AIDS, TB နဲ့ ငှက်ဖျား တိုက်ဖျက်ရေး လုပ်နေတဲ့ Global Fund နဲ့ Doctors Without Borders အဖွဲကနေ ၂၁ နိုင်ငံက လူနာပေါင်း ၂၈၆ဝဝဝ ကို ဆေးကုပေးနေတဲ့ အဖွဲ့တွေက ကြိုဆို လိုက်ပါတယ်။ ဒါပေမဲ့ Health GAP အဖွဲ့ကတော့ ငွေလှူ သူတွေနဲ့ ဆေးထုတ်သူတွေကို ဆက်ပြီး ဝေဖန် လိုက်ပါတယ်။ ဒါဟာ အနိမ့်ဆုံးနဲ့ အနည်း ဆုံးကိုသာ လုပ်ပေးရာ ကျတယ်လို့ ဆိုပါတယ်။
CD4 စစ်ချင်တာ (အမေးအဖြေ)
CD4 ဆိုတာ လင်ဖိုဆိုက် (Lymphocytes) လို့ခေါ်တဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပြီး ကိုယ်ခန္ဓာ အတွက် ရောဂါ ပိုးမွှားတွေကို တိုက်ခိုက်ပေး ခုခံအား စနစ်မှာ ပါတဲ့ သွေးဖြူဥ တစ်မျိုးဖြစ်ပါတယ်။ လူတိုင်းမှာ CD4 ရှိပါတယ်။ သာမန်အားဖြင့် သွေးတစ်စက်မှာ CD4 cell အရေအတွက် ၅၀၀ မှ ၁၅၀၀ ကြား ရှိနိုင်ပါတယ်။ CD4 အရေအတွက် နည်းနေတယ်ဆိုတာ ကိုယ်ခံအား ကျတာကို ပြသပါတယ်။
PLHIV များ၏ တာဝန်မှာ ဆေးပုံမှန် သောက်သုံးရေးသာ ဖြစ်ကြောင်း သိရ
“ဆေးသောက်ဖို့ လိုနေပြီဖြစ်တဲ့ PLHIV တစ်ယောက်အနေနဲ့ ဆေးအတွက် တစ်လကျပ် သုံးသောင်း ၀န်းကျင် ရရှိရင် အသက် မဆုံးရှုံး နိုင်ပါဘူး၊ နောက် နေရေး ထိုင်ရေး အတွက် နှစ်သောင်းလောက်ရှိရင် သူတို့ အတွက် နေစရာ အိမ်သေးသေးလေး တစ်လုံးရနိုင်ပြီး သူတို့ ဆေးကုဖို့ အဆင်ပြေနိုင်တယ်” ဟု ဦးသီဟကြိုင်က PLHIV များ၏ လိုအပ်ချက်ကို ပြောပြသည်။
ART ဆေး သောက်သင့်ပြီလား...
ကျနော့် အနေနဲ့ ART ဆေးသောက်ဖို့ကို စိတ်မလောစေချင် ပါဘူး။ ဘာလို့လဲ ဆိုတော့ ဒီဆေးက စသောက်ပြီးရင် တစ်သက်လုံး မပြတ်တမ်းသောက် ရမှာပါ။ ဆေးမှာ ဘေးထွက် ဆိုးကျိုးတွေလည်း များပါတယ်။ အထူးသဖြင့် အသည်း၊ ကျောက်ကပ်နဲ့ အာရုံကြောကို ထိခိုက်ပါတယ်။ အခုလို အလုပ် လုပ်နိုင်တုန်းမှာ ဆေး စသောက်ရင် မလိုအပ်ပဲ အပိုငွေ ကုန်မှာလည်း စိုးရိမ်ပါတယ်။ အပြင်မှာ ဆေးဝယ်သောက် ရင်တော့ ငွေပိုကုန်ပါတယ်။
ကွန်ဒုံးမသုံးဘဲ အပျော်အပါး လိုက်စားမိလျှင်
တစ်ကြိမ်တစ်ခါ အသိတရား ကင်းလွတ် သွားတာနဲ့ သင့်ခန္ဓာ ကိုယ်ထဲကို ရောဂါပိုး ဝင်ရောက် သွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာ အပျော်အပါး လိုက်စားရင် အကာအကွယ် ကွန်ဒုံးကို မသုံးဘူး ဆိုရင်ပေါ့။ “တစ်ခါတည်းပါ” ဆိုတဲ့ အမှားကြောင့် ဖြစ်တတ်တဲ့ ရောဂါပိုးတွေ ကတော့ အများကြီး ရှိပါတယ်။
ရောဂါကျွမ်းမှ ဆေးရတယ်
