ဗိုင်းရပ်စ်တွေကကိုယ်ထဲမှာ ပွါးများနေပေမဲ့ ရောဂါလကဏာတွေ မပေါ်သေးတဲ့ အဆင့်ဖြစ်တယ်။ ခံစားရလဲ နည်းနည်းပဲ။ ART ဆေးသောက်ရင်တော့ အကြာကြီး အသက်ရှင်နေနိုင်ပါတယ်။ ဆေးမသောက်ရင် ၁ဝ နှစ်။ ကံကောင်းရင်လဲ ဒီထက် ကြာကြာနေနိုင်မယ်။ သူများကို ကူးစက်နိုင်တာ သတိထားပါ။ ဆေးမသောက်ရင် viral load ဗိုင်းရပ်စ်တွေ များလာမယ်။ CD4 count ကျလာမယ်။
HIV Story သမီးလို တခြားမိန်းကလေးတွေ မဖြစ်စေချင်ပါ
ဘယ်လိုအချိန်မှာ AIDS ကိုရောက်ရှိပြီး ရောဂါလက္ခဏာပေါ်တတ်ပါလည်းဆရာ။ ဘယ်လို အစား အသောက်တွေကို ရှောင်သင့်ပါလည်းဆရာ။ သမီးမေးချင်တာက ရောဂါမရှိတဲ့ လူသွေးထွက်တာကို သမီးတို့ကထိမိရင် အဲ့လူကို ကူးစက်နိုင်ပါသလားရှင့်။ CD4 တက်အောင် ဘာတွေ စားသုံးပေးရပါ့မလည်းရှင့်။
အိပ်ခ်ျအိုင်ဗီပိုးရှိသူများကို အေအာတီဆေး တိုးချဲ့ပေးရန် စီစဉ်ထား
အမျိုးသား ခုခံအားကျ ကာလသား ရောဂါတိုက်ဖျက်ရေး စီမံကိန်း၏ ၂၀၁၃ ခုနှစ်တွင် လေ့လာချက်များအရ လိင်တူအမျိုးသားချစ်သူများ၏ ၈ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသမီး လိင်အလုပ်သမား ၇ ဒသမ ၁ ရာခိုင်နှုန်းသည် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရနိုင်ခြေရှိကြောင်း တွေ့ရသည်။
မြန်မာ့ HIV
လိက်ကတဆင့် ကူးစက်မှုက အများဆုံးဖြစ်တယ်။ မြန်မာပြည်ရဲ့ တရားဥပဒေအရ လိင်နဲ့ အသက်မွေးမှုဟာ ရာဇဝတ်မှုဖြစ်တယ်။ ရန်ကုန်မြို့ တခုတည်းမှာ လိင်လုပ်ငန်း ဖွင့်ထားတဲ့ နေရာပေါင်း ၁ဝဝဝဝ ကျော် ရှိတယ်။ လုပ်ကိုင်နေသူတွေနဲ့ လာရောက်သူတွေထဲက ၇ဝ-၉ဝ% မှာ လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေကြတယ်။ HIV စမ်းသပ်မှုလုပ်ထားသူ ၂၅% ထက်နည်းတယ်။
HIV, CD4 နှင့် Viral Load အကြောင်း သိကောင်းစရာ
လူတွေ အများကြီးကို HIV ပိုး ရှိ-မရှိ စမ်းသပ်နိုင်လေလေ၊ ဆေးကုသမှုကိုလည်း ခံယူနိုင်လေလေ ကူးစက်ပြန့်ပွားမှုကို ထိုးကျသွားစေအောင် လုပ်နိုင်မှာ သေချာပါတယ်။ အင်္ဂလန်မှာ တနေရာရာမှာ တယောက်ယောက်ကို မိနစ် ၉ဝ တိုင်းမှာ HIV ရှိ-မရှိ စမ်းသပ်ကြည့်နေ ပါတယ်။ မြန်မာပြည်မှာလည်း HIV/AIDS ရောဂါ ကျဆင်း၊ ပပျောက်ပါစေ။
HIV and CD4 စီ-ဒီ-ဖိုး (အမေးအဖြေ)
HIV ရောဂါ ရလာရင် CD4 အရေအတွက် ကျဆင်းတယ်။ ART ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ VL ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) ဟာလဲ CD4 လောက်တော့ မတိကျပါ။
HIV, CD4, Viral load and ART အိတ်ခ်ျအိုင်ဗွီ
HIV ရောဂါ ရလာရင် CD4 အရေအတွက် ကျဆင်းတယ်။ ART ဆေးပေးပြီးနောက် နလံထမှာ တခါ ပြန်တက်လာတယ်။ CD4 နဲ့ VL ဆက်စပ်နေတာ ရှိသလို တခါတလေ အဲလို မဟုတ်တာလဲ တွေ့နေရတယ်။ ၁ဝ% လောက်မှာ VL ကျနေပေမဲ့ CD4 မတက်ဘူး။ ဒါ့ကြောင့် CD4 တုံ့ပြန်မှု မရှိတာနဲ့ ဆေးကုတာ မထိရောက်ဘူးလို့ မပြောနိုင်ပါ။ Viral load (VL) ဟာလဲ CD4 လောက်တော့ မတိကျပါ။
STDs နဲ့ HIV တူသလား၊ CD4 ဘယ်လောက်ဆို စိုးရိမ်ရလဲ (အမေးအဖြေ)
အေအိုင်ဒီအက်စ်ရောဂါက HIV ဆိုတဲ့ virus ပိုးကြောင့် ဖြစ်တာပါ။ ကာသလားရောဂါက ဖြစ်စေတဲ့ ပိုးပေါင်းစုံ ရှိပါတယ်၊ ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုး၊ မှိုပိုး၊ ကပ်ပါးပိုး စသဖြင့် အမျိုးစုံပါတယ်။ အေအိုင်ဒီအက်စ် ရောဂါကို ပျောက်အောင် ကုလို့ မရသေးပါဘူး။ ကာလသားရောဂါတွေ မှာတော့ တစ်ချို့ကို အမြစ်ပြတ်အောင် ကုလို့ရပြီး တစ်ချို့ကတော့ ကုရာနတ္တိပါ။
HIV ကူးစက်ခံရသူများ စကားဝိုင်းကို နယ်လှည့် ပြုလုပ်နေသည့် ဦးစရကိုနှင့် တွေ့ဆုံခြင်း
PLHIV ဆိုတာ သိလိုက်ရင် လူတွေ စိတ်ထဲမှာ ဒီကောင် မဟုတ်တာ လုပ်တဲ့သူ၊ အပျော်အပါး လိုက်စားတယ်၊ မူးယစ်ဆေးသုံးတယ်လို့ ထင်ကြတယ်။ ကူးစက်တာ ဒီနှစ်ခုထဲတင် မဟုတ်ပါဘူး။ သွေးကကူးတာ၊ ကိုယ်ဝန်ဆောင် မိခင်က ကူးတာ၊ ချွန်ထက်တဲ့ အရာကကူးတာ၊ လိင်ဆက်ဆံတာက ကူးတာ၊ အဲဒီလို မစဉ်းစားကြဘူး။ ကျန်တဲ့ နယ်ပယ်တွေမှာလည်း လူမသိ သူမသိ ကူးတာတွေ ရှိတယ်။ အဲဒါတွေကို သိအောင် တစ်မြို့ တစ်ရက်နှုန်း စက်ဘီးစီးပြီး ပြည်သူတွေ ရင်ထဲ စွဲစွဲမြဲမြဲ လက်ခံအောင် လုပ်မယ်လို့ ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်တာ။
တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့်ရှိ
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရသူများ၏ ကိုယ်ခံအားစနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တိုးချဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ဆေးပေးသည့် HIV Test-kits များ ပြတ်လပ်နေခြင်းနှင့် CD4 စက်များ မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
HIV ပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအား စနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုးချဲ့ တပ်ဆင်မည်
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
HIV ပိုးရှိသူများကို WHO လမ်းညွှန်ချက် အတိုင်း ဆေးပေးနိုင်ရန် ၃ နှစ် စောင့်ရဦးမည်
WHO ၏ လမ်းညွှန်ချက်ကို လာမည့် ၃ နှစ်အတွင်း အကောင်အထည် ဖော်နိုင်ရန်အတွက် HIV ပိုး စစ်ဆေးမှု လုပ်ငန်းကို နိုင်ငံအနှံ့ အဆင်ပြေ လွယ်ကူစွာ လူတိုင်းလုပ်နိုင်ရန် အစိုးရက စီစဉ်ပေးသင့်ကြောင်း၊ အရည် အသွေး ပြည့်မီသော ကျန်းမာရေး ၀န်ဆောင်မှုများ ရရှိနိုင်ရန် HIV/ AIDS ဆိုင်ရာ ဥပဒေနှင့် မူဝါဒများ ချမှတ်ပေးရန်လည်း လိုအပ်ကြောင်း ဦးမျိုးသန့်အောင်က အကြံပြု ပြောကြားသည်။

Follow me on: