တန်ဆာများနဲ့ သူတို့ဘဝ၊ သူတို့ အခက်အခဲများ
ကိုတိုးတိုး အနေနဲ့ ရန်ကုန်တက်လာပြီး HIV ပိုးအတွက် ဆေးရရှိဖို့ စီစဉ်တဲ့ အချိန်တုန်းကလည်း မိသားစု တွေရဲ့ တုံ့ပြန်မှုက ရောဂါခံစားရလို့ စိတ်အားငယ်ရ တာထက် ပိုဆိုးတယ် လို့ သူ ခံစားခဲ့ရပုံကို ပြောပြတယ်။ ART ဆေးရဖို့ မိသားစုတဦးဦးရဲ့ ထောက်ခံချက်ရှိမှ ရတာကြောင့် အိမ်ကို အကြောင်းကြားတဲ့ အခါမှာ သူ့ကို မိသားစု ကနေ ပစ်ပယ်လိုက်တာထက်၊ သူ့ကြောင့် မိသားစုဝင်တွေ အရှက်ရတယ် ဆိုပြီး ပြောဆိုခံခဲ့ ရတဲ့အတွက် သတ်သေမလို့ အထိ စဉ်းစားခဲ့သေးတယ် လို့ သူက ဆိုပါတယ်။
မြန်မာတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများအား ART ကုထုံးပေးရန် တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ၅၄ ရာခိုင်နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ
အိတ်ခ်ျအိုင်ဗီပိုးကို နည်းလမ်းသုံး မျိုးနှင့် ကူးစက်ခံ ရနိုင်ပါသည်။ မသန့် ရှင်းသော ဆေးထိုးအပ် သုံးပြီး သွေးသွင်းခြင်း၊ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားသူ နှင့် အကာအကွယ်မဲ့ လိင်ဆက် ဆံခြင်း၊ ပိုးရှိသည့် မိခင်မှ တစ်ဆင့် ကလေး မွေးချိန် နှင့် နို့ချို တိုက်ကျွေးခြင်းမှ ကူးစက် ခံရနိုင်သည်။ ဆေးပညာရှင် များ၏ အဆိုအရ ဦးတည် အုပ် စု များဖြစ်သော မူးယစ်ဆေး ထိုးသွင်းသူ၊ အမျိုးသမီး လိင် အလုပ်သမ နှင့် အမျိုးသားချင်း လိင် ဆက်ဆံသူများ ဖြစ်သည်ဟု ဆိုပါသည်။

Follow me on: