သူမမွေးပြီးပြီးချင်းမှာ AZT, 3TC နဲ့  nervirapine “နက်ဗရာပိုင်း ” ဆေးတွေကို ဆရာဝန်တွေက တိုက်ကြွေးခဲ့တာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဒီဆေးတွေဟာ လူကြီးတွေကိုသာ တိုက်ကြွေးတာ ဖြစ်ပေမယ့် HIV ရောဂါပိုး ကင်းစင်သွားတဲ့ ဒီကလေးငယ်ဟာ ဒီလို ဆေးတွေကို ဆက်သောက်ရဦးမှာ ဖြစ်ပါတယ်။ မွေးကတည်းက HIV ရောဂါပိုးပါလာတဲ့ ကလေးငယ် နောက်ထပ် (၅၀) ဦးကိုလည်း သူတို့ မွေးဖွားပြီးပြီးချင်း (၄၈) နာရီအတွင်း အခု ကလေးငယ်လိုပဲ ဆေးဝါးတွေ စမ်းသပ်တိုက်ကျွေးပြီး ကုသဖို့ စီစဉ်နေတယ်လို့ ဒီဆရာဝန်အဖွဲ့က ပြောကြားခဲ့ပါတယ်။
HIV ရောဂါ ကူးစက်ခံရသူများမှ လူဦးရေ (၄) သောင်းခန့်သာ ရရှိနေသည့် HIV ပိုးထိန်းဆေး ART
ပြည်တွင်းရှိ HIV ရောဂါပိုး ကူးစက်ခံရသူများထဲမှ လူဦးရေ (၄) သောင်းခန့်သာ HIV ပိုးထိန်းဆေး ART ဆေးကို ရရှိနေသေးတယ်လို့ အမျိုးသား ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးစီမံချက်ရဲ့ စစ်တမ်းများအရ သိရပါတယ်။ လက်ရှိ ပြည်တွင်းရဲ့ ခန့်မှန်းခြေ လူဦးရေ (နှစ်သိန်းလေးသောင်း) ခန့်ဟာ HIV ပိုး ကူးစက်မှု ခံစားနေရတာဖြစ်ပြီး မူးယစ်ဆေးထိုးသူများနဲ့ လိင်တူဆက်ဆံသူများမှာ ရောဂါပိုး ကူးဆက်မှု ပိုမိုများပြားနေတာ ဖြစ်ပါတယ်။
၉ ကြိမ်မြောက် AIDS ဗဟုသုတပွဲတော် ပြုလုပ်ခဲ့
၉ ကြိမ်မြောက် AIDS ဗဟုသုတ ပွဲတော်ကို ဒီဇင်ဘာလ ၈ ရက်နေ့က မျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီ ဗဟုသုတ ပွဲတော်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ကျရောက်ခဲ့တဲ့ World AIDS Day အထိမ်းအမှတ် အဖြစ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ယခုပြုလုပ်တဲ့ ပွဲကိုတော့ မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ လူငယ် ဖွံ့ဖြိုးမှု အစီအစဉ်မှ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့၊ Twin Center, Maxmate နဲ့ Calsome က ပူးပေါင်းပြီး ပြခန်းများ၊ ဟောပြောပွဲများနဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနား များကို ပါဝင်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
သားအိမ်ခေါင်းကင်ဆာ တားဆီး ကာကွယ်နိုင်သည့် HPV ကာကွယ်ဆေး
သားအိမ်ခေါင်းကင်ဆာ ၈၅ ရာခိုင်နှုန်း ဖြစ်ပွားလျက် ရှိသည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သုံးကြိမ်ထိုးရမည့် HPV ကာကွယ်ဆေး၏ ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်းကြောင့် အလွန် အရေးပါသော တွေ့ရှိမှု တစ်ခုဖြစ်နိုင်ကြောင်း မေရီလန်း တက္ကသိုလ်၊ ကင်ဆာနှင့် မျိုးဗီဇဌာနမှ သုတေသီ ဖြစ်သူ Mahboobeh Safaeian မှ ပြောကြားထားသည်။
မြန်မာနိုင်ငံ အတွက် ရောဂါကြီး သုံးမျိုး တိုက်ဖျက်ရေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၉.၅ သန်းခန့် ရရှိနိုင်
အိတ်ခ်ျအိုင်ဗီ၊ တီဘီနဲ့ ငှက်ဖျား ရောဂါများကို တိုက်ဖျက်ဖို့ ကမ္ဘာလုံး ဆိုင်ရာ ရန်ပုံငွေ အဖွဲ့ကြီး Global Fun မှတဆင့် ရရှိနိုင်တဲ့ ခန့်မှန်းငွေ ပမာဏဟာ ၂၀၁၅ ခုနှစ် နောက်ဆုံး ထားပြီး ပြည်တွင်းမှ ရောဂါ အဓိက ခံစားရတဲ့ ဝေဒနာ ရှင်ပြည်သူများရဲ့ ၈၅ ရာခိုင်နှုန်းခန့် ထံသာ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး အထောက်အပံ့များ ရောက်ရှိနိုင် မှာ ဖြစ်ပြီး ထောက်ပံ့ငွေ ကွာဟချက်ဟာ ရှိနေ ဦးမှာ ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
ဂျပန်နိုင်ငံတွင် HIV ကာကွယ်ဆေးများ စမ်းသပ် ကုသမှုများ စတင်ပြုလုပ်နေ
HIV ရောဂါပိုးဟာ ခန္ခာကိုယ် အတွင်းရှိ အချွဲမြှေးတွေမှ တစ်ဆင့် ကူးစက် ပျံ့ပွားတတ်တဲ့ ရောဂါ အမျိုးအစား ဖြစ် တာကြောင့် အခုလို အမှုန့်ပုံစံမျိုး ဖန်တီး ပြုလုပ် ရတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့ အခြေစိုက် အဖွဲ့တွေဟာ အဆိုပါဆေးတွေကို Rwanda နိုင်ငံမှာ စတင် စမ်းသပ် ကုသမှုတွေ ပြုလုပ်ပြီး နောက်ပိုင်း မှာတော့ ဗြိတိန်နိုင်ငံမှာ ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
HIV/ AIDS ရောဂါ ဝေဒနာရှင်များ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား ဘာသာရေးနှင့် နှီးနွယ်ကုသနိုင်
ကမ္ဘောဒီးယား နိုင်ငံတွင် HIV/AIDS ရောဂါ ဝေဒနာ ခံစားနေရသူများအား လူအများက ယနေ့ခေတ်တိုင် ၀ိုင်းပယ်ထားကြပြီး အပြစ်သားများ သဖွယ် ဆက်ဆံမှုများ ရှိနေဆဲ ဖြစ်သည်။ ၄င်းတို့အား အများစုက လူ့အသိုင်းအ၀ိုင်းမှ ဖယ်ထားကြပြီး လူမှုရေးကိစ္စ အတော်များများတွင် ဆက်သွယ်မှု လုံးဝဖြတ်တောက် ထားကြသည်။
Charlize Theron မှ AIDS ရောဂါ တိုက်ဖျက်သည့် လုပ်ငန်းစဉ်များတွင် ပိုမို ပါဝင် လှုပ်ရှားကြရန် တိုက်တွန်းပြောကြား
ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်သည့် AIDS ရောဂါ တိုက်ဖျက်ရေး အတွက် မဟာ ဗျုဟာများကို ဆွေးနွေးကြမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံများမှ စီးပွားရေး ပညာရှင်၊ နိုင်ငံရေး ခေါင်းဆောင် များနှင့် စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂၅၀၀ ကျော် တက်ရောက် ဆွေးနွေးလျက် ရှိသည်။
ကိုယ်ဝန်ဆောင်စဉ် အတွင်း ARV ဆေးသောက်သုံး ထားပါက မိခင်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားရန် အခွင့်အလမ်း နည်းပါး
ငှက်ဖျားရောဂါပိုး ဖြစ်ပွားနိုင်တဲ့ ဒေသများရှိ HIV ပိုးရှိ ကိုယ်ဝန်ဆောင် မိခင်များမှာ ငှက်ဖျား ပြဿနာကို ရှာဖွေ ဖော် ထုတ် နိုင်ဖို့ အတွက် ၂၀၁၁-၂၀၁၂ နှစ် အတွင်းက သထုံ ခရိုင်တွင်းမှာ သုတေသန ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သုတေသနမှာ စုစုပေါင်း HIV ပိုးတွေ့ လူနာ ၄၇ ဦး ပါဝင်ခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ရဲ့ ကိုယ်ဝန်ဆောင် ငှက်ဖျားရောဂါ တိုင်းတာရေး နည်းစနစ်ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
AIDS ကင်းစင်သော မျိုးဆက်များ ဖြစ်လာရန် အမေရိကန် အစိုးရမှ အသေးစိတ်စီမံချက် ထုတ်ပြန်
HIV-positive မွေးမိခင်များကိုလည်း ပထမ အဆင့် ကတည်းက three-drug antiretroviral therapy ဖြင့် ကုသသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လုံးဝ zero အဆင့် မဟုတ်နိုင်သေးသော်လည်း တစ်ဖြေးဖြေးချင်း လျော့ကျသွားနိုင်မည် ဖြစ်ကာ၂၀၁၅ ခုနှစ်တွင် မွေးလာသော ကလေးများအနက် AIDS ဝေဒနာရှင် ကလေးများ ၄၀,၀၀၀ အောက် လျော့ချနိုင်ရေး ရည်မှန်းချက်ကို ရောက်ရှိနိုင် မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခုခံအား ကျဆင်းမှု ကူးစက်ရောဂါနှင့် ပတ်သက်ပြီး အသိပညာရှိမှု နည်းပါးနေသေး
ခုခံအားကျဆင်းမှု ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ အသိပညာရှိမှုတွေ နည်းပါး နေသေးတယ်လို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနနဲ့ ယူနီဆပ်တို့ ပူးပေါင်း ပြုလုပ် တဲ့ မြန်မာနိုင်ငံ ကလေးသူငယ်များ အခြေအနေ သုံးသပ် အစီရင်ခံစာ အကျဉ်းချုပ်အရ သိရပါတယ်။ ဒီလို အသိပညာ နည်းပါးတဲ့ အတွက် ပြည်တွင်းရှိ အသက် ၁၅ နှစ် အောက်တွေမှာ အဆိုပါ ရောဂါ ကူးစက်မှု နှုန်းတွေ များပြားနေသေးတာ ဖြစ်ပါတယ်။
အီရန်တွင် နိုင်ငံတကာ HIV/AIDS ညီလာခံ ပထမဆုံး အကြိမ် ကျင်းပခဲ့
ပထမအကြိမ် နိုင်ငံတကာနဲ့ ငါးကြိမ်မြောက် အီရန်အမျိုးသား HIV/AIDS ညီလာခံကို အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ အောက်တိုဘာလ ၂၂ရက်နေ့မှ ၂၅ရက်နေ့အထိ ပြုလုပ် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ HIV/AIDS ညီလာခံသို့ UNAIDS ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ အီရန် HIV/AIDS သုတေသန စင်တာမှ ကိုယ်စားလှယ်တွေ တက်ရောက် ခဲ့ကြပါတယ်။

Follow me on: