ဒီရောဂါစပြီးတော့ လူအပြောများတဲ့ ကာလတွေမှာ အရှိန်အဟုန်နဲ့ဝိုင်းဝန်းနိုင် ကြတုန်းက အစ်ကိုတို့ အနုပညာရှင်တွေ လည်း ပညာပေးဇာတ်လမ်းတွေ ရိုက်ကြ တယ်။ ခုထိလည်း ပညာပေးတဲ့ ဇာတ်ဝင် ခန်း ပြကွက်တွေ ထည့်သွင်း ရိုက်ကူးနေ တုန်းပါပဲ။ အရင်တုန်းကလို အရှိန်အဟုန်နဲ့ လှုပ်ရှားမှုကတော့ နည်းသွားတာပေါ့။ ဒါ ပေမဲ့ ကမ္ဘာ့ AIDS နေ့ကတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ဆောင်ရွက်မှုတွေတော့ ရှိပါတယ်။
HIV/AIDS ဝေဒနာရှင်များ အား ပံ့ပိုးကူညီ နိုင်ရေး အတွက် မွန်ဒေသ MINA ဖွဲ့စည်း
မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (HIV/AIDS) Myanmar Interfaith Network on AIDS (MINA) အဖွဲ့မှ မွန်ဒေသ MINA အဖွဲ့ဖွဲ့စည်းရေး အခမ်းအနားကို အောက်တိုဘာ ၂၅ ရက် နံနက်တွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် ကြက်ခြေနီ ကြီးကြပ်ရေးကော် မတီ ရုံးခန်း၌ ကျင်းပကြောင်း သိရသည်။
အမျိုးသား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် (ရန်ကုန်တိုင်းဒေသကြီး) အထူးကု ဆရာဝန်ကြီး ဒေါက်တာမျိုးသန့် နှင့် တွေ့ဆုံခြင်း
ကုသမှုအနေ နဲ့ကတော့ မိခင်ကနေ ကလေးကို HIV ပိုး ကူးစက်မှု ကာကွယ်တဲ့ စီမံချက် ဆိုတာ ရှိတယ်။ ကိုယ်ဝန်ဆောင် မိခင်တိုင်းကို နှစ်သိမ့် ဆွေးနွေး ပညာပေး တယ်။ HIV ပိုးစစ် ဆေးတယ်။ ပိုးရှိရင် ကိုယ်ဝန် ၁၄ ပတ် ကစပြီး ART ဆေးကျွေးတယ်။ ကိုယ် ဝန်ဆောင် မိခင်က တစ်သက်လုံး သောက် ဖို့ လိုတယ် ဆိုရင်လည်း သူ့ လိုအပ်ချက် အရ ဆက်ပေးတယ်ပေါ့။ မွေးလာတဲ့ ကလေးမှာ ရောဂါပိုး ကူးစက်နှုန်း မရှိ တော့ဘူးပေါ့။ ရည်ရွယ်ချက် ကတော့ မွေးလာတဲ့ ကလေးတိုင်းကို HIV ပိုး ကင်းအောင် လုပ်ဖို့အတွက် ကာကွယ် ရေးကို လုပ်တာပေါ့။
Sexy ပါတီ မြန်မာပြည်
ဒီရန်ပုံငွေပွဲက AIDS ဝေဒနာရှင်တွေ အတွက် ရည်ရွယ်တာကတော့ အလွန်ကောင်းတဲ့ အချက်ပါ။ ဒီလို ရန်ပုံငွေတွေ ရှာပြီး လိုအပ်တဲ့သူတွေကို ကူညီတာဟာ ဘယ်သူ မဆို ကြိုက်တယ်။ သို့သော် ဒီလိုအပြုအမူမျိုး ဒီလိုမျိုးဝတ်စားပြီး ယောက်ျားတကာ တွေရှေ့မှာ သရုပ်ပြရန်ပုံငွေ နာမည်တပ်ပြီး လုပ်တာကတော့ ရှာတဲ့ လူအတွက်ရော၊ ငွေထည့်လှူတဲ့လူအတွက်ရော၊ ငွေလက်ခံတဲ့ လူအတွက်ရော ဘယ်သူ့အတွက်မှ မကောင်းဘူး။ နောက်ဆုံး မြန်မာပြည်သူတွေ အတွက် မကောင်းဘူး။
ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများတွင် ART Center များ၏ အခန်းကဏ္ဍ
မြန်မာနိုင်ငံအတွက် HIV ရောဂါကာကွယ်ရေးနှင့် တိုက် ဖျက်ရေးလုပ်ငန်းများအတွက် လိုအပ်သော ရန်ပုံငွေကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ (Global Fund ) က အဓိကပံ့ပိုးပေးလျက်ရှိပါသည်။ ၂ဝ၁၃-၁ဝ၁၆ ခုနှစ်တွင် Global Fund New Funding Model ဖြင့် HIV / AIDS ရောဂါတားဆီး ကာကွယ်ရေး နှင့် တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၁၆ဝ ခန့် ထိ တိုးမြှင့်ထောက်ပံ့ပေးရန် Global Fund မှ သဘောတူ ခွင့်ပြုပြီးဖြစ် သည်။
HIV/AIDS ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ကွန်ရက်ချိတ်ဆက်ပြီး ထိရောက် စွာ ဆောင်ရွက်မည်ဟုဆို
အဖွဲ့ အစည်းများ ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြင့် HIV/AIDS ကာကွယ်ရေး ပြုစုစောင့်ရှောက်ရေးနှင့် ထောက် ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ထိရောက် လျင်မြန်မည်ဟု ယုံကြည်သဖြင့် လူထု အခြေပြု အဖွဲ့အစည်း၊ ဘာသာရေး အခြေပြု အဖွဲ့အစည်း များဖြင့် ပူးပေါင်းပြီး ကွန်ရက် ဖွဲ့စည်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အမှုဆောင် တစ်ဦးက ပြောသည်။
အတင့်ရဲ ပြည့်တန်ဆာ လုပ်ငန်း ကြီးလေးသော ပြစ်ဒဏ်ချ၍ နှိပ်ကွပ် ရန် ညွှန်ကြားထားဟုဆို
အစိုးရသစ် လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူခဲ့သော အမှု ၄၈၁၆ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။ ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ၎င်း၏ ပြောပြချက်အရ သိရသည်။
သမီးရည်းစား အဆင့်ကနေ ကျော်ဖို့နှစ်ယောက် စလုံး အသင့်ဖြစ်ပြီလား (နောက်ဆက်တွဲ)
လူငယ်တွေမှာ HIV ကာကွယ်ဖို့ အတွက် အသိပညာလို့ ပြောတော့ တကယ်တမ်းပြောရင် ဟိုအရင်ကထက် စာရင်အသိပညာက ဒီလောက်ကြီး မနိမ့်တော့ဘူး။ အဲဒီတော့ အသိပညာ ဗဟုသုတ Level ကို စစ်ကြည့် လိုက်လို့ ရှိရင် သာမန်လောက်ကို သိတယ်ဆိုတဲ့ အနေအထားက ၈ဝ ရာခိုင်နှုန်းကျော် ရှိတယ်။ ဒီထဲမှာ ထဲထဲဝင်ဝင် ဂဃနဏ သိတယ်ဆိုတာ ၄ဝ၊ ၅ဝ ရာခိုင်နှုန်း ကြားမှာရှိတယ်။ HIV လို့ပြောရင်သာမန်သိလို့ မရဘူး။ ထဲထဲဝင်ဝင် ဂဃနဏသိမှ ရမယ်။
သမီးရည်းစား အဆင့်ကနေ ကျော်ဖို့နှစ်ယောက် စလုံး အသင့်ဖြစ်ပြီလား
ဘယ်လောက် အတိုင်းအတာအထိ သူကာကွယ်ထားလဲ ပေါ်မူတည်ပြီး သူသည် HIV ကင်းမကင်း မသေချာတော့ဘူး။ ဒါ့အပြင် တခြား ဒီမိန်းကလေး အပြင် တခြားအပြင်မှာ အပျော်အပါးလိုက်စား၊ မစားဆိုတာလည်း မသေချာဘူး။ ဒီလိုမျိုး ယောက်ျားလေးမှာ HIV ပိုးကူးနိုင်တဲ့ အန္တရာယ်ရှိ နိုင်တယ်။ HIV ရှိနေတယ် ဆိုတာကို မိန်းကလေးက မသိရင် မိန်းကလေးက HIV ကူးသွားနိုင်တယ်။
သတိ ကိုယ်ပျောက် လူသတ်သမား ဣတ္ထိယတို့ အနားတွင် ရှိသည်
”အဲ့လိုရောဂါ ရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။ ကိုယ့်အနေအထိုင် ကြောင့်လည်း ဒီလိုရောဂါဖြစ်စရာ အကြောင်း မရှိဘူးလို့ပဲ ထင်တာပေါ့” ဟု သူမက ပြောသည်။ အမျိုးသားဖြစ်သူမှာ အလွန်ရှုပ် ပွေသည့်အတွက် မသန်းဌေး တစ်ယောက် သည်းမခံနိုင်ဖြစ်ကာ လွန်ခဲ့သည့် ငါးလခန့်က တရားဝင် ကွာရှင်း ပစ်နိုင်ခဲ့သော်လည်း ထိုအမျိုးသားထံမှ ကူးစက်ခံခဲ့ရသည့် ရောဂါကိုတော့ လက်မခံချင်၍ မရတော့။
ဘဝနှင့် လူ့အဖြစ်၏ ရွာပြင်ရောက်နေရဆဲ မိအေးနှစ်ခါနာ HIV သားကောင်များ
HIV/AIDS နှင့်ပတ်သက်၍ အသိပညာဖြန့်ဝေမှုများ ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လျက်ရှိသည် ဆိုသော်လည်း ထိုရောဂါသည်များအ ပေါ် ခွဲခြားဆက်ဆံမှု မှာလျော့ကျ သွား ခြင်းမရှိ။ HIV ပိုးရှိသူများကို ပစ်ပယ် ခြင်း၊ အလုပ် ထုတ် ပယ်ခြင်းများ နေရာ အနှံ့ရှိနေဆဲ ပင်ဖြစ်၍ HIV/AIDS ကူးဆက်ခံ ရောဂါဝေဒ နာရှင် အများစုမှာ အလုပ် လက်မဲ့ဖြင့် ဘဝရပ်တည်ရေးမှာ ခက်ခဲနေဆဲမြဲဖြစ်သည်။
AIDS ဖြစ်ပွားမှု သုည အဆင့်ထိ ရောက်ရှိရေး သုတေသန မော်လမြိုင်ကို ရွေးချယ်
AIDS ရောဂါ ဖြစ်ပွားမှု လျော့နည်း ပပျောက် သုည အဆင့်ထိ ရောက်ရှိရေး သုတေသနပြုလုပ် ခြင်းကို အာဆီယံ နိုင်ငံများရှိ မြို့များတွင် ပြုလုပ်ရန် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက် အရ အာဆီယံ ၈ နိုင်ငံတွင်းရှိ မြို့ ၁၃ မြို့တွင် သုတေသန ပြုလုပ်ရန် သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။

Follow me on: