သြစတြေးလျနိုင်ငံတွင် သွားဆေးခန်းပြခဲ့သည့် လူနာပေါင်း ၁၁,၀၀၀ အထိသည် HIV ပိုး ကူးစက်ခံရနိုင်ဖွယ် ရှိခဲ့သောကြောင့် ၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ပေးရန် ဇူလိုင် ၂ ရက်တွင် ဆရာဝန်များကို တောင်းဆိုခဲ့သည်။ ဆစ်ဒနီရှိ ဆေးခန်းများတွင် သန့်ရှင်းရေး စည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် HIV နှင့် အသည်းရောင်ရောဂါပိုးများ ကူးစက်ခံရနိုင်သည်ဟု စိုးရိမ်နေကြသည်။
ချစ်သူများနေ့ မတိုင်မီ ဈေးကွက်အတွင်း လိင်စိတ်ကြွဆေးဝါးများ အရောင်းအ၀ယ် များနေပြီး ရောင်းချသည့် ဆိုင်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့ကဆို
အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက “လိင်စိတ်ကြွဆေးတွေကတော့ ၀ယ်ဖို့မခက်ပါဘူး။ တချို့ဆိုင်တွေကတော့ သာမန်လိင်ပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ ရောင်းပေမယ့် တချို့ ဆိုင်တွေကတော့ တရားမ၀င် လိင်စိတ်ကြွဆေးတွေ ရောင်းနေတာပဲ” ဟု ပြောကြားသည်။
ရန်ကုန်မြို့အတွင်း အမျိုးသား အနှိပ်ခန်းများနှင့် အမျိုးသား ပြည့်တန်ဆာ လုပ်ငန်းများ ကျယ်ပြန့်စွာ လုပ်ကိုင်နေသော်လည်း ဖမ်းဆီးအရေးယူခြင်း မရှိသေး
“ဒီလိုလုပ်နေတဲ့ လူတန်းစားထဲက အရင်ကထက် ပိုပြီးများလာတယ်လို့ ပြောလို့ရတယ်။ ဒီလိုကိစ္စတွေက HIV ရောဂါပိုး ကူးစက်မှု အများဆုံးဖြစ်နိုင်တဲ့ အကြောင်းအရာတစ်ခု အနေနဲ့ ပါဝင်ပါတယ်” ဟု မျိုးဆက်ပွား ကျန်းမာရေးနှင့် ပတ်သက်သည့် ကျန်းမာရေးပညာပေး လုပ်ငန်းများ လုပ်ကိုင်နေသည့် MSI မှ ဒေါက်တာစစ်နိုင်က ပြောကြားသည်။
အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှုမှာ စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေ
မြန်မာနိုင်ငံရှိ အသက် ၂၅ နှစ်အောက် ဆယ်ကျော်သက် လူငယ်များအကြား အိပ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက် ရှိပြီး စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း WHO၊ UNAIDS နှင့် UNICEF တို့ ပူးပေါင်း စစ်တမ်း ကောက်ယူထားပြီး သတင်း ထုတ်ပြန်ချက် တစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။
HIV ဝေဒနာ ရှင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းရန် NLD မှ တောင်းဆို
လုပ်ငန်းခွင်မှ ၀န်ထမ်းများကို အိပ်ခ်ျအိုင်ဗွီပိုး တွေ့ရှိရုံဖြင့် အလုပ်မှ ထုတ်ပယ်ခြင်း အပါအ၀င် ဝေဒနာရှင် များအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို ရပ်ဆိုင်းရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် HIV/AIDS Section မှ ဒီဇင်ဘာ ၁ ရက်က NLD ရုံးချုပ်၌ ကျင်းပခဲ့သည့် World AIDS Day ၂၀၁၃ အထိမ်းအမှတ် အခမ်းအနားတွင် ကြေညာချက်တစ်ခု ထုတ်ပြန်ကာ တောင်းဆိုခဲ့သည်။
တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် ၂၀ ခန့်ရှိ
အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံထားရသူများ၏ ကိုယ်ခံအားစနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တိုးချဲ့တပ်ဆင် ပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ စစ်ဆေးပေးသည့် HIV Test-kits များ ပြတ်လပ်နေခြင်းနှင့် CD4 စက်များ မရှိခြင်းတို့ကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။
HIV ပိုး ကူးစက်ခံထားရသူများ၏ ကိုယ်ခံအား စနစ်ကို စစ်ဆေးပေးသည့် CD4 တိုင်းတာရေး စက်များကို လိုအပ်ချက်နှင့်အညီ တိုးချဲ့ တပ်ဆင်မည်
အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို အေအာတီ ဆေးဝါးဖြင့် ကုသပေးနေသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံ အထူးကုဆေးရုံ အေအာတီစင်တာကို ၂၀၀၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ပထမလေးလအထိ ရရှိထားသည့် စာရင်းများအရ ကလေးလူနာ ၄၁၁ ဦး အပါအ၀င် ဝေဒနာရှင် စုစုပေါင်း ၃၈၄၁ ဦးအား အေအာတီ ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
၂၀၁၆ ခုနှစ်တွင် ART ဆေးဝါး လိုအပ်ချက်၏ ၈၅ ရာခိုင်နှုန်းအထိ ပေးရန်လျာထား
ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART sites များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည် ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ် သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့ရန် လျာထားကြောင်း သိရသည်။
HIV/AIDS ဝေဒနာရှင်များအတွက် အေအာတီ စင်တာအသစ်များ တိုးချဲ့မည်
လာမည့် ၂၀၁၅ ခုနှစ် အကုန်တွင် အစိုးရဆေးရုံကြီး ၆၅ ခုနှင့် ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့ ဆေးခန်း ခုနစ်ခုအထိ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားကြောင်းနှင့် ယင်းအေအာတီ စင်တာများတွင် ခြောက်လမှ တစ်နှစ်အထိ အေအာတီဆေးဝါးဖြင့် ကုသမှု ခံယူပြီးသော လူနာများအား မြို့နယ်အဆင့် Decentralized ART များသို့ လွှဲပြောင်းပေးပြီး ဆက်လက်ကုသမှု ခံယူစေမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း Decentralized ART sites ၃၀ အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် ၁၀၁ ခုအထိ တိုးချဲ့သွားရန် လျာထားကြောင်းလည်း သိရသည်။
၂၀၁၃ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ HIV ရောဂါဖြင့် လူပေါင်း ၁၅၀၀၀ အသက် ဆုံးရှုံး၍ ၇၀၀၀ ကျော် ရောဂါ ကူးစက်ခံရ
”၂၀၁၃ ခုနှစ် အတွင်းမှာ အရွယ်ရောက်ပြီး ၁၅ နှစ်အထက် HIV ရောဂါ ကူးစက်ခံနေ ရပါတယ်။ ဒါက ကျွန်ပျူတာနဲ့ တွက်ချက်ပေးထားတာပါ။ ကမ္ဘာပေါ်က နိုင်ငံအသီးသီးမှာ တွက်တဲ့ ပုံစံအတိုင်း တွက်တဲ့အခါ ဒီလောက်တော့ ဖြစ်နိုင် တယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ဆီမှာ ရာခိုင်နှုန်းအားဖြင့် ၁ ဒသမ ၃ အထိ ရှိခဲ့ဖူးပါတယ်။ ဒီနှစ်တော့ ထပ်ထပ်ပြီး ကျကျလာတာ ၁၈၉၀၀ ဦးလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မဲဆောက်မြို့ရှိ HIV ဝေဒနာရှင်များအား စောင့်ရှောက်သည့် SAW သို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သွားရောက်လေ့လာ
SAW အဖွဲ့၏ တာဝန်ခံ တစ်ဦးဖြစ်သူ ကိုမျိုးလွင်က “ဒီနေ့ ဒေါ်အေးအေးမာနဲ့ ဒေါ်ဖြူဖြူသင်း၊ ဒေါ်ဇင်မာအောင်တို့ တွေ့ ကြတယ်။ ကျွန်တော်တို့က SAW ရဲ့ Activities တွေကို သူတို့ကို ရှင်းပြတယ်။ အဓိကကတော့ ကျွန်တော်တို့ ဆီမှာ HIV ဝေဒနာ ရှင်တွေကို ဘယ်လိုစောင့်ရှောက်လဲ။ ဆေးဝါးကို ဘယ်လိုရအောင် လုပ်လဲဆိုတာကို သူတို့ကို ပြောပြ တယ်။ သူတို့ကလည်း သူတို့ အတွေ့အကြုံကို ပြောပြတယ်။
လူနာသုံးရာဆံ့ HIV/AIDS Prevention & Care Centre တည်ဆောက်မည်
HIV/AIDS Prevention & Care Centre သည် ၂၀၀၄ ခုနှစ်မှ စတင်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အပါအ၀င် လူငယ်ကိုးဦးမှ စတင်ဖွဲ့စည်းကာ HIV/AIDS ရောဂါပိုးရှိသူ မည်သူမဆို ကျန်းမာရေးဆိုင်ရာ ပြုစုစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

Follow me on: