4
Jul

HIV ကုသဖို့ နည်းလမ်းသစ်တွေ့

သူတို့ နှစ်ဦး မတိုင်ခင် အရင် လူနာတဦး ကိုတော့ ရိုးတွင်း ခြင်ဆီ အစားထိုး ကုသပြီး နောက် ဒါဟာ AIDS ကူသမှု ဆိုပြီး ဖေါ်ပြ ပြောဆို ခဲ့ဖူးပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီ သူကို အစားထိုး လိုက်တဲ့ ရိုးတွင်း ခြင်ဆီဟာ HIV ပိုးကို ခံနိုင်ရည် ရှိတဲ့ လူကနေ ဒါန ပြုထားတဲ့ ရိုးတွင်း ခြင်ဆီ ဖြစ်လို့ ပါတယ်။

1
Jul

HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား

WHO ရဲ့ လမ်းညွှန်ချက် ထဲမှာတော့ HIV ပိုး ရှိသူတွေ အနေနဲ့ ရောဂါနုတုန်း ဆေးစသောက်တာက ပိုထိရောက်နိုင်ပြီး လာမယ့် ၂၀၂၅ ခုမှာ အေအိုင်ဒီအက်စ် ရောဂါ သည်ပေါင်း သုံးသန်း အသက်ကယ် နိုင်မယ်လို့ ပြောထား ပါတယ်။ ဆေး သုံးမျိုးစပ် တလုံးထဲကို HIV ပိုး ရှိသူတွေကို သူတို့ ခုခံမှု အားကောင်းနေတဲ့ အချိန်မှာ တိုက်ကြွေးမှာ ဖြစ်ပါတယ်။ ဒီအစီ အစဉ်ကို အယ်ဂျီးယား အာဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ စသုံးနေပါတယ်။

21
Jun

Global Fund မှ မြန်မာကို ထပ်မံထောက်ပံ့ဖို့ရှိ

မြန်မာနိုင်ငံမှာ ဆေးဝါး လိုအပ်ချက်ဟာ အများအပြား ရှိနေတဲ့ အကြောင်း၊ အစိုးရရဲ့ စာရင်းဇယား အရ ရောဂါသည် နှစ်သိန်းကျော် ရှိနေတဲ့ အနက် ခြောက်သောင်းကျော် အတွက်ပဲ ဆေးဝါး ပေးနိုင်သေးတဲ့ အကြောင်း AIDS ဝေဒနာ သည်တွေကို ကူညီစောင့်ရှောက် နေတဲ့ NLD အဖွဲ့မှ တာဝန်ခံ ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

20
Mar

HIV ဆေးဝါးသုံးစွဲသူ ၁ဝ ဦးတွင် တစ်ဦး ဆေးသောက်ရန် မလိုတော့

”သူတို့မှာ HIV ဗိုင်းရပ်က ရှိမြဲရှိနေဆဲပဲ။ ဒါပေမယ့် ရောဂါ ထကြွနိုင်တဲ့ ဗိုင်းရပ် မဟုတ်တော့ဘူး” ဟု ရှင်းပြသည်။ Cardiff ဆေးတက္ကသိုလ်မှ Dr Andrew Freedman က ယခုတွေ့ရှိမှုသည် အလွန် စိတ်ဝင် စားစရာ ဖြစ်သည်ဟု မှတ်ချက်ချ၏။

15
Mar

HIV ပိုးရှိသူ စောစောကုက ဆေးဖြတ်လည်း ကျန်းမာ

ပိုးရှိသူတွေနဲ့ စမ်းသပ်ပြီးနောက်မှာ ဒီအဖြေကို ထုတ်ခဲ့တာဖြစ်ပြီး၊ တယောက်ကဆို ခုခံအား ထိန်းထားနိုင် တဲ့ အေအာဗီဆေး သောက်တာကို ရပ်လိုက်တာ ၁၀ နှစ်ကျော် သွားပြီလို့ သိရပါတယ်။ ပိုးရှိနေပြီလို့ သိတာနဲ့ ၁၀ ပတ် အတွင်းမှာ ထိထိရောက်ရောက် ကုခဲ့ရင် ခဏကြာလို့ ဆေးဖြတ်လိုက်လည်း ကျန်းမာစွာ နေနိုင်နေမှာ ဖြစ်ပါတယ်။

5
Mar

HIV ကုနိုင်မယ့် လမ်းစတွေ့

လတ်တလော ပြောနိုင်တာကတော့ ဒီကလေးဆီမှာ ရှိတဲ့ HIV ရောဂါပိုးကို တိုက်ဖျက် လိုက်နိုင်ပြီလို့ AIDS ရောဂါ သုတေသန ဖောင်ဒေးရှင်းက Dr. Rowena Johnston က ပြောပါတယ်။ အခု ကုထုံးဟာ မွေးကင်းစ ကလေးငယ်တွေ အတွက်သာ ဖြစ်ပြီး နည်းနည်းကြီးသွားတဲ့ ကလေးတွေနဲ့ လူကြီးတွေ အတွက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါမဖြစ်အောင်ကြိုတင် ကာကွယ်တဲ့ နည်းကသာ အထိရောက်ဆုံး ကုသမှုအဖြစ် ရှိနေပါသေးတယ်။

25
Feb

အမေ့ခံ ပုံရိပ်နဲ့ HIV ဝေဒနာရှင်

စဖြစ်ချိန် ကာလကတော့ စိတ်ဓာတ်ကျပေမယ့်လည်း ကိုယ့်အတွက် ကိုယ့်မိသားစုတွေ စိတ်မဆင်းရဲ စေချင်ဘူး.. ကိုယ့်အသိုင်း အဝိုင်းကိုလည်း ကိုယ့်အတွက်နဲ့ အရှက်မရစေချင်ဘူး.. ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး နေခဲ့ ပါသေးတယ်.. အားတင်းယူရတဲ့ အကြောင်းကတော့ တစ်ဦးတည်သော သမီးလေးကြောင့်ပေါ့… သမီးလေး တစ်ယောက်ရှိတယ် .. ဒီသမီးလေးအတွက် ဘဝမှာ ရှင်သန်မှ ဖြစ်မယ်…ဆိုတဲ့ စိတ်နဲ့ အားတင်းပြီး ဘဝကို ရုန်းကန်ခဲ့တာပါ…

6
Oct

မြန်မာ HIV ကိုယ်ဝန်ဆောင် မိခင်က ကလေးကို ကူးစက်နှုန်း မြင့်မားနေ

မြန်မာနိုင်ငံမှာ HIV ရောဂါပိုး ရှိတဲ့သူ ၂ သိန်းခွဲ လောက်ရှိနေပြီး အဲဒီ သူတွေထဲမှာ ARV ဆေးဝါး လိုနေတဲ့သူက တ၀က်လောက်ရှိတာမို့လူ ၁ သိန်းကျော်က ဆေးဝါး သုံးစွဲဖို့ လိုပါတယ်။

16
May

HIV ပိုး ကူးစက်နေသူတွေကို ကူညီရေး သဘောတူ

HIV ပိုး ကူးစက်နေသူတွေကို ကူညီစောင့်ရှောက်ရေးအတွက် လုပ်ငန်ရှင် ၇ဝ ကျော်က သဘောတူ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့က UMFCCI ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Follow me on:

Back to Top