ဒါနဲ့ သူလည်း ဒီကိစ္စကို သူ့ဇနီးသည်ကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးဘဲ လျှို့ဝှက်ထားလိုက်ပါတယ်။ စစ်တပ်အသိုင်းအ၀န်းမှာ AIDS ရောဂါနဲ့ပတ်သက်ပြီး အကြောက် လွန်တာနဲ့ ရောဂါရှိသူတွေကို ခွဲခြား ဆက်ဆံတာတွေ ရှိတာမို့ ကျန်တဲ့လူတွေသိသွားရင် အလုပ်ပြုတ်နိုင်တဲ့အပြင် တပ်ဝန်းထဲက နေစေရာအိမ်လည်း ဆုံးသွားနိုင်တာကိုး။ တဖက်မှာလည်း HIV ဆေးသောက်တာ တခုထဲကပဲ သူ့ရဲ့လျှို့ဝှက်ချက်ကို ထိန်းထားနိုင်တဲ့ အခွင့်အရေးဖြစ် မှန်း သူနားလည်ပါတယ်။
ဆေးစစ်ခ မတတ်နိုင်၍ ဆေးယဉ်ပါး HIV လူနာများ အခက်တွေ့
မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုးဖြင့် အသက်ရှင်နေထိုင်သူ နှစ်သိန်းတစ်သောင်းကျော်ရှိပြီး ARV ဆေးသောက်သုံးရန် လိုအပ်နေသူ တစ်သိန်းတစ်သောင်းကျော် ရှိသည်။ ၂၀၁၂ ခုနှစ် ဇွန်လအထိ ဆေးဝါး ရရှိသူ ၄၄၀၀၀ ကျော်သာ ရှိပြီး ဆေးဝါး လိုအပ်နေသူဦးရေ၏ သုံးပုံတစ်ပုံသာ ဆေးကုသမှု ပေးနိုင်သေးကြောင်း သိရသည်။
HIV ရောဂါအကြောင်း ဖတ်မိသမျှ
HIV (Human Immunodeficiency Virus) ဟုဆိုရာတွင် HIV-1 နှင့် HIV-2 ဟူ၍ ခွဲခြားနိုင်သည်။ HIV-2 မှာ HIV-1 ကဲ့သို့ ပြင်းထန်ဆိုးရွားခြင်း မရှိဘဲ ရောဂါဖြစ်ပွား မှုနှုန်းမှာ အလွန်နည်းပါး လှပါသည်။ ထို့ကြောင့် HIV ဟုသုံးရာတွင် HIV-1 ကိုသာ ဆိုလိုခြင်းဖြစ်သည်။
HIV ဖြင့် နေထိုင်သူများကွန်ရက် National PLHIV Forum 2012 ၏ သဘောထား ထုတ်ပြန်ချက်
PLHIV များအနေဖြင့်လည်း မိမိတို့၏ လိုအပ်ချက်များကို ပိုမို၍ ဆက်သွယ်ပြောဆိုနိုင်ပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပိုမို၍ အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။
HIV ပိုး ရှိသူများကိုလည်း နိုင်ငံသား အခွင့်အရေး ပေးရန်လို
မြန်မာနိုင်ငံတွင် CD4 ကောင်ရေ (၂ဝဝ) အောက်ရောက်ရှိနေသူ ART ဆေးလိုအပ်ချက် ရှိသည့် လူနာ ပေါင်း (၇၆ဝဝဝ) ဦး၊ CD4 ကောင်ရေ (၃၅ဝ) အောက်ရောက်ရှိနေပြီး ART ဆေးလိုအပ်ချက်ရှိသည့် လူနာပေါင်း (၁၂ဝဝဝဝ) ဦးခန့် ရှိကြောင်း သိရှိရသည်။
HIV Vs TB (အမေး အဖြေ)
တီဘီဆေး မသောက်ခင် စီဒီဖိုးအရေတွက်နဲ့ သောက်နေတုန်းအရေတွက်၊ သောက်ပြီး အရေတွက်တွေကို နှိုင်းယှဉ်ခြင်းအားဖြင့် HIV ပိုးအခြေနေကိုပါ ခန့်မှန်းနိုင်ပါတယ်။
HIV and CD4 စီ-ဒီ-ဖိုး
CD4 ဟာ HIV ပိုးက ဘယ်လောက် ဖျက်ဆီးထားပြီလဲ ဆိုတာကို သိစေနိုင်ပြီး၊ Viral load ကတော့ သွေးထဲမှာ HIV ပိုး ဘယ်လောက် များများ ရှိနေသလဲကို သိစေတယ်။ Viral load များနေတာ မကောင်းဘူး။ 100,000 ကျော်ဆိုရင် ဆေးကုပါလို့ ဆိုတယ်။

Follow me on: